Advertisement

ချစ်တို့ရေ ကိုယ့်မျက်နှာရဲ့ အလှတရားကို လာဖျက်စီးနေတဲ့ ဆားဝက်ခြံတွေကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ သိထားသင့်တယ်နော်။

မှန်ကြည့်လိုက်တိုင်း နှာခေါင်းပေါ်က ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရလား။ ဆားဝက်ခြံတွေက မျက်နှာမှာ တကယ့်ကို အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေမို့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲ ဖြစ်ဖြစ် ဘယ်သူမှ မရှိချင်ကြပါဘူး။ ဆားဝက်ခြံတွေ နှာခေါင်းမှာ အများကြီး ရှိနေရင်လည်း နှာခေါင်းက မည်းနေပြီး ကြည့်ရဆိုးစေတယ်လေ။ ဒီလိုမျိုး စိတ်ဒုက္ခပေးတဲ့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို တိုက်ထုတ်လို့ ရတဲ့ နည်းလမ်းတော့ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်ကြည့်ရအောင်။

Salicylic Acid ပါတဲ့ ပစ္စည်းတွေ

နှာခေါင်းပေါ်က ဆားဝက်ခြံတွေ တိုက်ထုတ်ဖို့အတွက် Salicylic Acid ပါတဲ့ ပစ္စည်းတွေ သုံးပါ။ မျက်နှာသစ်ဆေး ဒါမှမဟုတ် essence လိုမျိုးပေါ့။ နှာခေါင်းတဝိုက် သုံးပေးတာ၊ လိမ်းပေးတာမျိုး လုပ်ပါ။ Salicylic Acid  က အဆီတွေကို ထိန်းချုပ်ပေးနိုင်စွမ်း ရှိပြီး ချွေးပေါက်ပိတ်တာကိုလည်း သက်သာစေနိုင်တာမို့ ဆားဝက်ခြံ ဖြစ်တာကို တားဆီးပေးနိုင်ပါတယ်။

ဆားဝက်ခြံ ညှစ်ချင်ရင်

ဆားဝက်ခြံ ညှစ်ချင်တယ်ဆိုရင်တော့ ခုနောက်ပိုင်းမှာ Treatment Clinic တွေမှာ ဆားဝက်ခြံအတွက် သီးသန့် ဝန်ဆောင်မှု ပေးတာမျိုး ရှိပါတယ်။ အဲဒီလိုနေရာတွေမှာ ညှစ်တာမျိုး လုပ်ချင်ရင်တော့ ရပါတယ်။ သူက ဆားဝက်ခြံတွေကို စက်နဲ့ ညှစ်ပေးတာဖြစ်ပြီး ချွေးပေါက်ကျယ်မသွားအောင် ရေနွေးငွေ့ ပေါင်းပေးတာမလို့ လက်နဲ့ညှစ်တာထက် အများကြီး အဆင်ပြေစေနိုင်ပါတယ်။ အမာရွတ်တွေလည်း မရှိဘူးပေါ့။ သန့်ရှင်းတာမို့ ဆားဝက်ခြံထပ်ဖြစ်နိုင်တဲ့ အခွင့်အရေးလည်း နည်းသွားနိုင်ပါတယ်။

 

 

 

 

 

 

လက်နဲ့ မညှစ်ပါနဲ့

ဆားဝက်ခြံတွေမြင်ရင် လက်က မနေနိုင်ဘူး ညှစ်ချင်စိတ် ပေါ်လာပြီး ညှစ်ပစ်လိုက်ကြတာလေ။ အဲဒါက ဆားဝက်ခြံညှစ်ပြီးနောက် ချွေးပေါက်တွေ ပိုကျယ်လာစေသလို လက်က အညစ်အကြေးတွေကြောင့် အရေပြားထိခိုက်တာ၊ ဖုန်တွေဝင်ပြီး ဝက်ခြံတွေ ထပ်ဖြစ်စေတာ၊ ဆားဝက်ခြံပိုဖြစ်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်နဲ့ ညှစ်တာမျိုး ရှောင်ပါ။

 

Clay Mask

ခုနောက်ပိုင်းမှာ Sheet Mask တွေအစား Clay Mask တွေ အသုံးများလာကြပါပြီ။ Clay Mask ထဲမှာမှ Charcoal ပါတဲ့ Mask ကတော့ ဆားဝက်ခြံအတွက် အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ Charcoal က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးနိုင်တာကြောင့်ပါ။ ဒါဆိုရင် ဆားဝက်ခြံတွေ ဖြစ်ဖို့ မလွယ်တော့ဘဲ လျှော့လည်း လျှော့ကျနိုင်ပါတယ်။

အုန်းဆီနဲ့ သကြား

ဆားဝက်ခြံတွေ ပျောက်ချင်တယ်ဆိုရင်တော့ အုန်းဆီနဲ့ သကြားကို နည်းနည်းလောက်စီ ရောပြီးPaste လုပ်လိုက်ပါ။ အဲဒီ Paste ကို လက်သန့်သန့်နဲ့ ယူပြီး နှာခေါင်းပေါ်က ဆားဝက်ခြံတွေဆီမှာ သုတ်လိမ်းပါ။ Scrub လို ပုံစံမျိုး လုပ်ပါ။ ဒါက ဆားဝက်ခြံတွေ ထွက်စေမယ့် နည်းလမ်းတစ်ခုပါ။

ချစ်တို့ရေ ကိုယ့်မျက်နှာရဲ့ အလှတရားကို လာဖျက်စီးနေတဲ့ ဆားဝက်ခြံတွေကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ သိထားသင့်တယ်နော်။

Comments

0 comments