Advertisement

အသားအရေခြောက်သွေ့တဲ့ မိန်းကလေးတို့ စိုစိုပြေပြေလေးနဲ့ Glow တာလေး ဖြစ်လာအောင် အိမ်တွင်းလုပ်လို့ရတဲ့ Mask လေးတွေ ကပ်ကြည့်ပေးနော်။

photo: bustle

တစ်ယောက်နဲ့ တစ်ယောက် အသားအရေ အမျိုးအစားချင်း မတူညီကြဘူးလေနော်။ အသားအရေခြောက်တဲ့သူ၊ အဆီပြန်တဲ့သူ၊ T Zone နေရာပဲ အဆီပြန်တဲ့သူ၊ ထိခိုက်လွယ်တဲ့ အသားအရေရှိသူနဲ့ စုံနေတာပါပဲ။ မိတ်ကပ်၊ Skin care ဘယ်ဟာပဲ ဝယ်ဝယ် ကိုယ့်မျက်နှာအသားအရေကို လိုက်ပြီး ရွေးချယ်ရမှာပါ။ Face mask မှာလည်း အသားအရေပေါ် မူတည်ပြီး ရွေးချယ်ရမှာပါ။ ဒီတစ်ခါမှာတော့ အသားအရေခြောက်တဲ့သူတွေအတွက် သင့်တော်တဲ့ Face mask လုပ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ငှက်ပျောသီး

ငှက်ပျောသီး (photo: weight loss)

မိန်းကလေးတို့ရေ ငှက်ပျောသီးမှည့် တစ်ဝက်ကို ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်း ၊ သံလွင်ဆီ လက်ဖက်စားဇွန်း (၁) ဇွန်းရောထည့်ပြီး ချေလိုက်ပါ။ ပျစ်သွားပြီး မျက်နှာပေါ် တင်လို့ ရတဲ့အထိပေါ့။ မျက်နှာမှာ ခြောက်သွားတဲ့အထိ ကပ်ထားလို့ ရပါတယ်။ ပြီးမှ ရေအေးအေးနဲ့ ဆေးချပါ။ ငှက်ပျောသီးက အစိုဓါတ်ပေးနိုငတဲ့အပြင် အရေးအကြောင်း ဖြစ်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ပျားရည်နဲ့ သံလွင်ဆီကလည်း အစိုဓါတ်ပေးတာမို့ အသားအရေခြောက်တဲ့သူတွေအတွက် လုပ်သင့်တဲ့ Face mask တစ်မျိုးပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ် (photo: HEALTHLINE)

မိန်းကလေးတို့ရေ ရှားစောင်းလက်ပပ်ကလည်း တကယ်အစွမ်းထက်တာ သိထားပြီးသား မဟုတ်လားနော်။ အသားအရေခြောက်သွေ့တဲ့သူတွေအတွက် အကောင်းဆုံးပဲလေ။ ရှားစောင်းလက်ပပ်က ရေဓါတ်ဖြည့်ပေးတဲ့အပြင် ယားယံခြင်း၊ နီရဲခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ရှားစောင်းလက်ပပ်အတွင်းဂျယ်လ်အနှစ်ကို ပျားရည် လက်ဖက်စားဇွန်းတဝက်လောက်နဲ့ ရောစပ်ပြီး မျက်နှာမှာုသုတ်လိမ်းပါ။ ခပ်တင်းတင်းလေး ဖြစ်သွားမှ ရေအေးနဲ့ ဆေးချပါ။

သခွားသီး

သခွားသီး (photo: freepik)

သခွားသီးက အရည်ရွှမ်းတဲ့အသီးတစ်မျိုးပဲဆိုတော့ ရေဓါတ်ပြည့်စေတယ်လေ။ ဒီတော့ မျက်နှာအသားအရေ ခြောက်သွေ့တဲ့သူတွေအတွက်တော့ ကွက်တိပဲပေါ့။ သခွားသီးကို အခွံနွှာပြီး ချေထားပါ။ သကြားလက်ဖက်စားဇွန်း(၁)နဲ့ ရောစပ်လိုက်ပါ။ သကြားတွေ ကျေသွားအောင် လုပ်လည်း ရပါတယ်။ အနှစ်လေးတွေ ဖြစ်သွားပြီဆိုရင် မျက်နှာမှာ (၁၀) မိနစ်လောက် ကပ်ထားလိုက်ပါ။ (၁၀) မိနစ်လောက်ပဲနော် အဲ့ဒီထက်ပိုကြာရင် သခွားသီးက စုပ်ယူထားတဲ့ အပူတွေကန်ထွက်လာပြီး အဖုထွက်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ နောက်မှ ရေအေးအေးလေးနဲ့ ဆေးချပေးပါ။

ကြက်ဥအနှစ်

ကြက်ဥအနှစ် (photo: hellobasci)

ကြက်ဥအကာအဖြူကတော့ အဆီပြန်တဲ့သူတွေအတွက် ကောင်းမွန်စေပြီး ကြက်ဥအနှစ်ကတော့ ခြောက်သွေ့တဲ့သူတွေအတွက် ကောင်းမွန်စေပါတယ်။ ကြက်ဥအနှစ်က အစိုဓါတ်ပေးတဲ့အပြင် ခြောက်သွေ့တဲ့အသားအရေအတွက် အာဟာရ ပေးနိုင်ပါသေးတယ်။ ကြက်ဥအနှစ်(၁) လုံးကို ပျားရည်လက်ဖက်စားဇွန်း (၁) ဇွန်းနဲ့ ရောစပ်ပြီး မွှေလိုက်ပါ။ ရလာတဲ့အရည်ကို မျက်နှာမှာ ဆယ်မိနစ်လောက် ထားပါ။ နောက်မှ ရေအေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်နိုင်တယ်နော်။

 

Tags: beautyface mask

Comments

0 comments
Advertisement