Advertisement

မျက်နှာမှာ မိတ်ကပ်လှလှလေး လိမ်းထားတာ အဆင်ပြေဖို့ဆိုတာ အောက်ခံမိတ်ကပ် အရွေးမှန်ဖို့ လိုပါတယ်။ ဘယ်လိုရွေးချယ်ရမလဲ သိထားဖို့ လိုတယ်နော်။

မလှချင်တဲ့ မိန်းကလေးလို့ မရှိဘူးနော်။ အလှပြင်ဖို့ ပျင်းတာနဲ့ မပြင်တတ်သေးတဲ့ မိန်းကလေးပဲ ရှိမှာ။ အလှပြင်တော့မယ်ဆိုရင် ပထမဆုံး ဦးစားပေး ရွေးချယ်ရမှာက Foundation နော် ။ အစက စပြင်မယ်ဆိုရင် သူက အသက်ပဲလေ။ မိတ်ကပ်ပြင်တဲ့နေရာမှာ Foundation အရွေးမှားလို့ကတော့ မိတ်ကပ်က သက်သက် မျက်နှာက သက်သက် ဖြစ်နေမှာနော်။ ဒီတော့ Foundation အရွေးမှန်ဖို့ လိုတယ်။ ဘယ်လိုရွေးလို့ရမလဲ ပြောပြမယ်နော်။ ဆိုင်မှာ ရွေးရင် သေချာရွေးခဲ့နော်။

(photo: liveabout)

Skin type

မိတ်ကပ် Foundation ရွေးရင် ကိုယ့်ရဲ့ အသားအရေ အမျိုးအစားကို မေ့ထားလို့ မရဘူးနော်။ အသားအရေပေါ် မူတည်ပြီး မိတ်ကပ်က ပြောင်းနိုင်တယ်လေ။ တချို့က Foundation လိမ်းပြီးမှ အဆီပြန်လာတာတို့၊ မျက်နှာ မည်းညစ်သွားတာတို့ ရှိပြန်ရော။ ဒါက Skin type ပေါ်မူတည်ပြီး သေချာမရွေးချယ်လို့ပါ။ ကိုယ့်အသားအရေက အဆီပြန်တတ်တယ်ဆိုရင် Oil များများပါတဲ့ Foundation တွေ မရွေးချယ်ပါနဲ့။ Moisture ဖြစ်စေတာလောက်ပဲ ယူပါ။ အသားအရေ ခြောက်တတ်တဲ့သူဆိုရင် လိမ်းပြီး ခြောက်ခြောက်ကြီး ဖြစ်စေတဲ့ Foundation မျိုး ရှောင်ပါနော်။

Skin color

ယူတို့ရေ.. မိတ်ကပ်ရွေးပြီဆိုရင် အရောင်က အသက်နော်။ အရောင်အရွေးမှားလို့ကတော့ လိမ်းတဲ့အချိန်တိုင်း စိတ်တိုင်းမကျ ဖြစ်နေရမှာ။ မိတ်ကပ် Foundation တွေမှာ အရောင် မတူတာတွေ အများကြီး ထွက်ပါတယ်။ ဘယ် Brand ပဲဖြစ်ဖြစ် အနည်းဆုံး (၃) ရောင်လောက်တော့ ရွေးချယ်လို့ ရပါတယ်။ ဒီထဲကမှ ကိုယ်နဲ့ အကိုက်ညီဆုံးကို ရွေးရမှာပါ။ အဲဒီတော့ အရောင်များများရွေးလို့ရတဲ့ Brand ကို ဦးစားပေးရွေးပါ။ ဒါဆို ပိုအဆင်ပြေနိုင်တယ်လေ။ Skin မှာ cold tone colors နဲ့ warm tone colors ဆိုပြီး(၂) မျိုးရှိတယ်လေ။ Cold colors ကတော့ ပန်းရောင်နဲ့ အဖြူရောင်ဘက် သွားတဲ့ အသားအရေပါ။ ဒါဆိုရင်တော့ အဖြူဘက်ကို သွားတဲ့ Foundation ရွေးပါ။ Warm colors ကတော့ အညိုရောင်နဲ့ အဝါရောင်ဘက် သွားတဲ့ အသားအရေပိုင်ရှင်တွေ ရွေးရမှာပါ။ ဒါက ဆိုင်မှာမေးလို့လည်း ရတယ်နော်။ ဘယ်ဟာက cold လဲ warm လဲဆိုတာ မေးပါ။ ပြီးမှ ရွေးချယ်ပါ။ ကိုယ့်အသားအရေ အရောင်က warm ဆိုရင် warm ဘက်ရောက်တဲ့ အဆင့်တွေထဲကနေ ရွေးပါ။ သူများမျက်နှာဖြူတာလေး ကြိုက်လို့ အဖြူတွေ မရွေးပါနဲ့နော်။ သူများနဲ့ လှပေမယ့် ကိုယ်နဲ့ အဆင်ပြေမလားဆိုတာ အရင်တွေးပါ။

(photo: thesplendidlifestyle.com)

ရွေးတဲ့အခါ

ရွေးတဲ့အခါမှာလည်း ကိုယ့်မျက်နှာအသားအရေနဲ့ အနီးစပ်ဆုံး အရောင်ရဖို့အတွက် ဂရုစိုက်ရမယ်နော်။ အဆင်ပြေမယ် ထင်တာတွေ ရွေးလာခဲ့လို့မရပါဘူး။ အဆင်ပြေမယ့်ဟာပဲ ရွေးရမှာပါ။ ရွေးရင်လည်း ကိုယ့်ရဲ့ အသားအရေက မျက်နှာနဲ့ လက်က ကွာတယ်ဆိုရင် Tester ကို လက်မှာထက် မျက်နှာမှာ စမ်းပါ။ နည်းနည်း လိမ်းကြည့်ပါ။ စမ်းရင်လည်း တစ်ရောင်တည်း မစမ်းပါနဲ့။ အနည်းဆုံး (၃) ရောင်လောက် စမ်းပါ။ (၃) ရောင်လောက် စမ်းမှ ကိုယ့်အသားနဲ့ တစ်ထပ်တည်း ကျပြီး ညက်ညက်လေး ဖြစ်မယ့် Foundation ရမှာပါ။

 

Comments

0 comments
Advertisement