Advertisement

 ဆိုင်တွေမှာ Sugar Waxing  မလုပ်ချင်ဘူးဆိုရင်တော့ ခုပြောတဲ့ နည်းအတိုင်း လုပ်လို့ ရတယ်နော်။ အပူမလောင်ဖို့တော့ အထူးသတိထားပါ ချစ်တို့ရေ။

ဂျိုင်းမှာရှိတဲ့ အမွှေးအမျှင်တွေဆိုတာ အနှောင့်အယှက် တစ်မျိုးပဲလေနော်။ လက်ပြတ်ဝတ်ဖို့ အဆင်မပြေတာ၊ ဂျိုင်းချွေးနံ့ ပိုရတာမျိုးတွေလည်း ဖြစ်တတ်တော့ တကယ့်ကို ရှင်းပစ်ရမှာပါပဲ။ ရှင်းတဲ့အခါမှာလည်း မွေးညှပ်နဲ့ နှုတ်တာ၊ ဓါးနဲ့ ရိတ်တာ မဟုတ်ဘဲ Sugar Waxing လုပ်လို့ ရပါတယ်။ Sugar Waxing လုပ်တာကလည်း ဆိုင်တွေမှာဆို ငွေကုန်ကြေးကျ ပိုများပြီး သွားလာဖို့လည်း အချိန်ပိုပေးရတတ်တယ်လေ။ ဒီတော့ အိမ်မှာပဲ လုပ်ချင်တယ်ဆိုတဲ့ ချစ်တို့အတွက် Sugar Waxing လုပ်လို့ရမယ့် နည်းလေး ဖော်ပြလိုက်ပါတယ်နော်။

Sugar Waxing လုပ်နည်း

.pinterest.es

Sugar Waxing တွေက အွန်လိုင်းစတိုးကနေ ဝယ်တာမျိုး လုပ်လို့ရသလို အိမ်မှာလည်း လုပ်လို့ရပါတယ်။ အိမ်မှာ လုပ်မယ့်သူတွေအတွက် ကျိုစပ်နည်း ပြောပြမယ်နော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ သကြား၊ သံပုရာရည်နဲ့ ရေနွေးပါ။ ပျားရည် ရှိရင် ထည့်လို့ ရပါတယ်။ အချိုးအဆကတော့ သကြား ခွက်သေးတစ်ခွက်( 200 g)၊ သံပုရာရည်(၁/၈ ခွက်)နဲ့ ရေက (၁/၈ ခွက်) ပါ။ ချစ်တို့ရေ ပျားရည်ကတော့ ရှိမယ်ဆိုရင် လက်ဖက်စားဇွန်း (၁) ဇွန်းလောက် ထည့်ရင် ရပါပြီ။

အိုးကို မီးအရမ်းမပြင်းဘဲ အပူပေးပါ။ အိုးပူလာရင်တော့ သကြားထည့်ပါ။ သကြားတွေ အရောင်ပြောင်းပြီး ပျော်လာပြီဆိုရင် သံပရာရည်နဲ့ ရေကို ထည့်ပါ။ မီးအရှိန် နည်းနည်းနဲ့ ဆက်ကျိုထားပြီး မပျစ်မကျဲ အနေအထားဆိုရင် မီးပိတ်ပြီး အအေးခံထားပါ။ လုံးဝ အေးစက်သွားတဲ့အထိ အအေးခံတာမျိုး မဟုတ်ဘဲ ကိုယ့်ဂျိုင်းကြားအသားအရေက လက်ခံနိုင်လောက်တဲ့ အပူချိန်လောက်ထိ အအေးခံပါ။

.pinterest.es

Sugar Waxing လုပ်ကြမယ်

ပြီးရင်တော့  ဂျိုင်းကို သန့်ရှင်းရေး လုပ်ထားပြီး ခြောက်သွေ့အောင် ထားပါ။ နောက်မှ Sugar Wax ကို ဂျိုင်းရဲ့ အမွှေးပေါက်ရာ လမ်းကြောင်းအတိုင်း သုတ်လိမ်းပါ။ အဲဒီ Sugar Wax ပေါ်ကနေ အဝတ်စ ထပ်ပြီး ခုနက သုတ်လိမ်းထားတာရဲ့ ပြောင်းပြန်အတိုင်း ဆတ်ကနဲ ဆွဲခွာပါ။ ဖြည်းဖြည်းချင်း ခွာရင် ဂျိုင်းမွှေးတွေ အကုန်ပါလာမှာ မဟုတ်ပါဘူးနော်။ ဆိုင်မှာလိုပဲ ဆတ်ကနဲ ဆွဲခွာပါ။ အဲဒါဆိုရင်တော့ အိမ်မှာတင် Sugar Waxing  လုပ်ပြီးပြီပေါ့။

 

 

Tags: beautysugar waxing

Comments

0 comments