Advertisement

အဆီပြန်တဲ့သူ အများစုက Moisture လိမ်းလိုက်ရင် စေးကပ်ကပ်ကြီးနဲ့ အဆီပိုပြန်မယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်က လုံးဝကို မှားပါတယ်။

ကိုယ့်မျက်နှာက သူများတွေလို မျက်နှာတပြင်လုံး အဆီပြန်တာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ T-Zone  နေရာမှာပဲ အဆီပြန်နေတယ်ဆိုရင် ဂရုစိုက်ဖို့ လိုတယ်နော်။ ဒီတစ်ခါမှာတော့ T-Zone  နေရာမှာပဲ အဆီပြန်တဲ့သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

T-Zone နေရာ

T-Zone  နေရာဆိုတာ မျက်နှာမှာ ပုံစံချလိုက်ရင် နဖူး၊နှာခေါင်းနဲ့ မေးစေ့ နေရာ T ပုံစံနေရာမှာပဲ အဆီပြန်တာမျိုးပါ။ အဲဒီနေရာမှာပဲ အဆီပြန်တဲ့အပြင် ချွေးပေါက်တွေပိုကျယ်တယ်၊ ဆားဝက်ခြံနဲ့ အဆီဖုတွေ ထွက်တာမျိုးပေါ့။

မျက်နှာသေချာသစ်ပါ

T-Zone  နေရာမှာ အဆီပြန်တတ်တဲ့သူဆိုရင်တော့ ပထမဦးဆုံး ဂရုစိုက်ရမှာကတော့ မျက်နှာသစ်တာပါ။ ချစ်တို့ မျက်နှာမှာ အဆီပြန်နေပြီဆိုရင်တော့ အယ်လ်ကိုဟော ပါတဲ့ မျက်နှာသစ်ဆေးနဲ့ အဆီပါတဲ့ မျက်နှာသစ်ဆေးတွေကို ရှောင်ပါ။ နောက်ပြီး အဆီကို ထိန်းချုပ်ပေးမယ့် မျက်နှာသစ်ဆေးကိုသာ သုံးပါ။

အဆီစုပ်စက္ကူ

အဆီတွေ များလွန်းတယ်ဆိုရင်တော့ အဆီစုပ်စက္ကူလေး ဆောင်ထားပါ

အဆီစုပ်စက္ကူ

မျက်နှာမှာ အဆီတွေ များလွန်းတယ်ဆိုရင်တော့ အဆီစုပ်စက္ကူလေး ဆောင်ထားပါ။ ဒါက ချစ်တို့မျက်နှာမှာ အဆီတဝင်းဝင်း ဖြစ်နေတာကို သက်သာစေမှာပါ။ အဆီစုပ်စက္ကူလေးတွေနဲ့ အဆီထွက်တဲ့နေရာကို သုတ်တဲ့အခါ ပွတ်ဆွဲတာမျိုး မလုပ်ဘဲ ဖိပြီးကပ်တာမျိုးသာ လုပ်ပေးနော်။

Moisture လိမ်းပါ

အဆီပြန်တဲ့သူ အများစုက Moisture လိမ်းလိုက်ရင် စေးကပ်ကပ်ကြီးနဲ့ အဆီပိုပြန်မယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်က လုံးဝကို မှားပါတယ်။ အဆီပြန်တဲ့သူတွေက Moistureကို ပုံမှန်ထက်အောင် လိုအပ်ပါသေးတယ်။ Moisture ရှိနေမှ ချစ်တို့မျက်နှာမှာ အစိုဓါတ်ရပြီး ရေဓါတ်ပြည့်ဝပြီး အဆီပြန်တာမျိုး မဖြစ်မှာပါ။ ဒါကြောင့် T-Zone နေရာအဆီပြန်တယ်ဆိုရင် Moisture လိမ်းဖို့ မမေ့ပါနဲ့။

Moisture

Moisture လိမ်းပါ

အဆီပြန်တာကို သက်သာစေမယ့် ပစ္စည်းတွေ

အဆီပြန်တာကို သက်သာစေမယ့် ပစ္စည်းတွေပါတဲ့ skin care တွေပဲ သုံးပါ။ ချစ်တို့ရဲ့  skin care တွေထဲမှာ tea tree ပါတဲ့ ပစ္စည်းတွေ သုံးပါ။ ဒါက အဆီပြန်ခြင်းကို သက်သာစေပါတယ်။ နောက်တစ်ခုကတော့ green tea ပါတဲ့ပစ္စည်းပါ။ သူတို့တွေက ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်ပြီး အဆီပြန်တာကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ချစ်တို့ မျက်နှာမှာ T-Zone တစ်နေရာပဲ အဆီပြန်တယ်ဆိုရင် အခုပြောတဲ့ နည်းလမ်းလေးတွေ လုပ်ကြည့်ပါနော်။

Tags: skin caret zone

Comments

0 comments