Advertisement
စိန်ရဲ့ အကျိုးကျေးဇူးများ

စိန်က ဗီးနပ်စ်ကို ကိုယ်စားပြုတဲ့ သတ္ထုဖြစ်လို့ ဝတ်ဆင်တဲ့သူရဲ့ စိတ်ခံစားချက်တွေကို အားကောင်းစေတယ်။

အမျိုးသမီးတိုင်းနီးပါး စိန်ကိုကြိုက်တယ်။ စိန်နဲ့ပြုလုပ်ထားတဲ့ ဆွဲကြိုး၊ လက်ကောက်၊ နားကပ် တွေ ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ဝယ်စုကြတယ်။ ကျောက်မျက်ရတနာတွေက အလှအပ၊ ငွေကြေး သာမက ကျန်းမာရေးနဲ့ နက္ခဏ်ဗေဒင်ဆိုင်ရာ အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ရှေးခေတ်ကျမ်းဂန်တွေမှာတော့ စိန်ကိုဝတ်ခြင်းက လူတစ်ယောက်ရဲ့ ဘဝမှာ ကြီးမားတဲ့ တိုးတက်မှုတွေကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

စိန်ဆိုတာ လူသားတွေနေထိုင်တဲ့ ကမ္ဘာပေါ်မှာ အမာဆုံး၊ အပြင်းထန်ဆုံး အရာပါ။ ကာဗွန်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ သတ္ထုတစ်မျိုးပါ။ ကမ္ဘာပေါ်မှာ အများဆုံးတွေ့နိုင်တဲ့ စိန်အမျိုးအစားက အဝါရောင်နဲ့ အညိုရောင်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း လူကြိုက်အများဆုံးစိန်က အရောင်မဲ့စိန်တွေပါ။ နက္ခတ်ဗေဒင်တွေမှာတော့ စိန်က ဗီးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပြီး ကျောက်မျက်ရတနာတွေထဲမှာ အတောက်အပြောင်ဆုံးပါ။

စိန်ရဲ့ အကျိုးကျေးဇူးများ

ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု

စိန်တစ်ပွင့် ဖြစ်ပေါ်လာဖို့ နှစ်ပေါင်းများစွာ၊ ဘီလီယံပေါင်းများစွာ အချိန်ယူရတယ်။ ကာဗွန်က အပူနဲ့ ဖိအားတွေအောက်မှာ ကောင်းမွန်စွာ ဖြတ်သန်းလာရပြီး အချိန်ကြာလာတာနဲ့အမျှ ပုံဆောင်ခဲအဖြစ် တောက်ပစွာ ပေါ်လာတယ်။ ဒါကြောင့် စိန်က ထာဝရ အချစ်နဲ့ တူတယ်လို့ ကိုယ်စားပြုခေါ်ကြတယ်။ ထာဝရ တည်မြဲတဲ့အချစ်ဆိုပြီး စိန်ကို တင်စားကြလို့ လက်ထပ်ခွင့်ပန်တဲ့အခါ၊ စေ့စပ်လမ်းကြောင်းတဲ့အခါမျိုးမှာ စိန်လက်စွပ်ပေးလေ့ရှိတယ်။ ပြီးတော့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ခိုင်မြဲတဲ့ ခင်မင်းရင်းနှီးမှုတွေအတွက်လည်း စိန်ကိုလက်ဆောင်ပေးလေ့ရှိတယ်။ စိန်က ငွေကြေးသာမက ချစ်ခြင်းနဲ့ ခင်မင်ရင်းနှီးမှုတွေမှာ ရင်းနှီးမြုပ်နှံမှုတွေအတွက် နည်းလမ်းကောင်းဖြစ်တယ်။

ခံစားချက်၊ လွမ်းဆွတ်မှု

စိန်က ဗီးနပ်စ်ကို ကိုယ်စားပြုတဲ့ သတ္ထုဖြစ်လို့ ဝတ်ဆင်တဲ့သူရဲ့ စိတ်ခံစားချက်တွေကို အားကောင်းစေတယ်။ မကောင်းတဲ့ အကြံအစည်တွေနဲ့ ကြောက်စရာကောင်းတဲ့ အတွေးတွေကို ဖယ်ရှားပေးပြီး ရုပ်ရည် လှပစေကာ ချစ်စရာကောင်းစေတယ်။

ချမ်းသာခြင်း

စိန်က တန်ဖိုးကြီးတယ်။ ရှုပ်ထွေးတဲ့ ပုံဆောင်အဖွဲ့အစည်းရှိပြီး ဗေဒင်လောကမှာတော့ စိန်က သောကြာဂြိုလ်ဖြစ်လို့ အမျိုးသားတွေထက် အမျိုးသမီးတွေနဲ့ ပိုသင့်တော်တယ်။ အမျိုးသမီးတွေ စိန်ဝတ်ရင် ပိုပြီး အကျိုးကျေးဇူးရှိတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် အမြတ်ရလို့ လုပ်ငန်းတွေအောင်မြင်ဖို့ ညာဖက်လက်သူကြွယ်မှာ စိန်တစ်လုံးပါတဲ့ လက်စွပ်ကို ဝတ်ဆင်ပါ။ အရောင်ကင်းစင်ပြီး ကြည်လင်ပြတ်သားတဲ့ စိန်ကို ရွေးပါ။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး

စိန်က ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဝတ်ဆင်သူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိပါတယ်။ စိန်က အစာခြေအင်္ဂါ၊ အသည်း၊ ပန်းနာရင်ကျပ်၊ ဆီးလမ်းကြောင်း၊ လည်ချောင်း၊ မေးရိုး၊ နှုတ်ခမ်းနဲ့ အရေပြားဆိုင်ရာ အစိတ်အပိုင်းတွေကို ပြုပြင်ပေးတဲ့ တုန်ခါမှုတွေရှိတယ်လို့ ယုံကြည်ကြတယ်။

စိတ်ပိုင်းဆိုင်ရာ

စိန်က ကောင်းမှုကုသိုလ်ပြုလုပ်ဖို့၊ ချီးကျူးဂုဏ်ပြုဖို့ တွန်းအားပေးတယ်။ မြင့်မြတ်တဲ့ ပျော်ရွှင်မှုကို ခံစားရပြီး  ဝတ်ဆင်သူတွေကို စိတ်ထားထက်သန်မှုပေးတယ်။

လက်ဆောင်

စိန်က အလှတရားနဲ့ ချစ်ခြင်းမေတ္တာရဲ့ စကားလုံးတစ်ခုပါ။ ဒါကြောင့် စိန်နဲ့ပတ်သက်တဲ့ လက်ဝတ်ရတနာတွေကို လက်ဆောင်အနေနဲ့ပေးတာက ချစ်တယ်၊ ခင်တယ်၊ မြတ်နိုးတယ်ဆိုတဲ့ စကားလုံးကို ထုတ်ပြောစရာမလိုဘဲ သိအောင်လုပ်နိုင်တဲ့ နည်းလမ်းပါ။

ယုံကြည်မှု

ယနေ့ခေတ်မှာတော့ စိန်က အဆင့်အတန်းမြင့်တဲ့ ဇိမ်ခံပစ္စည်းပါ။ စိန်က အရသာ၊ ချမ်းသာမှု နဲ့  ဆက်စပ်နေပါတယ်။ ယုံကြည်မှုနဲ့ ခွန်အားကိုလည်းပေးတယ်။ စွဲမက်ဖွယ်ကောင်းပြီး အဆင့်အတန်းရှိတဲ့ အလှကို ပိုင်ဆိုင်စေတယ်။

Comments

0 comments