Advertisement

ချစ်တို့ရေ မျက်နှာအသားအရေ ကောင်းကောင်းလိုချင်ရင်တော့ အဓိက ကျတဲ့  Double Cleansing အကြောင်းသေချာ သိထားသင့်ပါတယ်။

ကိုယ်က မျက်နှာအသားအရေ ကောင်းဖို့ ဂရုစိုက်တယ်ဆိုရင် မျက်နှာသန့်ရှင်းရေး လုပ်တာနဲ့ ပတ်သက်ပြီး သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာသန့်ရှင်းရေး ကောင်းကောင်းလုပ်မှလည်း တခြားအသားအရေအတွက် လိမ်းတဲ့ အဆင့်တွေလည်း ထိရောက်မှာလေ။ မျက်နှာသန့်ရှင်းရေး ကောင်းကောင်းလုပ်ထားမှ မျက်နှာမှာ အဆီနဲ့ ဆားဝက်ခြံ ထွက်တာမျိုး မဖြစ်မှာပါ။ ဒီတော့ မျက်နှာသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး မျက်နှာသစ်တာနဲ့တင် မဟုတ်ဘဲ Double Cleansing  လုပ်တာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။

Double Cleansing ဆိုတာဘာလဲ

Double Cleansing ဆိုတာကတော့ မျက်နှာ သန့်ရှင်းရေးကို နှစ်ဆ လုပ်တယ်လို့ ပြောရမှာပါပဲ။ မျက်နှာသစ်ဆေးနဲ့ (၂) ကြိမ် သစ်တာမျိုး မဟုတ်ဘဲ မျက်နှာကို ပုံမှန်ထက် သန့်ရှင်းသွားအောင် လုပ်တဲ့ နည်းလမ်းပါ။

Double Cleansing ဘယ်လိုလုပ်ကြလဲ

Double Cleansing  လုပ်တဲ့အခါမှာ သုံးတဲ့ ပစ္စည်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။  Cleansing  Water ၊Oil Gel၊ micellar waterနဲ့  Wet Cleansing Tissue ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာကိုတော့ သုံးလို့ရပါတယ်။ မျက်နှာသစ်ဆေးနဲ့ မသစ်ခင်မှာ ခုနက (၄) မျိုးထဲက တစ်မျိုးမျိုးနဲ့ မျက်နှာကို အရင်သစ်ရမှာပါ။ ဒါဆိုရင်တော့ မျက်နှာပေါ်မှာ ရှိတဲ့ အဆီတွေ၊ ဖုန်မှုန့်တွေ တော်တော် ပြောင်စင်သွားမှာပါ။

www.women.com

မျက်နှာသစ်ကြတဲ့အခါ

မျက်နှာသစ်တဲ့အခါမှာ လက်ချောင်းလေးတွေနဲ့ မျက်နှာကို နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့နော်။ မျက်နှာသစ်ဆေးကိုလည်း လက်ထဲမှာ အရင်အမြှုပ်ထအောင် လုပ်ပြီးမှသာ မျက်နှာသစ်ပါ။

www.women.com

မျက်နှာသစ်ပြီးတဲ့အခါ

မျက်နှာသစ်ပြီးတဲ့အခါကျရင်  Double Cleansing လုပ်ထားတာဖြစ်တဲ့အတွက် မျက်နှာအသားအရေ ခဏတာ ခြောက်သွားတတ်ပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့အတွက် တိုနာ မဖြစ်မနေ သုံးပါ။ တိုနာနဲ့ သန့်ရှင်းရေး ထပ်လုပ်ချင်တယ်ဆိုရင်တော့ တိုနာကို လက်နဲ့မျက်နှာ တိုက်ရိုက်လိမ်းတာမျိုး မဟုတ်ဘဲ ဂွမ်းစထဲ ထည့်ပြီး မျက်နှာမှာ လိမ်းပါ။ ဒါဆို အညစ်အကြေးတွေ ရှိနေသေးရင် ဂွမ်းစထဲမှာ ပါလာမှာပါ။

 

Tags: beautyskin care

Comments

0 comments