Advertisement

ဝက်ခြံအမာရွတ်တွေ မျက်နှာမှာ ရှိနေရင် ဘာလိမ်းလိမ်း အဆင်မချောနိုင်တာမလို့ ဒီနည်းလမ်းလေးတွေနဲ့ ပျောက်အောင် လုပ်ကြည့်နော်။

ချစ်တို့ရေ ဝက်ခြံတွေ ပျောက်ဖို့ ကြိုးစားခဲ့သလို အမာရွတ်တွေ ပျောက်အောင်လည်း လုပ်ဖို့ လိုတယ်နော်။ ဝက်ခြံထွက်ပြီးနောက် အမာရွတ်တွေ ကျန်ခဲ့တယ်ဆိုတာ ဝက်ခြံထွက်နေချိန်မှာ ဝက်ခြံအပေါ် သေချာဂရုမစိုက်တာကြောင့်ပါ။ လက်နဲ့ ညှစ်တာတွေ၊ ကုတ်ဖဲ့တာတွေ လုပ်မိတာကြောင့် ဝက်ခြံပျောက်တဲ့အခါ အမာရွတ် မည်းမည်းကြီးတွေ ကျန်ခဲ့တာပါ။ အဲဒီလိုတွေ ဖြစ်လာပြီဆိုရင် သက်သာသွားအောင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

Laser treatment

ဝက်ခြံအမာရွတ်တွေ သက်သာချင်တယ်ဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့အချက်တွေကို လိုက်နာဖို့ လိုတဲ့အပြင် Laser Treatment ယူလို့လည်း ရပါတယ်နော်။ Laser Treatment လုပ်တာကတော့ အလှအပဆိုင်ရာ ဆေးခန်းတွေမှာ လုပ်ပေးပြီး သေချာတိုင်ပင်ဆွေးနွေးပေးတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်။ အကြိမ်ရေနဲ့ လုပ်ရတာမလို့ စိတ်ရှည်ဖို့တော့ လိုပါတယ်နော်။ တဖြည်းဖြည်းချင်း အရောင်လျော့သွားပါတယ်။

ရေဓါတ်ပြည့်ဖို့ ဂရုစိုက်ပါ

အမာရွတ်တွေက ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် အမည်းရောင်တွေ ပိုဖြစ်လာပြီး မျက်နှာမှာ မည်းမည်းအကွက်တွေ ကြည့်မကောင်းဘူးလေ။ ဒီတော့ အရှင်းမပျောက်သေးခင်မှာ အရောင်ဖျော့လာဖို့အတွက် ရေဓါတ်ပြည့်ဝဖို့ လိုပါတယ်နော်။ရေဓါတ်များများ ရနေမယ်ဆိုရင် မျက်နှာက ကြည်ကြည်လင်လင်လေးနဲ့ ကြည့်ကောင်းနေမှာပါ။ Glow နေတယ်ဆိုရင်အမာရွတ်တွေ ရှိနေလည်း ကြည့်ရ မဆိုးဘူးပေါ့။

Steroid ထပ်မထိပါစေနဲ့

Steroid ထပ်မထိပါစေနဲ့

Steroid ထပ်မထိပါစေနဲ့

ဝက်ခြံတွေ ပျောက်စေတဲ့ ပစ္စည်းအများစုမှာ Steroid ပါဝင်ပါတယ်။ Steroid က ထိသင့်တဲ့ ပမာဏထက် ပိုပြီးတော့ ထိမိရင်၊ သုံးမိရင် ဝက်ခြံတွေ ပျောက်တယ်ထင်ရပေမယ့် ပိုပြီးတော့ဆိုးလာတာမျိုးတွေ ရှိပါတယ်။ ဝက်ခြံတွေပျောက်ပြီးနောက် အမာရွတ်တွေ ကျန်ခဲ့တယ်ဆိုရင် အဲဒီ Steroid ပါတဲ့ပစ္စည်းတွေကို ဆက်မသုံးပါနဲ့တော့။ ဝက်ခြံပျောက်ဆေးတွေက အမာရွတ်ပျောက်ဆေး မဟုတ်ပါဘူးနော်။ အဲဒါကြောင့် Steroid ပါတဲ့ ဝက်ခြံပျောက်စေတဲ့ Skin care တွေ ဆက်မသုံးတော့ဘဲ အမာရွတ်အတွ   က် သီးသန့်ထုတ်တာကိုပဲ သုံးပါနော်။

Laser treatment

Laser treatment

အချိန်ယူပါ

မျက်နှာပေါ်မှာ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်ကင်းသွားဖို့အတွက် အလောတကြီး လုပ်ဆောင်လို့ မရဘူးနော်။ ပျောက်ချင်ဇောနဲ့ တွေ့ကရာနည်းတွေ မလုပ်မိပါစေနဲ့။ အချိန်ယူပါ။ သံပုရာသီးလိုမျိုးတွေနဲ့ အမာရွတ်ကို ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့နော်။ အချိန်ယူပြီး ပျောက်အောင် လုပ်ရမှာမလို့ ခရမ်းချဉ်သီး၊ သခွားသီးစတဲ့ ရေဓါတ်ပါတဲ့ အသီးအနှံတွေနဲ့ပဲ အိမ်တွင်း treatment လုပ်ပါ။

ချစ်တို့ရေ ဝက်ခြံအမာရွတ်တွေ မျက်နှာမှာ ရှိနေရင် ဘာလိမ်းလိမ်း အဆင်မချောနိုင်တာမလို့ ဒီနည်းလမ်းလေးတွေနဲ့ ပျောက်အောင် လုပ်ကြည့်နော်။

Tags: acnebeauty tipsscar

Comments

0 comments