Advertisement
Toner ကို သုံးဖို့ တကယ်လိုအပ်တာလား?

Alcohol မပါတဲ့ အစိုဓာတ်ဖြည့်ပေးတဲ့ toner တွေနဲ့ အရေပြားကို နူးညံ့စေ၊ အေးမြစေပြီး အစိုဓာတ်ဖြည့်ပေး  နိုင်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာဖွေရွေးချယ် ဝယ်ယူသင့်ပါတယ်။

လူအများစု သူတို့ရဲ့ အသားအရေ ထိန်းသိမ်းနည်းတွေအကြောင်း ပြောဆိုကြတဲ့အခါ “toner” ဆိုတဲ့ အလှကုန် တစ်မျိုးအကြောင်း တော်တော်ပြောကြတာ သင်ကြားဖူးမှာပါ။ ဒါမှမဟုတ် သင်နေ့စဉ်ပြုလုပ်နေတဲ့ အသားအရေ   ထိန်းသိမ်းနည်း အလေ့အကျင့်တွေထဲမှာ toner ပါပေမယ့် သူ့ရဲ့အလုပ်လုပ်ပုံ၊ အကျိုးကျေးဇူးတွေကို သေချာမ  သိတာလည်း ဖြစ်နိုင်တယ်။ အလှအပရေးရာကဏ္ဍမှာ toner ကတော်တော်လေး ဇဝေဇဝါ ဖြစ်စရာကိစ္စတွေဖြစ်  စေခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်မှာ toner တွေကို အဆင့်မြှင့်တင် ထုတ်လုပ်လာကြပြီး နေ့စဉ်အသားအ  ရေထိန်းသိမ်းတဲ့နေရာမှာ ပြန်လည်နေရာယူလာပါတယ်။

“အရင်တုန်းကထုတ်လုပ်ခဲ့တဲ့ မျိုးဆက်ဟောင်း toner တွေက အရမ်းခြောက်ပြီး အသားအရေ အများစု အတွက် မလိုအပ်တာများတယ်” လို့ SmarterSkin Dermatology တည်ထောင်သူ နယူးယောက် အလှကုန် အရေပြားအထူးကု Sejal Shah ကပြောပါတယ်။ သဘာဝကိုရီးယား  အလှအပရေးရာ ပညာရှင်ဖြစ်ပြီးSavor Beauty  တည်ထောင်သူ Angela Jia Kim ကလည်း အလားတူ ခံစားချက်မျိုး ပြောခဲ့ပါတယ်။ “မကြာသေးခင် က toner တွေက အရင်မလိုအပ်ဘဲ အသားအရေကို ခြောက်သွေ့စေတဲ့ အဆင့်ကနေ အသားအရေ အတွက် မရှိမဖြစ် ရေဓာတ်ဖြည့်ဆည်းပေးတဲ့ အဆင့်အထိ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲလာတာကို   တွေ့ရပါတယ်” လို့သူကပြောပါတယ်။ အရင် toner တွေတုန်းက ချွေးပေါက်တွေက ထွက်တဲ့သဘာဝအဆီ  တွေကို ဖယ်ရှားပစ်တဲ့ ခြောက်သွေ့တဲ့ အရက်တစ်မျိုး ပါဝင်တတ်ပါတယ်။ အခုအသစ်ထုတ်လုပ်လိုက်တဲ့   ထွက်ကုန်တွေမှာတော့ အရက်မပါတော့ဘဲ အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ပြန်လည်အားဖြည့် ညီမျှစေ တဲ့ ပါဝင်ပစ္စည်းတွေပါဝင်ပါတယ်။

တကယ်တော့ toner ဆိုတာဘာလဲ

Toner ဆိုတာ ရေနဲ့တူပါတယ်။ ဒါပေမယ့် toner မှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် မော်လီကျူးတွေ ပိုပါဝင်ပါ တယ်။ ဒါ့အပြင်  tea tree, rose, salicylic acid နဲ့ သင့်လိုအပ်ချက်အလိုက် တခြားလိုအပ်တဲ့ အသားအရေ  ထိန်းသိမ်းပေးတဲ့   ပါဝင်ပစ္စည်းတွေလည်း ပါတတ်ပါတယ်။

Toner ကိုဘယ်လိုသုံးရလဲ

Kim ရော Dr. Shah နှစ်ယောက်လုံးက က အရေပြားရဲ့ pH ကို ညီမျှစေလု့ိ မျက်နှာသစ်ပြီးပြီးချင်း toner သုံး တာက အကောင်းဆုံး  ဖြစ်တယ်လို့ အကြံပေးပါတယ်။ “မိတ်ကပ်မလိမ်းခင် မျက်နှာပေါ်မှာ  toner ဖြန်းနိုင်သ လို အားကစားလုပ်ပြီးချိန် အရေပြားကို ရေနည်းနည်းဖြန်းသလို ဖြန်းပေးနိုင်တယ်” လို့လည်းသူကပြောပါတယ်။

Toner ကိုသုံးဖို့အတွက် ဝါဂွမ်းမှာ  အရည်ဆွတ်ပြီး သုံးနိုင်သလို အရေပြားကို တိုက်ရိုက်ဖြန်းပြီးလည်း သုံးနိုင်  ပါတယ်။ မျက်နှာသစ်ပြီး အရေပြားကို အောက်ဆီဂျင်ခဏ စိမ့်ဝင်စေပြီးမှ toner သုံးတာအကောင်းဆုံး အကျိုး  ကျေးဇူးတွေ ရစေတယ်လို့ Kim ကထောက်ပြခဲ့ပါတယ်။ “အရေပြားက စိုစွတ်နေတဲ့အခါ ပါဝင်ပစ္စည်းတွေကို ပိုကောင်းကောင်း စုပ်ယူနိုင်ပြီး အရေပြား အတွင်းထဲထိ အားဖြစ်စေတယ်” လို့ Kim ကရှင်းပြပါတယ်။

Toner ကိုဘယ်အချိန်မှာ သုံးသင့်လဲ

toner ကို မနက်ရော ညရော အသားအရေ ထိန်းသိမ်းတဲ့ လုပ်ရိုးလုပ်စဉ်တွေမှာ ကိုသုံးလို့ရပါတယ်။ အသားအရေကို exfoliate လုပ်တာ ဒါမှမဟုတ် အရမ်းခြောက်တဲ့ toner ကိုသုံးတဲ့အခါ တစ်ရက်ခြားတစ်ခါ သုံးပြီး တဖြည်းဖြည်း  နေသားကျသွားတဲ့အခါ အကြိမ်အရေအတွက်ကို တိုးတိုးသွားတာ  အကောင်းဆုံးဖြစ်ပါ တယ်လို့  Dr. Shah ကပြောပါတယ်။

သင့်မှာထိခိုက်လွယ်တဲ့ ဒါမှမဟုတ် ခြောက်သွေ့တဲ့ အသားအရ ရှိတယ်ဆိုရင်

Alcohol မပါတဲ့ အစိုဓာတ်ဖြည့်ပေးတဲ့ toner တွေနဲ့ အရေပြားကို နူးညံ့စေ၊ အေးမြစေပြီး အစိုဓာတ်ဖြည့်ပေး  နိုင်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာဖွေရွေးချယ် ဝယ်ယူသင့်ပါတယ်။

 

Tags: beautyskincaretoner

Comments

0 comments