Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ အသားအရေ မပျက်စီးချင်ဘူးဆိုရင်တော့ မိတ်ကပ်ဖျက်တဲ့ အဆင့်ကို သတိထားရမှာမလို့ အဆင့်ဆင့် ဖျက်နည်းတွေ သိထားမှ ဖြစ်မယ်နော်။

မိတ်ကပ်တွေတော့ လိမ်းပါရဲ့ ညဘက်ရောက်တဲ့အခါ မိတ်ကပ်တွေ သေချာဖျက်မအိပ်တာမျိုး လုပ်နေလား။ ဒါကတော့ သေချာပေါက် ချစ်တို့ရဲ့ အသားအရေ ပျက်စီးမှာပါ။ ညဘက် မိတ်ကပ်တွေ မဖျက်ဘဲ အိပ်ရင် မျက်နှာမှာ အဆီဖုတွေ၊ ဝက်ခြံထွက်တာတွေနဲ့ အသားအရေ ညစ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ မိတ်ကပ်ဖျက်တာ သေချာပြောင်အောင် ဖျက်ရဲ့လားဆိုတာ သိထားသင့်တယ်နော်။

မျက်နှာမသစ်ခင်

မျက်နှာသစ်ဆေးနဲ့ မျက်နှာမသစ်ခင်မှာ မိတ်ကပ်ဖျက်ဆေးတွေနဲ့ မိတ်ကပ်ဖျက်ဖို့ လိုပါတယ်။ မိတ်ကပ်ဖျက်တာနဲ့ ပတ်သက်ပြီး ရွေးချယ်စရာတွေလည်း များပါတယ်။ cleansing water micellar oily cleansing အပြင် wet tissue လိုမျိုး စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ ဒီထဲက အမျိုးအစား တစ်မျိုးမျိုးကို သုံးပြီး ဖျက်ပါ။

မျက်နှာသစ်ဆေးနဲ့ သစ်မယ်

မျက်နှာသစ်ဆေး ဘယ်အမျိုးအစားပဲ သုံးသုံး မျက်နှာသစ်တဲ့အခါ ခပ်မြန်မြန် သစ်တာမျိုး မလုပ်နဲ့နော်။ အိပ်ချင်နေပြီဆိုပြီး မြန်မြန် သစ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် လက်ချောင်းလေးတွေနဲ့ နှိပ်နယ်သလိုမျိုး လုပ်ပြီးတော့ပါ မျက်နှာသစ်ဆေးနဲ့ သစ်ပါ။ ခုနောက်ပိုင်း မျက်နှာသစ်တဲ့အခါ သုံးတဲ့ စက်လေးတွေလည်း ရှိနေပြီနော်။

https://www.standard.co.uk/

တိုနာ သုံးတဲ့အခါ

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာမှာ အညစ်အကြေးတွေ မရှိတော့တာ ပိုသေချာအောင် တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့ သုံးတာမျိုးပဲ လုပ်ပါ။ တိုနာမှာ တခါတလေ အညစ်အကြေးလေးတွေ အရောင်လေးတွေ စွန်းနေသေးတယ်ဆိုရင် မျက်နှာမှာ ရှိတာတွေ မပြောင်သေးတာကြောင့်ပါ။ တိုနာ သုံးနေရင်းနဲ့လည်း ပြောင်မပြောင် စောင့်ကြည့်ပေါ့နော်။

Double cleansing

ချစ်တို့ မိတ်ကပ်ဖျက်မယ်ဆိုရင် မျက်နှာသစ်ဆေး တစ်မျိုးတည်းနဲ့ မလုံလောက်တာကို သတိရပါ။  Double cleansing လုပ်မှသာ မျက်နှာမှာ ရှိတဲ့ မိတ်ကပ်နဲ့ ဖုန်မှုန့် အညစ်အကြေးတွေ ပြောင်နိုင်မှာပါ။ မိတ်ကပ်တွေ ပြောင်မှလည်း ချစ်တို့ အဆင့်ဆင့် သုံးတဲ့ စကင်ကဲတွေ ထိရောက်မှာနော်။

 

Tags: beautycleansing

Comments

0 comments