Advertisement

sunscreen လိမ်းတဲ့အခါမှာ ထိရောက်အောင် လိမ်းဖို့ လိုပါတယ်။ ပထမဆုံးအနေနဲ့ နေရောင်ကာလိမ်းခရင်ကို ဘယ်အဆင့်မှာ လိမ်းမလဲဆိုတာပါ။ 

ချစ်တို့ရေ မျက်နှာအသားအရေကို ဂရုစိုက်တယ်ဆိုရင် မျက်နှာမှာ  Sunscreen  မဖြစ်မနေ လိမ်း ဖို့ လိုပါတယ်။  Sunscreen  လိမ််းကြပြီ ဆိုရင်လည်း မှန်မှန်ကန်ကန် ဖြစ်အောင်လိမ်းဖို့ လိုပါတယ်။ Sunscreen  လိမ်းတဲ့အခါမှာရော ရွေးချယ်တဲ့အခါမှာပါ သေချာရွေးဖို့ လိုပါတယ်။ ရာသီဥတုပေါ် မူတည်ပြီးတော့လည်း ကိုယ့်အသားအရေလည်း ပြောင်းတတ်တာမလို့ Sunscreen  သေချာလိမ်းဖို့ လိုပါတယ်။ ဒီတော့ ဘယ်လိုရွေးပြီး ဘယ်လိုလိမ်းကြရမလဲဆိုတာ သိထားဖို့ လိုပါတယ်။

Sunscreen လိမ်းကြတဲ့အခါ

  • ချစ်တို့ရေ sunscreen လိမ်းတဲ့အခါမှာ ထိရောက်အောင် လိမ်းဖို့ လိုပါတယ်။ ပထမဆုံးအနေနဲ့ နေရောင်ကာလိမ်းခရင်ကို ဘယ်အဆင့်မှာ လိမ်းမလဲဆိုတာပါ။  sunscreen ကို မျက်နှာပေါ် တိုက်ရိုက်တင်တာမျိုး မလုပ်ပါနဲ့။ တခြား skin care အဆင့်တွေ ပြီးမှသာ  sunscreen ကိုလိမ်းပါ။ လက်မှာ အရင်ဆုံး ပွတ်ပြီးမှ မျက်နှာပေါ်မှာ တင်ပါ။
  • ဗူးထဲကနေ ယူတဲ့အခါမှာလည်း လုံလောက်တဲ့ ပမာဏ ဖြစ်ပါစေ။ နည်းလွန်းတာက မျက်နှာကို မထိရောက်စေသလို များရင်လည်း အသားအရေအတွက် မကောင်းဘူးလေ။
  • ချစ်တို့ရေ  sunscreen မှာ physical sunscreenနဲ့  chemical  sunscreen ဆိုပြီး ရှိပါတယ်။ physical sunscreen တွေက နေပူထဲ မထွက်ခင် မိနစ်(၂၀) လောက် ကြိုတင်ပြီး လိမ်းထားပေးပါ။ မိနစ်(၂၀) လောက်ကြာမှ အသားအရေက လိမ်းထားတာကို စုပ်ယူနိုင်မှာပါ။
  • sunscreenက နေ့တိုင်း လိမ်းပေးဖို့ လိုပါတယ်နော်။ ချစ်တို့ အပြင်မထွက်ဘူး နေပူထဲ မထွက်ဘူးဆိုရင်တောင် လိမ်းဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာနေရင်လည်း မီးချောင်းကနေ လာတဲ့အလင်းရောင်တွေကနေ မျက်နှာကို ထိမိစေနိုင်ပါတယ်။ ဒီတော့ နေရောင်ကာခရင်မ်က လိုကို လိုအပ်ပါတယ်။ လိမ်းကို လိမ်းရပါမယ်။
  • အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ sunscreen ဝယ်တဲ့အခါမှာ gel type လိမ်းတာက ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ မဟုတ်ရင် ချစ်တို့မျက်နှာမှာ စေးကပ်ပြီး ပိုအဆီပြန်တယ်လို့ ခံစားရနိုင်ပါတယ်။ စေးကပ်ကပ်ဖြစ်တာ မကြိုက်ရင် ကိုယ့်အသားအရေနဲ့ ကိုက်တာကိုသာ ရွေးချယ်ပါ။
  • ချစ်တို့ sunscreen လိမ်းတဲ့အခါ မျက်လုံးနားတဝိုက် မလိမ်းပါနဲ့နော်။ မျက်လုံးအတွက်က eye cream ကိုသာ လိမ်းပါ။
  •  sunscreen လိမ်းတဲ့အခါ အသားထဲကို စိမ့်ဝင်အောင် သေချာလိမ်းပေးဖို့လည်း လိုပါတယ် ချစ်တို့ရေ။
  • ချစ်တို့ရေ sunscreen ကို ခရင်မ် ပုံစံမဟုတ်ဘဲ ဖြန်းတဲ့ spray type လည်း ရှိပါတယ်။ မျက်နှာကိုတော့  spray type  မသုံးဘဲ လက်နဲ့ ခန္ဓာကိုယ်ကိုသာ သုံးပါ။ မျက်နှာအတွက်ဆိုရင်တော့ စပ်တာမျိုး မတည့်တာမျိုးလေးတွေလည်း ဖြစ်တတ်တာမို့ ခန္ဓာကိုယ်ကိုပဲ သုံးပါ။
  • ချစ်တို့ sunscreen လိမ်းတဲ့အခါ မျက်နှာတစ်မျိုးတည်းပဲ မလိမ်းပါနဲ့။

Sunscreen လိမ်းရင် ဘာတွေထူးမလဲ

Sunscreen လိမ်းရင် ဘာတွေထူးမလဲ

Sunscreen လိမ်းရင် ဘာတွေထူးမလဲ https://www.myhealthyclick.com/

ချစ်တို့ရေ Sunscreen လိမ်းမယ်ဆိုရင် ကိုယ့်ရဲ့ အသားအရေ ညစ်တာမျိုး မဖြစ်စေတော့ပါဘူး။ နေလောင်တာကနေ ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် အရေးအကြောင်း ဖြစ်တာ၊ တင်းတိပ်၊ အမဲစက်တွေ ဖြစ်တာကို လျှော့ချပေးပါတယ်။ အသားအရေ မွဲခြောက်တာမျိုးလည်း မဖြစ်စေတော့ပါဘူး။ ဒါကြောင့် ချစ်တို့အနေနဲ့ sunscreen မဖြစ်မနေ လိမ်းဖို့ လိုပါတယ်။

အသားအရေက ထိခိုက်လွယ်တယ်ဆိုရင် မျက်နှာကို နေပူလောင်တာမျိုးလည်း ရှောင်ရပါမယ်နော်။ အဆောင်းအကာမပါဘဲ နေပူထဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေရောင်ကာလိမ်းခရင်မ်တွေလည်း မမေ့ပါနဲ့။ မျက်နှာမှာ နေလောင်တာမျိုး ဖြစ်ရင် အဆင်မပြေဘူးလေနော်။ ဘာမှမလိမ်းရင်တောင် Sunscreen ကိုတော့ မဖြစ်မနေလိမ်းပါ။

နေလောင်ထားတာတွေ ရှိတယ်ဆိုရင် အပြင်ထွက်တဲ့အခါ sunscreenလိမ်းပြီး နေပူထပ်မထိရအောင် အဝတ်အစား သေချာဝတ်ပါ။ ခန္ဓာကိုယ်ကို နေမထိအောင် လက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပါ။ နေပူကြီးထဲ အထူကြီးတွေ ဝတ်ခိုင်းတာ မဟုတ်ဘူးနော်။ နေပူမထိရအောင် ဝတ်ပါ။

 

ချစ်တို့ရေ Sunscreen လိမ်းတာက ကိုယ့်ရဲ့ အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာမလို့ ဒီအဆင့်ကို ကျော်ခဲ့ ချန်ခဲ့လို့ လုံးဝ လုံးဝ မရဘူးနော်။ 

 

Tags: beautysunscreen

Comments

0 comments