Advertisement

ညဘက်မှာ ဝက်ခြံတွေကို တိုက်ထုတ်မယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အဆင့်လေးတွေ နည်းလမ်းလေးတွေ လိုတယ်နော်။ ဒါမှ ဝက်ခြံထွက်တာတွေ မဖြစ်ဘဲ ထွက်ထားတာတွေလည်း လျော့ကျမှာပါ။

မျက်နှာမှာ ဝက်ခြံတွေ ရှိနေလို့ စိတ်ညစ်နေပြီလား။ ဝက်ခြံဆိုတာကြီး ရှိနေရင် စိတ်ကအလိုလို ညစ်နေရောနော်။ မှန်ကြည့်တိုင်း ကုတ်ချင်ဖဲ့ချင်လာပြီး ဘယ်လိုပျောက်အောင် လုပ်ရမလဲပဲ တွေးနေမိမှာပါ။ ဝက်ခြံတွေ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိသလို ပျောက်အောင် ကုသရမယ့် နည်းလမ်းတွေကလည်း အများကြီးပါပဲ။ ဒီလိုမျိုး ကုသနည်းတွေထဲမှ ညဘက်မှာ ဝက်ခြံတွေကို အထိရောက်ဆုံး ကုသလို့ရမယ့် သက်သာစေတဲ့ နည်းလမ်းလေး ပြောပြမယ်နော်။

မျက်နှာသစ်မယ်

ဝက်ခြံတွေကို တိုက်ထုတ်မယ် စဉ်းစားထားရင်တော့ မျက်နှာသစ်တဲ့အပိုင်းက အရေးကြီးပါတယ်။ မနက်ခင်းမှာ လိမ်းထားတဲ့ မိတ်ကပ်တွေ၊ မျက်နှာအသားအရေထဲ စိမ့်ဝင်နေတဲ့ ဖုန်မှုန့်၊ သဲမှုန့်တွေ၊ အညစ်အကြေးတွေကို ညဘက်မှာ သေချာသန့်ရှင်းပစ်ထုတ်ဖို့ လိုပါတယ်။ မဟုတ်ရင် ချွေးပေါက်တွေ ပိတ်ပြီး အဆီခဲ၊ အဆီဖု ဝက်ခြံတွေ ဖြစ်လာတာကြောင့်ပါ။ ဒါကြောင့် မျက်နှာသစ်ဆေးနဲ့ သေချာသစ်ဖို့ လိုပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာသစ်ဆေးကို လက်ထဲမှာ အမြှုပ်ထွက်အောင် ပွတ်ပြီးမှ မျက်နှာပေါ် တင်ပါ။ လက်သည်းနဲ့ အတင်းကုတ်ခြစ်ပြီး သစ်တာမျိုး မလုပ်ပါနဲ့။ ဝက်ခြံ ပိုဆိုးလာစေနိုင်ပါတယ်။

(photo: SK2.COM)

Mask ကပ်မယ်

ဝက်ခြံတွေ သက်သာစေမယ့် ညဘက်လုပ်ရမယ့် နည်းလမ်းထဲမှာ Mask ကပ်တာလည်း ပါပါတယ်နော်။ Mask မှာလည်း အမျိုးအစား အများကြီး ရှိတာမို့ တည့်မယ့် အမျိုးအစားကိုတော့ သေချာရွေးဖို့ လိုပါတယ်။ ဝက်ခြံတွေချက်ချင်း မသက်သာဘူးဆိုရင်တောင် Deep Cleansing ဖြစ်ဖို့နဲ့ အသားအရေကောင်းမွန်ဖို့ ကပ်ပေးဖို့ လိုတယ်နော်။

Toner

ဒါကလည်း ညဘက်မှာ ဝက်ခြံတွေကို တိုက်ထုတ်မယ်ဆိုတဲ့ သူတွေအတွက် မမေ့သင့်တဲ့ အဆင့်တစ်ခုပါပဲ။ Toner က ချွေးပေါက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာမို့ Toner ပြီး နောက်ထပ်လိမ်းတာတွေ အသားထဲ စိမ့်ဝင်မှုအားကောင်းစေပါသေးတယ်။ ချွေးပေါက်တွေထဲ Skin care တွေသေချာ ရောက်တာပေါ့နော်။

ရေဓါတ်ဖြည့်မယ်

Mask တွေက အမျိုးမျိုး ရှိတာမို့ တချို့Mask တွေမှာ အဆီတွေကိုပဲ စုပ်ယူပေးသွားပြီး ရေဓါတ်ဖြည့်ပေးတာမျိုး မပါဝင်ပါဘူး။ ဒါက သတိထားရမယ့် အချက်ပါနော်။ ဒီလိုMask မျိုးကပ်မယ်ဆိုရင် ရေဓါတ်သေချာ ဖြည့်ဖို့ လိုပါတယ်။ မျက်နှာကို ရေဓါတ်ဖြည့်ခရင်မ်တွေနဲ့ အစိုဓါတ်ထိန်းခရင်မ်တွေ သေချာ ပြန်လိမ်းပေးပါနော်။

Skin care အဆင့်ဆင့်

ဝက်ခြံသမားတွေမှာတော့ Cleansing Toner Moisture တွေက အဓိက ကျတာမို့ ဒီ (၃) ဆင့်ပြီးရင်တော့ ကိုယ်ပုံမှန်လိမ်းနေကျ Skin care တွေ အဆင့်ဆင့်လိမ်းလို့ ရပါပြီနော်။

(Photo: IVistkorea)

အိပ်ရာဝင်တဲ့အခါ

မျက်နှာပေါ်မှာ ဝက်ခြံ သက်သာစေမယ့် ကိုယ့်အသားအရေ ကောင်းစေမယ့် ပစ္စည်းတွေ လိမ်းပြီးပြီဆိုရင်တော့ မျက်နှာကို သန့်ရှင်းတဲ့ အရာတွေနဲ့ပဲ ထိတွေ့ခွင့်ပေးပါ။ ဒီတော့ လက်နဲ့သွားသွားထိနေတာမျိုး မလုပ်ပါနဲ့။ နောက်ပြီးတော့ အိပ်ရာခင်းတွေ၊ ခေါင်းအုံး၊ ဖက်လုံးတွေလည်း သန့်ရှင်းပါစေ။ ခေါင်းအုံးပေါ်မှာ သန့်ရှင်းတဲ့ သဘက်ဖြစ်ဖြစ် ခင်းအိပ်ပါ။ ဒါဆို ဝက်ခြံတွေ ဖြစ်မှာမဟုတ်သလို ဝက်ခြံတွေ သက်သာသွားမှာပါ။

 

 

 

Tags: acneadvicebeauty tip

Comments

0 comments