Advertisement

လက်သည်း ကျန်းကျန်းမာမာလေး ဖြစ်ချင်ရင်တော့ လုပ်သင့်တာတွေ ဆောင်ပြီး မလုပ်သင့်တာတွေ ရှောင်ထားနော်။ ဒါမှ အဆင်ပြေမှာ။

လက်သည်းလေးတွေ ကျန်းမာဖို့ဆိုတာ လက်သည်းတွေကို အထူးဂရုစိုက်ထားဖို့ လိုပါတယ်။ မိန်းကလေးတွေက လက်သည်းကို ပိုပြီးအာရုံထားကြတယ်လေ။ ဘယ်သူမဆို လက်ချောင်းလှလှ၊ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ချင်ကြတယ်မလား။ ဒါဆိုရင်တော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေကို ဆောင်ဖို့ ရှောင်ဖို့ လိုတယ်လေနော်။ ဒါမှ လက်သည်းက ကျန်းကျန်းမာမာ ရှိမှာ။

လုပ်သင့်တာလေးတွေ

လက်သည်းတွေ သန့်ရှင်းနေပါစေ

လက်သည်းတွေ သန့်ရှင်းအောင် ထားတာက လက်သည်းခွံအောက်မှာ ဘက်တီးရီးယားတွေ မရှိဖို့၊ မပေါက်ဖွားဖို့ တားဆီးပေးပါတယ်။ လက်ဆေးတဲ့အခါ သေချာဆေးဖို့ လိုတဲ့အပြင် ဆပ်ပြာလိုမျိုး ဓါတုပစ္စည်းပါတဲ့ အရာတွေနဲ့ ထိတွေ့မယ်ဆိုရင် လက်အိတ်စွပ်တာမျိုး လုပ်ပါ။ ဒါက လက်သည်းမှာ ဘက်တီးရီယား မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်မှာပါ။

လက်သည်းကျန်းမာအောင်

လက်သည်းညှပ်တဲ့အခါမှာလည်း သန့်ရှင်းတဲ့ ပစ္စည်းတွေကိုပဲ သုံးပါ။ ချွန်ထက်တာတွေ သုံးတဲ့အခါ မထိခိုက်မိအောင် ဂရုစိုက်ပါ။

Moisture သုံးပါ

လက်သည်းအတွက် လုပ်သင့်တဲ့အထဲမှာ Hand Lotion ဒါမှမဟုတ် Moisture ပါတဲ့ ခရင်မ် တစ်ခုခု သုံးပါ။ ဒါက လက်သည်း ကျန်းမာဖို့ အားဖြည့်ပေးတဲ့ အရာပါပဲ။

အပေါ်ယံလွှာကို ဂရုစိုက်ပါ

အပေါ်ယံလွှာကို ထိခိုက်စေမယ့် လက်သည်းခြစ်တာ၊ လက်သည်းကိုက်တာတွေ ရှောင်ပါ။ လက်သည်းနီဆိုးတိုင်း Base Coat ခံပါ။

ဆရာဝန်နဲ့ ဆွေးနွေးပါ

လက်သည်းမှာ ပုံမှန်မဟုတ်တာတွေ ဖြစ်နေတယ် သူများတွေထက် လက်သည်းက ကျိုးပဲ့တယ်၊ ပျက်စီးလွယ်တယ်ဆိုရင် ဆရာဝန်ပြတာမျိုး လုပ်ပါ။

မလုပ်သင့်တာတွေ

လက်သည်းကိုက်တာ

(photo:thesun.ie)

လက်သည်းကိုက်တာတွေလည်း မလုပ်မိဖို့ လိုပါတယ်။ လက်သည်းကိုက်တာက လက်သည်းကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အချက်တစ်ချုက်ပါ။ ပိုးဝင်ပြီး လက်သည်းမရှည်တာ၊ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်နော်။

လက်သည်းဖျက်ဆေး

လက်သည်းဖျက်ဆေးတွေလည်း ခဏခဏ မသုံးပါနဲ့။ လက်သည်းဖျက်ဆေး သုံးပြီးရင် လက်သည်းကို အားပြည့်စေမယ့် hand cream သုံးပါ။

လက်သည်းမှာ ပြဿနာတွေ ရှိလာရင်

လက်သည်းမှာ ပြဿနာတွေ ဖြစ်လာရင် ဆရာဝန်ဆီ သွားဖို့ မမေ့ပါနဲ့။ အိမ်မှာပဲ ပြဿနာတွေကို မဖြေရှင်းပါနဲ့နော်။ လက်သည်းခဏခဏ ကျိုးတာ၊ ပဲ့တာ၊ သွေးထွက်တာမျိုး ရှိလာရင် ဆရာဝန်ပြပါ။

 

Tags: nailNail care

Comments

0 comments