Advertisement
အရောင်ဆိုးတာတွေ ခဏရပ်ပြီး လက်သည်းဝါတာတွေ ပျောက်အောင် လုပ်ရအောင်

လက်သည်းခွံမှာ ဝါနေပြီး အရောင်တောက်တောက် လက်သည်းနီတွေ ဆိုးပြီးတော့ ဖုံးထားရလား။ ဒါဆိုရင်တော့ အရောင်တောက်တောက်ဆိုးတာတွေ ခဏရပ်ပြီး လက်သည်းဝါတာတွေ ပျောက်အောင် လုပ်ကြည့်ရအောင်။

မိန်းကလေးတို့ရေ လက်သည်းဝါတာလောက် စိတ်ညစ်စရာ ကောင်းတာ မရှိဘူးမလား။ သူများတွေလိုပဲ ပန်းရောင်သန်းတဲ့ လက်သည်းပိုင်ရှင်လေး ဖြစ်ချင်ပေမယ့် လက်သည်းခွံမှာ ဝါနေပြီး အရောင်တောက်တောက် လက်သည်းနီတွေ ဆိုးပြီးတော့ ဖုံးထားရလား။ ဒါဆိုရင်တော့ အရောင်တောက်တောက်ဆိုးတာတွေ ခဏရပ်ပြီး လက်သည်းဝါတာတွေ ပျောက်အောင် လုပ်ကြည့်ရအောင်။

ဘာကြောင့် လက်သည်းဝါရတာလဲ

လက်သည်းဝါတာတွေ ပျောက်အောင် မလုပ်ခင်မှာ လက်သည်းဝါရတဲ့ အကြောင်းအရင်း သိထားရင် ပိုပြီးတော့ လုပ်ရ လွယ်ကူမှာပါ။ လက်သည်းဝါတာတွေ လုပ်မိနေလို့ ရပ်လိုက်ရင်လည်း သက်သာသွားနိုင်ပါတယ်။

Base Coat

(၁) Base Coat

Base Coat မခံဘဲ လက်သည်းနီ ဆိုးတာက လက်သည်းဝါတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုးလိုက်တဲ့ လက်သည်းနီရဲ့ ဓါတုပစ္စည်းတွေက လက်သည်းနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါမှာ လက်သည်းအလွှာတွေ ပျက်စီးပြီး ဝါတာတွေ ဖြစ်ပေါ်စေတာပါ။

(၂) နောက်တစ်ခုကတော့ မိန်းကလေးတွေနဲ့ အလှမ်းဝေးပါတယ်။ စီးကရက်လိုကနေ ရရှိတဲ့ နီကိုတင်းတွေ ခန္ဓာကိုယ်ထဲမှာ များရင်လည်း လက်သည်းဝါတာမျိုး ဖြစ်တတ်ပါတယ်။ စီးကရက် သောက်တယ်ဆိုရင်လည်း ဆင်ခြင်သင့်ပါတယ်နော်။

လက်သည်းဝါတာတွေ ပျောက်အောင်

သံပုရာသီး

သံပုရာသီး

သံပုရာသီးမှာ ပါဝင်တဲ့ ဓါတ်တွေက လက်သည်းအားကောင်းဖို့ ကူညီပြီး လက်သည်းဝါတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး လက်သည်းဝါနဲ့ နေရာတွေကို ပွတ်တိုက်ပေးပါ။ (၁၀) မိနစ်လောက် ပွတ်ပြီးရင်တော့ ရေပြန်ဆေးပါ။ အရင်ကထက် လက်သည်းအဝါရောင်တွေ လျော့လာတာကို တွေ့ရမှာပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကလည်း လက်သည်းဝါတာတွေ သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲနော်။ လုပ်ရတာလည်း လွယ်ကူပါတယ်။ မုန့်ဖုတ်ဆိုဒါ အမှုန့်ကို ခပ်ပျစ်ပျစ်လေး ဖြစ်သွားအောင် ရေနဲ့ဖျော်လိုက်ပါ။ လက်သည်းခွံပေါ်မှာ တင်ထားလို့ ရမယ့် အနေအထားလောက်ပေါ့။ (၅) မိနစ်လောက် ထားပြီးရင်တော့ ရေနဲ့ ပြန်ဆေးချလိုက်ပါ။ လက်သည်းဝါတာတွေ လျော့သွားမှာပါ။တပတ်ကို တကြိမ်လောက် လုပ်လို့ ရတယ်နော်။

သွားတိုက်ဆေး

သွားတိုက်ဆေး

သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကတော့ သွားတွေကို ဖြူဖွေးစေဖို့ ကူညီပေးသလိုပဲ လက်သည်းဝါတာတွေ သက်သာစေဖို့လည်း ကူညီပေးပါတယ်။ သွားတိုက်ဆေး နည်းနည်းယူပြီး လက်သည်းခွံပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ နောက်မှ ရေအေးအေးနဲ့ ပြန်ဆေးချပါ။ ဒါဆိုရင် သက်သာလာပါလိမ့်မယ်။

 

Tags: beautynailnail health

Comments

0 comments