Advertisement
အသားအရေ အလှအပအတွက် စိန်မှုန့်ရဲ့ အကျိုးကျေးဇူးများ

စိန်မှုန့်မှာ ရေမော်လီကျူးတွေ ပါဝင်လို့ အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်စွမ်းရှိတယ်။

စိန်ရဲ့ ဖွဲ့စည်းပုံက တခြားကျောက်မျက်ရတနာတွေနဲ့ မတူဘဲ ထူးခြားတဲ့ လက္ခဏာ အင်္ဂါရပ်တွေ ပိုင်ဆိုင်ထားပါတယ်။ ဓါတု၊ အမြင်အာရုံနဲ့ ဇီဝဗေဒဆိုင်ရာ လက္ခဏာတွေက ကျောက်မျက်ရတနာလုပ်ငန်းတွေမှာ အဓိက အနှစ်သာရဖြစ်တဲ့အပြင် တိုင်းရင်းဆေးနဲ့ ရိုးရာဆေးကုသမှု၊ ကုသရေးလုပ်ငန်းတွေမှာလည်း အလွန်အသုံးဝင်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး စိန်ကို အသားအရေထိန်းသိမ်းမှုတွေ၊ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းလာခဲ့ကြတယ်။ လူကြိုက်များလာခဲ့ပြီး အရေပြားကျန်းမာရေးကို မြှင့်တင်ပေးတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ခရင်မ်များ၊ လိမ်းဆေးများ၊ မျက်နှာသစ်၊ Masks၊ ဂျယ် နဲ့ serums တွေမှာ စိန်မှုန့်ကို ထည့်သွင်းခဲ့ကြတယ်။

စိန်မှုန့်မှာ အသားအရေအတွက် anti-aging ပါပြီး အိုမင်းရင့်ရော်တာကို ဆန့်ကျင်ပေးပါတယ်။ နုပျိုတင်းရင်းစေပြီး ငယ်ရွယ်တဲ့ look ကို ပိုင်ဆိုင်စေပါတယ်။ စိန်အမှုန့်အမွှားလေးတွေက အသားထဲကို စိမ့်ဝင်လွယ်ပြီး အရေပြားရဲ့ အနက်ရှိုင်းဆုံး အလွှာထဲထိ ရောက်ရှိကာ အိုမင်းရင့်ရော်စေတဲ့ ပြဿနာတွေကို ဖယ်ရှားပေးပြီး အိုမင်းရင့်ရော်မှုကို ဖယ်ရှားပေးကာ အသားအရေကောင်းလာစေပါတယ်။

စိန်မှုန့်ရဲ့ အကျိုးကျေးဇူးများ

စိန်မှုန့်က အရေပြားအရောင်ညီညာစေပြီး ခရင်မ်များ၊ gels ဒါမှမဟုတ် serum လိမ်းတဲ့အခါ အသားအရေပိုမို ကောင်းမွန်စေတယ်။ စုပ်ယူလွယ်တာကြောင့် ဝက်ခြံအမာရွတ်များ၊ နေလောင်ကွက်များကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်တောက်ပစေပါတယ်။

Exfoliant

စိန်မှုန့်က အသားအရေသန့်စင်တဲ့နေရာမှာ အရေပြားချွေးပေါက်များ ပွင့်စေပပြီး ပိတ်မိနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ စိန်ပါတဲ့ scrubs တွေကို မကြာခဏ အသုံးပြုခြင်းဖြင့် မျက်နှာအရေပြားပေါ်က အစက်အပြောက်တွေ၊ အမာရွတ်တွေ ဒါမှမဟုတ် ဝက်ခြံပြဿနာတွေကို ဖြေရှင်းပေးပါတယ်။

အိုမင်းရင့်ရော်

နေရောင် အန္တရာယ်ရှိတဲ့ UVB နဲ့ UVA ရောင်ခြည်တွေက အချိန်ကြာလာတဲ့အခါ အရေပြားဆုံးရှုံးမှု ပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။ အမည်းစက်များ၊ အရေးအကြောင်းများနဲ့ အလားတူ အသားအရေပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နုပျိုဖို့အတွက် စိန်မှုန့်ရောထားတဲ့ အလှကုန်နဲ့ skin care တွေက အသားအရေ နေရောင်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ပြန်လည်ကုသပေးပြီး ကော်လဂျင်ထုတ်လုပ်မှုကို တိုးမြင့်စေကာ အသားအရေကျန်းမာစေတယ်။

ရေဓါတ်

စိန်မှုန့်မှာ ရေမော်လီကျူးတွေ ပါဝင်လို့ အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်စွမ်းရှိတယ်။ စိန်မှာပါတဲ့ နာနိုအမှုန့်များက အရေပြား ချွေးပေါက်များအတွင်း ပိုမိုနက်ရှိုင်းစွာရောက်ရှိနိုင်ပြီး အစိုဓါတ်ကို ထိန်းညှိပေးကာ အသားအရေ အာဟာရ ရစေပြီး ချောမွေ့စေပါတယ်။

အဆိပ်အတောက်

ပတ်ဝန်းကျင်မှာရှိတဲ့ အညစ်အကြေးတွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အညစ်အကြေး၊ ဖုန်မှုန့်များကြောင့် မျက်နှာပေါ်က ချွေးပေါက်တွေမှာ အဆိပ်အတောက်တွေ စုပုံလာပါတယ်။ စိန်မှုန့်ပါတဲ့ မျက်နှာသန့်စင်ဆေးရည်တွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ညစ်ညမ်းမှုကို ကာကွယ်ပေးတယ်။

ဆံသား

စိန်မှုန့်ပါတဲ့ Hari Products တွေက အပူဒဏ်ကို ကာကွယ်ပေးသလို ဆံသားကို တောက်ပစေပါတယ်။

Comments

0 comments