Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ လည်ပင်းအသားအရေလေး ကောင်းမွန်လာစေချင်တယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်လေးတွေကို လုပ်ကြည့်သင့်တယ်နော်။

ချစ်တို့ရေ မျက်နှာအသားအရေနဲ့ လည်ပင်းအသားအရေ ကွာလို့ ကြည့်မကောင်းဘူးလို့ ခံစားနေရပြီလား။ မျက်နှာအသားအရေက skin care တွေကြောင့် အသားဟအရေ ကောင်းပေမယ့် လည်ပင်းကိုတော့ ဘာမှ မလိမ်းထားမိဘဲ အသားအရေမကောင်းဘူး ဖြစ်နေတတ်ပါတယ်။ လည်ပင်းအသားအရေက မျက်နှာထက် ပိုပြီးညစ်နေတယ်ဆိုရင် လည်ပင်းအသားအရေ စိုပြေလာအောင် လုပ်ရမှာလေးတွေ ပြောပြပေးလိုက်ပါတယ်နော်။

Toner သုံးပါ

Toner လိမ်းတဲ့အခါ မျက်နှာလိမ်းပြီးရင် တိုနာဂွမ်းစမှာ အရည်တွေ ကျန်နေခဲ့သေးတယ်မလား။ အဲဒီလက်ကျန်လေးနဲ့ပဲ လည်ပင်းကို လိမ်းပါ။ တိုနာကနေ ရရှိမယ့် အကျိုးကျေးဇူးတွေ မျက်နှာသာမက လည်ပင်းအသားအရေကိုပါ ပေးတဲ့သဘောပေါ့။ တိုနာလိမ်းတဲ့အခါ လည်ပင်းအသားအရေအတွက်ပါ လိမ်းပေးပါ။ အဲဒါဆိုရင် ကြေးတွေမရှိတော့ဘဲ အသားအရေစိုပြေလာမှာပါ။

အစိုဓါတ် ရပါစေ

မျက်နှာအသားအရေအတွက် အစိုဓါတ် လိုအပ်သလိုမျိုးပဲ လည်ပင်းအသားအရေကလည်း အစိုဓါတ် လိုအပ်ပါတယ်။ လည်ပင်းအသားအရေ စိုစိုပြေပြေနဲ့ ကြည်ကြည်လင်လင် ဖြစ်စေချင်ရင် Moisture တစ်မျိုးမျိုးလိမ်းပါ။

Scrub

Scrub

Scrub

ချစ်တို့ လည်ပင်းအသားအရေ ကြည်လင်လာဖို့အတွက် Scrub တိုက်ပေးဖို့ လိုပါတယ်။ မျက်နှာအတွက် Scrubကိုပဲ သုံးလည်းရသလို ခန္ဓာကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ Scrub တွေ သုံးလည်း ရပါတယ်။ ဒါမှ ကြေးတွေ မရှိတော့ဘဲ ကြည်လင်နေမှာပါ။

အိမ်တွင်း နည်းလမ်း(၂) မျိုး

အိမ်တွင်း နည်းလမ်း(၂) မျိုး

အိမ်တွင်း နည်းလမ်း(၂) မျိုး

ရှားစောင်းလပ်ပပ်

ချစ်တို့ရေ လည်ပင်းအသားအရေ စိုပြေကြည်လင်စေဖို့ အိမ်တွင်းနည်းလမ်းနဲ့ လုပ်ချင်တယ်ဆိုရင် ရှားစောင်းလပ်ပပ်နဲ့ လုပ်လို့ ရပါတယ်။ ရှားစောင်းလပ်ပပ်ရဲ့ အတွင်းသားအနှစ်တွေကို ယူပြီး ကြိုလိုက်ပါ။ အရည်ပျစ်ပျစ်လေး ရလာရင် အအေးခံပြီး လည်ပင်းမှာ လိမ်းထားပါ။ ခြောက်သွားပြီဆိုမှ ရေအေးအေးနဲ့ ဆေးချပါ။ တပတ်(၁) ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ နောက်ပြီးရင်တော့ Moisture လိမ်းဖို့ မမေ့ပါနဲ့။

သံလွင်ဆီ

ချစ်တို့ရေ လည်ပင်းအသားအရေ စိုစိုအိအိလေးနဲ့ ကြည်ကြည်လေး ဖြစ်အောင် သံလွင်ဆီလေး လိမ်းပေးပါ။ ညအိပ်ရာဝင်ခါနီးတိုင်း သံလွင်ဆီလေး လိမ်းပြီး အိပ်မယ်ဆိုရင် အသားအရေ ကောင်းလာမှဦ သေချာပါတယ်။ နေ့တိုင်းလိမ်းလို့လည်းရသလို တပတ်ကို (၃) ကြိမ်လောက် လိမ်းရင်လည်း ရပါတယ်။

ချစ်တို့ရေ ကိုယ့်ရဲ့ လည်ပင်းအသားအရေလေး ကောင်းမွန်လာစေချင်တယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်လေးတွေကို လုပ်ကြည့်သင့်တယ်နော်။

Tags: beautyneck skin

Comments

0 comments