Advertisement

ချစ်တို့ရေ Vitamin E မှာ ပါဝင်တဲ့ ဓါတ်တွေက အလှအပကို အကျိုးပြုတဲ့ အချက်(၅) ချက်ကို သိပြီးပြီဆိုတော့ အသုံးပြုလို့ရပြီနော်။

ချစ်တို့ရေ ခုနောက်ပိုင်းမှာ အသားအရေနဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဆေးတွေပါ  တွဲသောက်လာကြတယ်မလာ။ ကော်လဂျင် သောက်တာလည်း ရှိသလို Vitamin E လည်း သောက်ကြတယ်လေ။ ဒီတော့ အချစ်လေးတို့က Supplier တစ်ခု ရွေးမယ်ဆိုရင် အဲဒီဆေးရဲ့ အာနိသင် ကောင်းကျိုးတွေကိုသိထားဖို့ လိုတယ်နော်။ ဒါမှ သောက်ရကျိုးနပ်မှာပေါ့။

(၁) အစိုဓါတ် ရစေတယ်

ချစ်တို့ အများစု ကြိုက်ကြတာက Moisture ပဲလေ။ Moisture က မိန်းကလေးတွေရဲ့ အသားအရေ၊ မျက်နှာအသားအရေအတွက် အထောက်အကူပြုပြီး ဘယ်လိုအသားအရေပဲဖြစ်ဖြစ် Moisture လိုပါတယ်။ ဒါမှလည်း စိုစိုပြေပြေလေး ဖြစ်နေမှာလေ။ Vitamin E မှာ ပါတဲ့ Moisture က အသားအရေကို စိုပြေစေပါတယ်။ Glow Skin အတွက် ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ Vitamin E ပါ။

(photo: herworld.com)

(၂) အနီစက်နဲ့ ယားယံခြင်း

တစ်ခါတလေ မျက်နှာမှာဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် အကြောင်းအရင်းမရှိဘဲ အနီစက်တွေထွက်ပြီး ယားယံတာမျိုး ဖြစ်တတ်တယ်လေ။ အလက်ဂျစ်လို ပုံစံမျိုးတွေပေါ့။ အသားအရေ ခြောက်သွေ့လွန်းရင်လည်း ယားယံတတ်တယ်လေ။ အဲဒီလို ဖြစ်တာတွေ သက်သာဖို့ Vitamin E က ကာကွယ်ပေးနိုင်တယ်နော်။  Vitamin E သောက်ထားမယ်ဆိုရင် ခြောက်သွေ့လို့ ယားယံတာတွေ သက်သာမှာပါ။

(၃) နုပျိုစေတယ်

နုပျိုစေတာကတော့ မိန်းကလေးတွေအကြိုက်မှာပါ။ မျက်နှာမှာ အရေးအကြောင်း ဖြစ်တာတွေကို သက်သာပြီး မျက်လုံးနားမှာ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေ မဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ရှိရင်းစွဲ အသက်ထက် ပိုပြီးနုပျိုတဲ့ အသွင်အပြင် ပေးနိုင်မှာပါ။နုပျိုစေတာက မိန်းကလေးအများစု Vitamin E ကို ရွေးချယ်ကြတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပဲလေနော်။

(photo: sg.style.yahoo.com)

(၄) Antioxidant

Vitamin E မှာ Antioxidant လည်း ပါဝင်တာမို့ ဆဲလ်တွေ ပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Antioxident ကိုလည်း ပေးစွမ်းနိုင်တာမို့ ကိုယ်ခံအား ကောင်းစေတဲ့အပြင် အသားအရေအတွက်လည်း အထောက်အကူပြုပါတယ်။ ဆဲလ်သေတွေကြောင့် အသားအရေ ညစ်ညမ်းတာမျိုး မဖြစ်တော့ဘူးပေ့ါ။

(၅) လက်သည်း

Vitamin E မှာ ပါဝင်တဲ့ Moisture ကလည်း လက်သည်းကွဲအက်တာတွေ၊ လက်သည်းကျိုးကြေတာတွေနဲ့ ဝါတာတွေ သက်သာစေပါတယ်။

 

Comments

0 comments