Advertisement

အသားအရေမှာ အရေးအကြောင်းဖြစ်တာတွေ လျော့ကျစေပြီး ရှိရင်းစွဲ အသက်ထက် ပိုပြီး နုပျိုအောင် စွမ်းဆောင်ပေးနိုင်တဲ့ ဓါတ်ပေါ့။ နုပျိုကျန်းမာစေတဲ့ ဓါတ်တွေ များများရှိဖို့ Collagen ပါတဲ့ အစားအစာတွေ ထည့်စားဖို့ လိုပါတယ်။ဒါကြောင့်လည်း ခုနောက်ပိုင်း မိန်းကလေးတော်တော်များမျာCollagenကို အမှုန့်၊ ဆေးလုံး အစရှိသလိုတွေ ဝယ်သောက်တာမျိုး ရှိပါတယ်။ ဒါပေမယ့် အချစ်လေးတို့က အဲဒီလိုမျိုးတွေလည်း မသောက်ချင်ဘဲ Collagen ဓါတ်လိုချင်တယ်ဆိုရင် အစားအသောက်ဆီကနေ ရအောင် လုပ်လို့ရပါတယ်နော်။ ယူတို့ နေ့တိုင်းစားတဲ့ အစားအစာတွေထဲမှာ Collagen ပါတဲ့ အစားအစာတွေကို ထည့်စားဖို့ပါပဲ။

ပဲအမျိုးမျိုး

Collagenသီးသန့်မသောက်ချင်ဘူးဆိုရင်တော့ ပဲအမျိုးမျိုး စားပါ။ ပဲမှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေက Collagen ဖြစ်ဖို့ အထောက်အကူပေးတာမို့ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏကို ရရှိနိုင်မှာပါ။

အချဉ်ဓါတ်ပါတဲ့ အသီးတွေ

အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာပါတဲ့ Vitamin C က Collagenထုတ်ပေးဖို့အတွက် အထောက်အကူပြုတာမို့ ခန္ဓာကိုယ်က လိုအပ်တဲ့ Collagenဓါတ် ရရှိစေပါတယ်။ အချဉ်ဓါတ်ပါတဲ့ အသီးတွေဖြစ်တဲ့ သံပုရာသီး၊ Sunkist သီး၊ ကီဝီသီးနဲ့ လိမ္မော်သီးတွေ များများ စားပေးပါ။

ငါးအမျိုးမျိုး

Collagenဓါတ်ရချင်တယ်ဆိုရင်တော့ ငါးအမျိုးမျိုးကိုလည်း မေ့ထားလို့ မရဘူးနော်။ ငါးမှာပါတဲ့ Omega Fatty Acid က Collagenထုတ်ဖို့ အထောက်အကူပြုပေးတာမို့ အသားအရေ တင်းရင်းနုပျိုပြီး အရွယ်တင်စေပါတယ်။ တူနာငါးစားပေးလို့လည်း ရတယ်နော်။

ကြက်သွန်ဖြူ

Collagen များများ လိုချင်တဲ့ မိန်းကလေးတွေအနေနဲ့ ကြက်သွန်ဖြူ လည်း စားပေးဖို့ လိုပါတယ်။ ကြက်သွန်ဖြူက Collagenများများပေးနိုင်တဲ့အပြင် ဆာလဖာပါဝင်တာကြောင့် ရှိပြီးသား Collagenဓါတ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကတော့ မိန်းကလေးတွေ အလှအပအတွက် အများဆုံး အသုံးပြုကြတယ်နော်။ ခရမ်းချဉ်သီးကို ပါးပါးလေးလှီးပြီး မျက်နှာမှာ ကပ်တာမျိုးလည်း လုပ်ကြတယ်မလား။ အဲဒီလို အသားအရေအတွက် ကောင်းတဲ့ ခရမ်းချဉ်သီးက ခန္ဓာကိုယ်ကနေ  Collagenထုတ်ဖို့ (၃၀%) လောက် ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးလည်း စားပေးပါ။

အသက်ကြီးတဲ့အထိ နုပျိုလန်းဆန်းချင်တယ်ဆိုရင်တော့ ဒီအစားအစာတွေ မဖြစ်မနေ စားဖို့ လိုပါတယ် ချစ်တို့ရေ။

 

Comments

0 comments