❤️Every Love Story is beautiful❤️

by: April Htunn
 0 comments  0 love

သူနဲ့စ စကားပြောဖူးတာတော့ fb messenger မှာပါပဲ သူစကားလာပြောတယ် သူဒီတစ်ခေါက်စင်္ကာပူကပြန်လာရင်လာတွေ့မယ်တဲ့ လက်ဆောင်တွေပိုက်ပီးပြန်လာတဲ့သူ့ကိုပထမဆုံးတွေ့ဖူးတာ ဝိတိုရိယဆေးရုံရှေ့က Taste ဆိုင်မှာပါ သူစောင့်နေတယ်  ဟိုးထောင့်ကခုံလေးမှာ အဲ့ညနေလေးကနှစ်ယောက်လုံးအတွက်ဘဝမှာအရေးပါတဲ့နေ့လေးပေါ့ ဒီလိုနဲ့ စကားပြောရင်းရင်းနှီးလာခဲ့တယ်။သူစင်္ကာပူပြန်တဲ့နေ့လေဆိပ်လိုက်ပို့ခဲ့တယ် ဝမ်းနည်းသလို တစ်ခုခုဆုံးရှုံးရသလို အချစ်ဆိုတာ မရှိတော့မှပိုသိလာတဲ့ အရာတစ်ခုပါ သူနဲ့ကြားထဲမှာ အဆက်အသွယ်ပြတ်သွားခဲ့သေးတယ်။ဒါပေမယ့်ကံကောင်းစွာ သူညဘက်ကြီးဖုန်းဆက်တယ် ၁၂ခွဲလောက်ကြီး အဆင်ပြေရဲ့လားတဲ့ ပြေပါတယ်လို့ပြောရင်း သတိရတယ်လို့ ဖုန်းချခါနီးပြောခဲ့တယ် သူပြန်လာရင်လာတွေ့မှာလို့တွေးရင်း စောင့်နေမိတယ် သူလာတွေ့ပါတယ်။ဘဝအတွက် အရေးပါတဲ့ရွေးချယ်ရတော့မယ် သူ့ကိုမရွေးချယ်ထားလို့ နောက်ဆုံးတွေ့တာလို့ပြောတော့ သဲကိုတသက်လုံးအနားမှာထားချင်တာ ပိုင်ဆိုင်ချင်တာ သဲကိုစိတ်ချမ်းသာအောင်ထားချင်တာ ကို့အနားမှာသဲရှိရင်စိတ်ချမ်းသာတယ်တဲ့ သူအဲ့စကားလေးတွေသာမပြောခဲ့ရင် ဒီနေ့ထိထပ်တွေ့ဖို့မဖြစ်နိုင်တော့ပါဘူး ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ဒုက္ခက ပူလောင်တယ် စိတ်ရောကိုယ်ပါနွမ်းကြေလို့ အဲ့ခံစားချက်ကိုမခံစားနိုင်တော့တာနဲ့ သူ့လက်ကိုပြန်ဖမ်းဆုပ်ခဲ့တယ်။ သူဒီတစ်ခေါက်ပြန်လာရင်လက်ထပ်မယ်လို့ကတိပေးခဲ့တယ်။ အိမ်ကသဘောမတူတာကြောင့် အမျိုးမျိုး အတားအဆီးတွေကြုံတွေ့ခဲ့ရတယ်။ဘာဖြစ်ဖြစ်ရှေ့ဆက်လက်တွဲကြမယ်လို့ဆုံးဖြတ်ပြီး ကျော်ဖြတ်နိုင်ခဲ့တယ် အရမ်းလဲချစ်တယ် ကျေနပ်ပါတယ် ကိုရယ် သဲတို့ထပ်မခွဲရတော့ဘူး နောက်ဆုံးအိမ်က သဘောတူခဲ့တယ်။ ဓာတ်ပုံလေးတွေက တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ခဲ့တဲ့အချိန်တွေကိုအမှတ်တရဖြစ်စေတယ်။ ချစ်တဲ့သူတိုင်း အခက်အခဲမရှိဆုံစည်းနိုင်ကြပါစေ ဆန္ဒနဲ့ဘဝထပ်တူကျနိုင်ကြပါစေ။ ချစ်သူမှတဆင့်လက်တွဲဖော်အဖြစ် ရိုးမြေကျလက်တွဲနိုင်ကြပါစေ

Comments

0 comments

Do you have a wedding photo you want to share?      Create an album
Related album
Weddings in Montego Bay, JamaicaWeddings in Montego Bay, Jamaica
Couple: Omar and Charlie
15/07/2019
Cute Memory??Cute Memory??
Couple: Bride - Groom
23/04/2019
Beautiful Wedding Day...Beautiful Wedding Day...
Couple: Soe Yan Paing Oo & Yu Yu Ko
20/03/2019
Honeymoon Trip To NgapaliHoneymoon Trip To Ngapali
Couple: Bride - Groom
15/03/2019