Advertisement
ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ ပျောက်ချင်ရင်

ဝက်ခြံတွေ ပျောက်သွားပြီးနောက် အမာရွတ် ကျန်ခဲ့လို့ စိတ်ညစ်နေပြီလား။ ညှစ်မိတာကြောင့်ပဲဖြစ်ဖြစ် အသားအရေ ထိခိုက်သွားလို့ပဲဖြစ်ဖြစ်အမာရွတ်တွေ ကျန်နေခဲ့တတ်ပါတယ်

ချစ်တို့ရေ ဝက်ခြံတွေ ပျောက်သွားပြီးနောက် အမာရွတ်တွေ ကျန်ခဲ့လို့ စိတ်ညစ်နေပြီလား။ ဝက်ခြံတွေကိုညှစ်မိတာကြောင့်ပဲဖြစ်ဖြစ် အသားအရေ ထိခိုက်သွားလို့ပဲဖြစ်ဖြစ် ဝက်ခြံအမာရွတ်တွေ ကျန်နေခဲ့တတ်ပါတယ်။ ဒီလိုမျိုး ဝက်ခြံအမာရွတ်တွေ ပျောက်ချင်တယ်ဆိုရင်တော့ သေချာ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါမှ တဖြည်းဖြည်း အရောင်မှိန်သွားမှာပါ။

Double Cleansing

ချစ်တို့ရေ ဝက်ခြံ‌ကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ပျောက်အောင် လုပ်ချင်တယ်ဆိုရင်တော့ မျက်နှာ သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ Skin care တွေချည်းပဲ လုပ်တယ်ဆိုရင်တောင် Double cleansing လုပ်ဖို့ လိုပါတယ်။ cleansing water နဲ့ မျက်နှာသန့်ရှင်းရေး လုပ်ပေးရပါမယ်။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ သစ်ပေးဖို့ လိုပါတယ်။

Toner

ချစ်တို့ရေ Toner ကတော့ မဖြစ်မနေ ကောင်းကောင်းသုံးပေးဖို့ လိုပါတယ်။ Toner က အသားအရေ ကြည်လင်လာဖို့နဲ့ ချွေးပေါက်ကျယ်တာတွေ သက်သာစေပါတယ်။ နောက်ပြီး Toner ရဲ့ ပါဝင်ပစ္စည်းတွေပေါ် မူတည်ပြီး အမာရွတ်တွေ အရောင်မှိန်လာအောင် တဖြည်းဖြည်း ပါးလာအောင်နဲ့ ဝက်ခြံတွေ ထပ်မထွက်လာအောင် ကူညီပေးပါတယ်။ ဒါမို့ အမာရွတ်တွေ ပျောက်ချင်ရင်တော့ Tonerသုံးဖို့ လိုပါတယ်။

Mask

ချစ်တို့ရေ mask ကပ်တာကလည်း ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို တဖြည်းဖြည်း ပျောက်ကင်းလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Mask တွေကို Sheet mask ရော Clay mask ရော သုံးဖို့လိုပါတယ်။ Clay mask က ဝက်ခြံအမာရွတ်ကို သက်သာစေပြီး အသားအရေ ကြည်လာအောင် စွမ်းဆောင်ပေးပါတယ်။ Clay mask က ချွေးပေါက်တွေဖွင့်ထုတ်သလိုဖြစ်ပြီး ဝက်ခြံတွေ ထပ်ထွက်လာတာမျိုးလည်း ဖြစ်နိုင်တာမလို့ ကိုယ်နဲ့ကိုက်ညီတဲ့ Brand သုံးဖို့တော့ လိုပါတယ်။ Sheet mask တွေမှာလည်း ကိုယ်နဲ့ကိုက်ပြီး အမာရွတ် သက်သာတာတွေ သုံးပေးပါ။

Moisture

ချစ်တို့ ဝက်ခြံအမာရွတ်တွေ ပျောက်ချင်တယ်ဆိုရင် Moisture သုံးဖို့လိုပါတယ်။ အသားအရေမှာ အစိုဓါတ် လုံလုံလောက်လောက် ရမှသာ အမာရွတ်တွေ သက်သာလာမှာပါ။ Moisture တွေမှာ အသားအရေကြည်စေတဲ့ ဓါတ်တွေပါတဲ့ ပစ္စည်းတွေ သုံးပေးရင် အမာရွတ်တွေ တဖြည်းဖြည်း မှိန်လာမှာပါ။

ချစ်တို့ရေ ဝက်ခြံကြောင့်ဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ ပျောက်ချင်ရင် ဒီအချက်လေးတွေ လိုက်နာဖို့ လိုတယ်နော်။

 

Comments

0 comments