Advertisement

ချစ်တို့ရေ ခုဆိုရင်တော့ ချွေးပေါက်ကျယ်ရတဲ့ အချက်တွေနဲ့ ထိန်းသိမ်းရမှာတွေ သိပြီဆိုတော့ ဆောင်လိုက်ရှောင်လိုက်တော့နော်။

မျက်နှာမှာ ချွေးပေါက်တွေ ရှိလို့ စိတ်ညစ်နေလား။ ချွေးပေါက်ကျယ်ကျယ်ကြီးတွေက မျက်နှာမှာ မိတ်ကပ်လိမ်းရင်လည်း ကွက်ပြီး ပျက်တတ်သလို တခြားစကင်ကဲတွေလည်း မျက်နှာမှာ ကြာကြာမခံတတ်ဘူးလေ။ ချွေးပေါက်ကျယ်တွေနဲ့ဆိုရင် ကြည့်ရလည်း ဆိုးတာဆိုတော့ ချွေးပေါက်ကျယ်တာတွေ မဖြစ်အောင် နေဖို့လိုသလို ရှိပြီးသား ချွေးပေါက်တွေ ထိန်းသိမ်းဖို့လည်း လိုပါတယ်။

ရှိပြီးသားချွေးပေါက်တွေကို ထိန်းသိမ်းမယ်

ရှိပြီးသား ချွေးပေါက်တွေ ကျဥ◌်းသွားဖို့နဲ့ လျော့နည်းလာအောင် အရင်ထိန်းသိမ်းကြမယ်နော်။ အဲဒီနည်လးမ်းတွေကတော့…

  • အစိုဓါတ်ထိန်းခရင်မ် သေချာလိမ်းဖို့ လိုပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်မယ့် အစိုဓါတ်ထိန်းခရင်မ် ရွေးချယ်လိမ်းပါ။ ကိုယ့်ဆီမှာ ချွေးပေါက်တွေ ရှိနေတာမလို့ အသားအရေထဲ စိမ့်ဝင်မှုအားကောင်းစေမယ့် ခရင်မ်ကို လိမ်းပါ။ အမြဲတမ်း စွဲလိမ်းပါနော်။
  • မျက်နှာ တစ်နေ့နှစ်ကြိမ်သစ်ပါ။ ချစ်တို့ရေ မျက်နှာကို သေချာသန့်စင်အောင် သစ်ပါ။ နောက်ပြီး ချွေးပေါက်ကျယ်တာက အဆီပြန်တတ်တဲ့သူတွေမှာ ဖြစ်တတ်တာမလို့ အဆီပြန်တာကို သက်သာစေမယ့် မျက်နှာသစ်ဆေး ဖြစ်ရင် အကောင်းဆုံးပါ။
  • နေရောင်ကာခရင်မ်လိမ်းဖို့လည်း မမေ့ပါနဲ့။ မျက်နှာမှာ နေလောင်တာနဲ့ ခရမ်းလွန်ရောင်ခြည်ထိတာက ချွေးပေါက်ကျယ်တာတွေ ဖြစ်စေနိုင်သလို အရေးအကြောင်းတွေလည်း ပိုဖြစ်နိုင်ပါတယ်။
  • ရေများများ သောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓါတ်လိုတယ်ဆိုရင်လည်း ချွေးပေါက်ကျယ်တာတွေကို သက်ရောက်စေပါတယ်။
  • အသီးအနှံတွေ များများစားပါ။  အသီးအနှံတွေမှာ ပါတဲ့ အာဟာရနဲ့ ဗီတာမင်ဓါတ်တွေက ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ်။

ချွေးပေါက် ဒါကြောင့် ကျယ်ရတယ်

ချွေးပေါက်ကျယ်စေတဲ့ အကြောင်းအရင်းတွေကို ရှောင်ရှားလိုက်မယ်ဆိုရင် အတော် သက်သာသွားမှာမလို့ ဘယ်အချက်တွေက ဖြစ်စေတာလဲ ဖတ်ကြည့်ရအောင်……

  • မျက်နှာအသားရေ အဆီပြန်လွန်းတာ
  • ဟော်မုန်းအပြောင်းအလဲ ဖြစ်တာ
  • နေရောင်အထိအတွေ့များတာ
  • မျက်နှာသေချာမသစ်တာ
  • ညအိပ်ခါနီး မျက်နှာမသစ်တာ
  • အသားအရေ ထိန်းသိမ်းတာတွေ မလုပ်တာပဲ ဖြစ်ပါတယ်။

 

Tags: beautypore

Comments

0 comments