Advertisement

နေပူထဲ အကြာကြီးထွက်တဲ့အခါ ဆံသားတွေ ခြောက်သွေ့တဲ့အပြင် ကြွပ်ဆတ်တာမျိုးထိ ရှိလာနိုင်တာမလို့ ဒီအချက်လေးတွေ  လိုက်နာပေးပါ။

ဆံပင်နဲ့ ပတ်သက်ရင် ဆံသားမှာ အဆီပြန်ပြီး ဆံပင်က ကပ်စေးစေးကြီး ဖြစ်လို့ စိတ်ညစ်တဲ့သူ ရှိသလို ဆံသားတွေ ခြောက်သွေ့ပြီး ကြွပ်ဆတ်နေလို့ စိတ်ညစ်တဲ့သူတွေလည်း ရှိတယ်နော်။ ဆံသားခြောက်ခြောက်ကြီးတွေ ဖြစ်ပြီဆိုရင် အရောင်က နီကျင်ကျင်တွေ ဖြစ်ပြီး ဖွာလန်ကျဲလို့ ကြည့်မကောင်းဘူးလေ။ ဒီလိုမျိုး ဆံသားတွေ ခြောက်သွေ့လာပြီဆိုရင် လုပ်ဖို့ လိုတာတွေ ရှိတယ်နော်။

အဆီ လိမ်းပါ

ဆံသားခြောက်သွေ့တယ်ဆိုရင် ဓါတုပစ္စည်းတွေ မပါတဲ့ ပစ္စည်းတွေကို သုံးဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဓါတုပစ္စည်းတွေက ဆံသားအဆီတွေကို ခမ်းစေနိုင်တာကြောင့်ပါ။ ဆံသားခြောက်သွေ့တာမျိုး မကြိုက်ရင်တော့ သဘာဝအဆီ သုံးဖို့ လိုပါတယ်။ သဘာဝအဆီတွေ ဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေ လိမ်းပေးပါ။ ဒါတွေက အစိုဓါတ် ပေးနိုင်တဲ့ သဘာဝအဆီမို့ အဆင်ပြေနိုင်မှာပါ။\

ပုံသွင်းတဲ့အခါ

ဆံပင်ပုံသွင်းတဲ့အခါ အပူချောင်းသုံးတာ လျှော့ပါ။ နောက်ပြီး Dryer သုံးတဲ့အခါ လေအပူနဲ့ မသုံးပါနဲ့။ လေအေးနဲ့ပဲ သုံးပါ။ အပူတွေနဲ့ ဆံပင်ကို ခဏခဏ ထိတာက ဆံသားတွေခြောက်သွေ့စေနိုင်ပါတယ်။

ပုံသွင်းတဲ့အခါ

ပုံသွင်းတဲ့အခါ

အပြင်ထွက်မယ်ဆိုရင်

နေပူထဲ ထွက်တဲ့အခါ ခေါင်းဆောင်းတစ်ခုခု ယူပါ။ ထီး၊ ဦးထုပ် တစ်ခုခုပေ့ါနော်။ မဟုတ်ရင် UV တွေ ဆံပင်ကို တိုက်ရိုက်ထိတာက အဆီတွေကို ကုန်ခမ်းစေပြီး ဆံသားတွေ ခြောက်သွေ့ကြွပ်ဆတ်စေနိုင်ပါသေးတယ်။ ဆံသားမခြောက်သွေ့စေချင်ရင် နေရောင်ခြည်လည်း ရှောင်ပါ။

ဂရုစိုက်ပါ

ဆံသားတွေ ခြောက်သွေ့တာကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ခေါင်းနေ့တိုင်းလျှော်တာ ဒါမှမဟုတ် ခဏခဏ လျှော်တာမျိုး ရှောင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ခေါင်းနေ့တိုင်းလျှော်တဲ့အခါ ဆံပင်မှာ ရှိရမယ့် အဆီတွေ ခမ်းခြောက်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ နောက်တစ်ခုကတော့ ခေါင်းလျှော်ရည်တွေမှာ ပါတဲ့ Chemical တွေက ခေါင်းကနေထွက်တဲ့ သဘာဝအဆီကို စုပ်ယူပစ်လိုက်တာမို့ ခြောက်သွေ့စေနိုင်ပါသေးတယ်။

ချစ်တို့ရေ နေပူထဲ အကြာကြီးထွက်တဲ့အခါ ဆံသားတွေ ခြောက်သွေ့တဲ့အပြင် ကြွပ်ဆတ်တာမျိုးထိ ရှိလာနိုင်တာမလို့ ဒီအချက်လေးတွေ  လိုက်နာပေးပါ။

Tags: beautyhair

Comments

0 comments