Marry အေၾကာင္းအရာ


Marry.com.mm ဆိုတာ မြန်မာနိုင်ငံရှိ အမျိုးသမီးလေးတွေအတွက် ဗဟုသုတ၊ ရသတွေအပြင် ခေတ်ရေစီးကြောင်းအလိုက်ပြောင်းလဲ နေတဲ့ ဖက်ရှင်အကြောင်းအရာတွေ၊ လူနေမှုစတိုင်လ် တွေအပြင် မြန်မာမှာရော ကမ္ဘာမှာပါ ခေတ်စားနေတဲ့အကြောင်းအရာတွေကိုပါ တစုတစည်းတည်းရေးသားဖော်ပြပေးလျက်ရှိနေတဲ့ မီဒီယာဖြစ်ပါတယ်။

ယခင်က သိန်းနဲ့ချီတဲ့ အမျိုးသမီးပရိတ်သတ်များစွာ ဖတ်ရှုလျက်ရှိသော Bridal website ဖြစ်ပြီး ယခုအခါမှာတော့ ဖတ်ရှုသူများစွာရဲ့  စိတ်ဝင်စားမှုများကြောင့် အခြားခန်းကတွေပါ ထပ်မံဖြည့်စွက်ပြီး ပြန်လည်မိတ်ဆက်လိုက်ပါတယ်။

ယခင်က မြန်မာနိုင်ငံက သတို့သမီးလေးများအတွက် မင်္ဂလာဆောင်နှင့်ပတ်သက်တဲ့ အကြောင်းအရာတွေကိုသာ ရေးသားဖော်ပြခဲ့ပြီး ယခုအခါမှာတော့ မြန်မာမိန်းကလေးများအတွက် အလှအပရေးရာနှင့် ဖက်ရှင်များ၊ အနုပညာရှင်များရဲ့ အနုပညာလှုပ်ရှားမှုသတင်းများ၊ ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားများရဲ့ရီဗျူးများ၊ ပြည်တွင်းပြည်ပ အဆိုတော်များရဲ့ သီချင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ ကျန်းမာရေးနှင့်ပတ်သက်တဲ့အကြောင်းအရာများ၊ မိန်းကလေးများရဲ့ လူနေမှုစတိုင်လ်များ၊ ချစ်မှုရေးရာအဖြာဖြာ၊ ချက်ပြုတ်နည်းများ၊ ဗေဒင်များ၊ သတင်းများ စတဲ့ ဗဟုသုတ၊ ရသတွေကို ရေးသားဖော်ပြပေးသွားမယ့် Marry.com.mm  ဖြစ်ပါတယ်။