ချစ်တို့ရေ မျက်နှာသစ်တယ်ဆိုတာ အသားအရေကို ဂရုစိုက်ခြင်းရဲ့ အခြေခံ အရေးအကြီးဆုံး အချက်ပဲမလားနော်။ မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးကို အကောင်းဆုံးတွေ သုံးခဲ့ကြသလို ခုအခါမှာတော့ လက်နဲ့ မသစ်ဘဲ Brushလေးတွေနဲ့ သစ်လာကြပါပြီ။ လက်နဲ့သစ်တာက လက်မှာရှိတဲ့ ပိုးမွှားတွေ မျက်နှာကို ထိတွေ့စေနိုင်တာမလို့ Brushလေးတွေသစ်တာက ပိုးမွှားတွေ ဝင်ရောက်တာကို လျော့နည်းစေပါတယ်။ Brushလေးတွေနဲ့ဆိုရင် ရွေးချယ်စရာ အရမ်းများပါတယ်။ ရွေးချယ်စရာ အများကြီးထဲကနေမှ ကိုယ့်မျက်နှာနဲ့ အကိုက်ညီဆုံးဖြစ်မယ့် အကောင်းဆုံး Brush (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

BEST CLEANSING BRUSH FOR HARD-TO-REACH AREAS
ulta.com
$ 19.99
ဒီမျက်နှာသစ် Brush ကတော့ မျက်နှာအတွင်းပိုင်းထိ သန့်စင်ပေးနိုင်ပါတယ်။ Brush မှာ ပါဝင်တဲ့ အမွှေးနုလေးတွေက နှာခေါင်းကြားလေးတွေအထိ ရောက်နိုင်တာမလို့ ကြားနေရာအထိ သန့်ရှင်းပေးနိုင်ပါတယ်။ အမွှေးလေးတွေက နုနုလေးမလို့ မျက်နှာကို မထိခိုက်စေတော့ဘူးပေါ့။ သူ့မှာက မတူတဲ့ အမွှေးနုလေးတွေ (၃) မျိုးတောင် ပါတာမလို့ ချစ်တို့ ကြိုက်နှစ်သက်မှာပါ။

2. Flawless by Finishing Touch Flawless Cleanse Hydro
BEST FACIAL CLEANSING AND MASSAGING BRUSH
$39.99
မျက်နှာသစ် Brush ကတော့ လက်ကိုင်လေးလည်း ပါတော့ ပိုပြီးတော့ ကိုင်ရတာ အဆင်ပြေမှာပါ။ သူက exfoliating လုပ်တဲ့အခါမှာပါ အဆင်ပြေစေမှာပါ။ နောက်ပြီး သူက မျက်နှာကို နှိပ်နယ်ပေးသလိုလေးလည်း ဖြစ်နေမှာပါ။ မျက်နှာ ဖောင်းတာတွေကိုလည်း လျှော့ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ (ဒေါ်လာ 39.99) ကျမှာ ဖြစ်ပါတယ်။

3. Naturopathica Facial Cleansing Brush
BEST FACIAL CLEANSING BRUSH WITH SOFT BRISTLES
$ 29
ချစ်တို့ရေ Cleansing Brush ကောင်းကောင်းလေး လိုချင်ရင်တော့ ဒါမျိုးလေးတွေ ရွေးချယ်လို့ ရပါတယ်။ နူးညံ့ပြီး မျက်နှာနေရာအနှံ့ တိုက်လို့ ရတာမလို့ ချစ်တို့အတွက် အဆင်ပြေစေပါတယ်။ ယားယံတာမျိုးတွေ မျက်နှာအသားအရေ ခြောက်သွေ့တာမျိုးတွေလည်း မဖြစ်စေတော့ပါဘူး။

BEST FACIAL CLEANSING BRUSH ON AMAZON
$ 22.99
ဒီCleansing Brush ကတော့ Amazon မှာ five-star ရထားတာဖြစ်ပြီး မျက်နှာသစ်တာကို စိတ်ဝင်စားသူတွေရဲ့ အသည်းစွဲ Brush တစ်မျိုးပါပဲ။ Cleansing Brush ကတော့ ချစ်တို့အတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။ မျက်နှာတစ်ခုလုံးကို အတွင်းပိုင်းထိ ထိရောက်အောင် သန့်စင်ပေးနိုင်မယ့် Brush ပါ။
Comments