Advertisement

ခုကာလက နေပူကြီးထဲ အပြင်ထွက်နေတာမျိုးတွေလည်း ရှိတော့ နေလောင်တာမျိုးတွေ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်ပါတယ်။ ဒီနည်းလမ်းလေးတွေနဲ့ ပျောက်အောင် လုပ်လို့ရတယ်နော်။

နေလောင်ကွက်တွေကြောင့် အသားအရေ မညီညာတာတွေ ဖြစ်ပြီး ဟိုတကွက် ဒီတကွက် ဖြစ်နေတာက ကြည့်ရဆိုးတယ်နော်။ ခြေထောက်မှာဆိုလည်း ဖိနပ်နဲ့ အုပ်ထားမိတဲ့နေရာက ဖြူပြီး ကျန်တဲ့နေရာက နေလောင်ကွက်ဖြစ်နေတယ်ဆိုရင် ကွက်ကျားဖြစ်နေမှာလေ။ မျက်နှာ၊ လက်၊ ကျော အတူတူပါပဲ။ အဲဒီလိုမျိုး နေလောင်ကွက်တွေ ဖြစ်နေတယ်ဆိုရင် ပျောက်အောင်၊ တဖြည်းဖြည်းနဲ့ အသားအရေ ပြန်ညီလာအောင် လုပ်လို့ရမှာလေးတွေ ရှိပါတယ်။

အပြင်ထွက်တဲ့အခါ

နေလောင်ထားတာတွေ ရှိတယ်ဆိုရင် အပြင်ထွက်တဲ့အခါ နေပူထပ်မထိရအောင် အဝတ်အစား သေချာဝတ်ပါ။ ခန္ဓာကိုယ်ကို နေမထိအောင် လက်ရှည်၊ ဘောင်းဘီရှည်ဝတ်တာ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပါ။ နေပူကြီးထဲ အထူကြီးတွေ ဝတ်ခိုင်းတာ မဟုတ်ဘူးနော်။ နေပူမထိရအောင် ဝတ်ပါ။ ဒါဆို သက်သာလာမှာပါ။

Skin care သုံးပါ

နေလောင်ကွက်တွေအတွက် Skin care သေချာလုပ်ဖို့ လိုပါတယ်နော်။ အသားအရေ ကောင်းအောင် ထားတဲ့သူက နေလောင်ကွက်တွေ ဖြစ်ဖို့ ခက်သလို ဖြစ်ရင်လည်း အမြန်သက်သာနိုင်ပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Skin care တွေ သုံးပါ။

Skin care သုံးပါ

Skin care သုံးပါ

နွားနို့

နွားနို့ကလည်း နေလောင်ဒဏ်ကို ကောင်းမွန်စေတဲ့ အရာပါပဲ။ နွားနို့ကို အဝတ်စတစ်ခုနဲ့ စုပ်ယူပြီး နေလောင်တဲ့နေရာမှာ ကပ်ထားပေးပါ။ နွားနို့မှာ ပါဝင်တဲ့ ဗီတာမင် အေနဲ့ ဒီ ဟာ ပျက်စီးသွားတဲ့ ဆဲသေတွေနေရာမှာ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်စေပြီး Lactic acid ကတော့ အသားအရေမှာ ဆဲလ်သေတွေ ကွာကြအောင် လုပ်ဆောင်ပေးမှာပါ။ ဒီတော့ နေလောင်ထားလို့ တကွက်စီ ဖြစ်နေတာတွေ ပြန်သက်သာလာမှာပါ။

ရေများများ သောက်ပါ

မျက်နှာပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာပဲ ဖြစ်ဖြစ် နေလောင်ကွက်တွေ ရှိနေတယ်ဆိုရင် ရေများများ သောက်ပေးပါ။ ရေများများ သောက်တာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်တင်းပေးမှာမို့ အသားအရေ မျက်နှာပြင်အတွက် ကောင်းစေပါတယ်။ အသားအရေကောင်းလာတာနဲ့ နေလောင်ကွက်တွေလည်း တဖြည်းဖြည်း ပါးလာမှာပါ။

ရေများများ သောက်ပါ

ရေများများ သောက်ပါ

ရေအေးနဲ့သာချိုးပါ

ကိုယ့်ဆီမှာ နေလောင်ကွက်တွေ ရှိနေပြီဆိုရင် ရေအေးနဲ့ပဲ ရေချိုးပါ။ နေလောင်ကွက်ရှိတဲ့နေရာကို ရေပူနဲ့ ထပ်ထိလိုက်မယ်ဆိုရင် အသားအရေ နီရဲလာတာ၊ ယားယံလာတာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ရေချိုးပြီးလို့ ရေသုတ်တဲ့အခါ အတင်းဖိပြီး ပွတ်သုတ်တာမျိုး မလုပ်ပါနဲ့။ အရေပြား ပွန်းသွားတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

Moisture လိမ်းပါ

နေလောင်တယ်ဆိုတာ အရေပြားရဲ့ အပေါ်ယံလွှာ ပျက်စီးသွားတာ ဖြစ်တဲ့အတွက် အစိုဓါတ် ပြန်လည်ဖြည့်တင်းဖို့ လိုပါတယ်။ အသားအရေမှာ ရေဓါတ်ရှိမှလည်း အရောင်ပြန်ပြီး ညီညာလာမှာပါ။ နောက်ပြီး စပ်ဖျဉ်းဖျဉ်း ခံစားနေရတာလည်း သက်သာအောင် လိမ်းပေးသင့်ပါတယ်။

ချစ်တို့ရေ ခုကာလက နေပူကြီးထဲ အပြင်ထွက်နေတာမျိုးတွေလည်း ရှိတော့ နေလောင်တာမျိုးတွေ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်ပါတယ်။ ဒီနည်းလမ်းလေးတွေနဲ့ ပျောက်အောင် လုပ်လို့ရတယ်နော်။

Tags: beautysunburn

Comments

0 comments