Advertisement

ချစ်တို့ အခုအိမ်မှာနေနေတုန်း ကိုယ့်နှုတ်ခမ်းသားလေး စို‌ပြေနူးညံ့ပြီး ပန်းနုရောင်လေး ဖြစ်နေအောင် လုပ်ရမှာလေးတွေ ရှိတယ်နော်။

အိမ်မှာနေနေတဲ့ အချိန်ဆိုတော့ စကင်တွေ စိတ်ကြိုက်ကဲလို့ ရနေပြီလေ။ တော်တော်များများက Skin care လုပ်ကြရင် မျက်နှာကိုပဲ လုပ်ကြပြီး နှုတ်ခမ်းလေးတွေ ကျန်နေခဲ့တတ်တယ်နော်။ တကယ်တော့ မျက်နှာတစ်ခုလုံးမှာ ရှိတဲ့အစိတ်အပိုင်းလေးဖြစ်တဲ့ နှုတ်ခမ်းလေးကို မေ့ထားလို့ မရဘူးနော်။ ကိုယ့်နှုတ်သားအရောင်ပေါ်မူတည်ပြီး ဆိုးတဲ့ နှုတ်ခမ်းနီအရောင်လည်း ပြောင်းတတ်တာမလို့ အရောင်မှန်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းသားလေးကို ဂရုစိုက်ရမယ်နော်။

လျှာနဲ့သပ်တာ

ချစ်တို့ အများစု လုပ်ဖြစ်ကြမှာပါ။ နှုတ်ခမ်းတွေ ခြောက်နေတယ်ဆိုပြီး လျှာတံတွေးလေးနဲ့ နှုတ်ခမ်းကို သပ်တာမျိုးပေါ့။ အဲဒီလို လုပ်တာက တစ်ခါတလေ မဟုတ်ဘဲ နှုတ်ခမ်းခြောက်တိုင်း လုပ်တယ်ဆိုရင် တကယ်တမ်း စိုစွတ်သွားတယ်လို့ ထင်ရပေမယ့် တံတွေးမှာ ပါတဲ့ အက်ဆစ်ဓါတ်ကြောင့် နှုတ်ခမ်းသားက ပိုခြောက်သွားပါတယ်။ အဲဒီတော့ နှုတ်ခမ်းကွဲတာ အဖတ်လန်တာမျိုး ပိုဖြစ်တတ်ပါတယ်။ နှုတ်ခမ်းသားအတွက် အဲဒါမျိုး မလုပ်နဲ့နော်။

ဆေးလိပ်တွေ လျှော့သောက်ပြီး ရေများများ ပိုသောက်ပါ

ပန်းနုရောင် နှုတ်ခမ်းလေး ဖြစ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်တာမျိုး ရှောင်ရမယ်နော်။ ဆေးလိပ်က နှုတ်ခမ်းသား ညိုတာ ပြာလာတာတွေ ဖြစ်စေပါတယ်။ တချို့ သောက်တတ်တယ်ဆိုရင် ရှောင်ပေးနော်။ ရေများများ သောက်တာက နှုတ်ခမ်းအတွက် စိုပြေတောက်ပစေပါတယ်။ နှုတ်ခမ်းကလည်း ရေဓါတ်လိုအပ်တယ်လေ။ ဒီတော့ပန်းနုရောင် နှုတ်ခမ်းရဖို့ တွေးနေရင် ရေသောက် မပျင်းပါနဲ့။

www.lorealparisusa.com

နှုတ်ခမ်းအတွက် ခရင်မ်

ခုနောက်ပိုင်းမှာ နှုတ်ခမ်းအတွက် သီးသန့်ထွက်တဲ့ အစိုဓါတ်ထိန်းခရင်မ်တွေ ရှိနေပါပြီ။ ဗူးသေးသေးလေးတွေနဲ့ စေ◌ျးကွက်ထဲမှာ ရှိပါတယ်။ ညဘက်မှာ အဲဒါလေးတွေ လိမ်းအိပ်တာက ပန်းနုရောင် ဖြစ်စေတဲ့အပြင် စိုစိုအိအိလေး ဖြစ်စေတယ်လေ။ စတေးဟုမ်းရဲ့ စကင်ကဲမှာ နှုတ်ခမ်းအတွက်လည်း ပါပါစေ။

www.lorealparisusa.com

အိမ်မှာ Scrub လုပ်ပါ

အိမ်မှာနေရင်း ပန်းနုရောင် နှုတ်ခမ်းသားလေး ရချင်တယ်ဆိုရင်တော့ ဆဲလ်သေတွေ ဖယ်တာမျိုး အိမ်မှာတင် လုပ်ပေးနော်။ လုပ်နည်းကလည်း လွယ်ပါတယ်။ ချစ်တို့ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်းလောက်ထဲကို သကြားနုနုလေးတွေ နည်းနည်းထည့်ပေးပါ။ ပြီးရင် နှုတ်ခမ်းသားကို ဖွဖွလေး ပွတ်ပေးပါ။ ပြီးမှ ရေဆေးချပါ။ ဆဲလ်သေတွေ ဖယ်ရှားထားတယ်ဆိုရင် နှုတ်ခမ်းညိုတာလည်း ပျောက်သွားမှာပါ။ ပန်းနုရောင်လေး သမ်းလာမှာပါ။

Comments

0 comments