Advertisement

ချစ်တို့ရေ မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်လာတာကို နှေးစေချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေး(၃) ခုနဲ့ ထိန်းထားဖို့ လိုပါတယ်။

ချစ်တို့ရေ မျက်နှာအသားအရေ ကောင်းဖို့အတွက် Skin care တွေ သုံးကြတယ်မလား။ Skin care တွေ သုံမျးတာက အရေးအကြောင်း ဖြစ်တာကိုလည်း လျော့နည်းစေတာမလို့ အများစုက Skin care သုံးကြတာပါ။ Skin care မသုံးဘဲနဲ့ အရေးအကြောင်းတွေကို သက်သာချင်ရင် ထိန်းထားလို့ ရမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မျက်နှာလေ့ကျင့်ခန်း လုပ်တာပါ။ ဘယ်လိုတွေ လုပ်လို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

လေ့ကျင့်ခန်း(၁)

 

ချစ်တို့ရေ ပထမဆုံး လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ခေါင်းကို(၄၅) ဒီဂရီလောက်ထိ မော့ပြီး မေးစေ့နားကို လက်နဲ့ တွန်းတင်ထားပါ။ မျက်ခုံးကို အပေါ်ထိရောက်အောင် ပင့်ထားပြီး ပါးစပ်ကိုလည်း ဟထားပါ။ အဲဒီအနေအထားအတိုင်း စက္ကန့်(၃၀) လောက် နေပါ။ ပြီးရင် မျက်နှာကို တည့်အောင် ပြန်ထားပါ။ အဲဒီလို အကြိမ်(၅) ကြိမ်လောက် လုပ်ပါ။ နဖူးမှာ ရှိတဲ့ အရေးအကြောင်းအတွက် သက်သာစေပါတယ်။

လေ့ကျင့်ခန်း(၂)

ချစ်တို့ရေ ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးနဲ့ နဖူးမှာ ရှိတဲ့ အရေးအကြောင်းတွေအတွက် သက်သာစေနိုင်ပါတယ်။ ချစ်တို့ လက်ကို ပုံမှာပြထားတဲ့အတိုင်း နဖူးမှာ တင်ပြီး ဘေးဘက်ကို ဆွဲပေးပါ။ နှုတ်ခမ်းတွေကိုလည်း တင်းနေအောင် စေ့ထားပါ။

လေ့ကျင့်ခန်း(၃)

ချစ်တို့ရေ ဒီလေ့ကျင့်ခန်းကတော့ ပါးနားမှာ ရှိတဲ့ အရေးအကြောင်းတွေကို သက်သာစေမယ့် လေ့ကျင့်ခန်းပါ။ မျက်ခုံးကို အပေါ်ဆုံးထိ ပင့်တင့်ထားပါ။ နှုတ်ခမ်းကိုလည်း အို ပုံစံလိုမျိုး လုပ်ထားပါ။ လက်ကို မျက်လုံးအောက်မှာ ထားထားပါ။ အဲဒီအနေအထားအတိုင်း စက္ကန့်(၃၀) လောက် ထားပါ။ အဲဒီလိုအကြိမ် (၅) ကြိမ်လောက် လုပ်ပါ။

 

 

Comments

0 comments