Advertisement

ချစ်တို့ရေ မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ နေ့ရက်တွေ မဖြတ်သန်းချင်ရင် ဒါလေးတွေ လုပ်ပါနော်။

မျက်နှာမှာအဆီတဝင်းဝင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ မျက်နှာမှာ အဆီတဝင်းဝင်းကြီး ဖြစ်နေရင် မှန်ထဲကြည့်လိုက်ရင်လည်း အဆင်မပြေသလို လက်နဲ့ကိုင်မိတိုင်းလည်း အဆီတွေ ပါလာတော့ စိတ်ညစ်စရာကြီးလေနော်။ ချစ်တို့ မျက်နှာမှာ အဆီတဝင်းဝင်းကြီး ဖြစ်နေတာကို မကြိုက်ဘူး မလိုချင်ဘူးဆိုရင် ဒီလိုအဆီပြန်တာတွေကို သက်သာအောင် လုပ်ဖို့ လိုတယ်နော်။

မျက်နှာသစ် သေချာရွေးချယ်ပါ

ခုနောက်ပိုင်းမှာ မျက်နှာသစ်တွေ ရွေးချယ်စရာ အရမ်းကို များလာပါပြီ။ ကိုယ့်ရဲ့ မျက်နှာသစ်ဆေးက အဆီပြန်တာကို သက်သာစေတဲ့ ထိန်းချုပ်ပေးမယ့် မျက်နှာသစ်ဆေး ဖြစ်ဖို့ လိုပါတယ်နော်။ ပစ္စည်းအများစုမှာလည်း အဆီပြန်တာကို သက်သာစေတာတွေ ရှိတာမို့ သေချာရွေးပါ။ နောက်ပြီး တစ်နေ့ကို (၂) ကြိမ် မျက်နှာသစ်ဖြစ်အောင် သစ်ပါ။ ဒါက မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်မျိုးပါပဲ။

https://newsd.in/

ချွေးပေါက်တွေ ဂရုစိုက်ပါ

မျက်နှာမှာ အဆီထွက်တယ် အဆီပြန်တယ်ဆိုတာ ချွေးပေါက်တွေ ကျယ်နေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ချွေးပေါက်တွေ ကျယ်တော့ အဆီတွေ ပိုထွက်ပြီး သေချာဂရုမစိုက်ဘူးဆိုရင် အဆီပြန်တာက လုံးဝကို သက်သာမှာ မဟုတ်ပါဘူး။ ဒီတော့ ချစ်တို့ ချွေးပေါက်အတွက် တိုနာ မဖြစ်မနေ သုံးပေးပါ။ နောက်ပြီး ချွေးပေါက်ထဲမှာ ဖုန်မှုန့်တွေ၊ မိတ်ကပ်အကြွင်းအကျန်တွေ မရှိအောင်လည်း ဂရုစိုက်ပါ။

အဆီစုပ်စက္ကူ

မျက်နှာမှာ အဆီတွေ များလွန်းတယ်ဆိုရင်တော့ အဆီစုပ်စက္ကူလေး ဆောင်ထားပါ။ ဒါက ချစ်တို့မျက်နှာမှာ အဆီတဝင်းဝင်း ဖြစ်နေတာကို သက်သာစေမှာပါ။ အဆီစုပ်စက္ကူလေးတွေနဲ့ အဆီထွက်တဲ့နေရာကို သုတ်တဲ့အခါ ပွတ်ဆွဲတာမျိုး မလုပ်ဘဲ ဖိပြီးကပ်တာမျိုးသာ လုပ်ပေးနော်။

https://newsd.in/

Moisture လိမ်းပါ

အဆီပြန်တဲ့သူ အများစုက Moisture လိမ်းလိုက်ရင် စေးကပ်ကပ်ကြီးနဲ့ အဆီပိုပြန်မယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်က လုံးဝကို မှားပါတယ်။ အဆီပြန်တဲ့သူတွေက Moistureကို ပုံမှန်ထက်အောင် လိုအပ်ပါသေးတယ်။ Moisture ရှိနေမှ ချစ်တို့မျက်နှာမှာ အစိုဓါတ်ရပြီး ရေဓါတ်ပြည့်ဝပြီး အဆီပြန်တာမျိုး မဖြစ်မှာပါ။ ဒါကြောင့် အဆီတဝင်းဝင်း မဖြစ်ချင်ရင် Moisture မဖြစ်မနေ လိမ်းပါ။

 

Tags: beautyoily face

Comments

0 comments