Advertisement

အဲဒီလို မဖြစ်ရလေအောင် ကိုယ့်ရဲ့ မိတ်ကပ်လိမ်းတဲ့ Skill ကို ပြန်စစ်ကြည့်သင့်ပြီနော်။ ဘယ်လိုလိုအပ်ချက်တွေ ရှိနေလို့ တစ်နေကုန် မခံတာလဲဆိုတာ ဆန်းစစ်လိုက်ရအောင်။

ချစ်တို့ရေ မိတ်ကပ်တော့ လိမ်းပါရဲ့  နေ့လည်လောက်ကျရင် မျက်နှာမှာ မရှိတော့ဘဲ မျက်နှာပြောင်ကြီးပဲ ဖြစ်ဖြစ် သွားလို့ စိတ်ညစ်ရတာလည်း ဒုက္ခတစ်မျိုးပဲနော်။ မိတ်ကပ်တွေလည်း အကောင်းစားတွေ လိမ်းပေမယ့် လိမ်းပြီးတာနဲ့ ပျက်သွားမျိုး ဖြစ်ပြီး တနေကုန်မခံဘူးဆိုရင် ကိုယ့်ရဲ့  မိတ်ကပ်တွေ နှမြောစရာကြီးလေ။ အဲဒီလို မဖြစ်ရလေအောင် ကိုယ့်ရဲ့ မိတ်ကပ်လိမ်းတဲ့ Skill ကို ပြန်စစ်ကြည့်သင့်ပြီနော်။ ဘယ်လိုလိုအပ်ချက်တွေ ရှိနေလို့ တစ်နေကုန် မခံတာလဲဆိုတာ ဆန်းစစ်လိုက်ရအောင်။

Waterproof ပါတာတွေ သုံးပါ

ချစ်တို့ရေ မျက်နှာမှာ မိတ်ကပ်ခံဖို့ဆိုတာ ရေစိုခံ ချွေးစိုခံတဲ့ မိတ်ကပ်တွေ သုံးဖို့ လိုပါတယ်။ အဲဒါမှ မိတ်ကပ်တွေ မပျက်မှာလေ။ မိတ်ကပ်တွေ မကွက်စေဖို့ Waterproof ပါတာတွေ သုံးပေးပါ။ ဒါမှ မျက်နှာမှာ ချွေးထွက်တာကြောင့် မိတ်ကပ်မပျက်မှာပါ။

အသားအရေ ကောင်းအောင် လုပ်ပါ

ချစ်တို့ရေ ကိုယ့်မျက်နှာမှာ  မိတ်ကပ် တစ်နေကုန်ခံဖို့ဆိုရင် အသားအရေ ကောင်းအောင် လုပ်ထားဖို့ လိုပါတယ်။ အသားအရေ ကောင်းမှ မိတ်ကပ်က ကိုယ့်ဆီမှာ ကြာကြာ ရှိနေမှာပါ။ မဟုတ်ရင် အဆီတွေ ပြန်လာတာ၊ အသားအရေ မကောင်းလို့ မိတ်ကပ်တစ်ကွက်ဆီ ဖြစ်လာတာမျိုး ဖြစ်လာမှာပါ။

မျက်နှာအသားအရေ ညီအောင်

ချစ်တို့ရေ မိတ်ကပ် မနက်တည်းက လိမ်းထားတဲ့အတိုင်း တစ်နေကုန်ခံဖို့ဆိုတာ ကိုယ့်ရဲ့ မျက်နှာအသားအရေ ညီမှ ဖြစ်မယ်နော်။ တကွက်စီ ပျက်နေရင် ကြည့်မကောင်းဘူးလေ။ မျက်နှာမှာ အသားအရေညီအောင် လုပ်ထားဖို့ လိုပါတယ်။ အသားအရေညီဖို့ ဆဲလ်သေတွေ ဖယ်တာမျိုး လုပ်ပါ။

Waterproof ပါတာတွေ သုံးပါ

Waterproof ပါတာတွေ သုံးပါ

ကိုယ့်အသားအရေအတွက် မှန်တဲ့ Foundation

ချစ်တို့ရေ မိတ်ကပ်လိမ်းတာ တနေကုန်ခံဖို့ဆိုရင် အောက်ခံမိတ်ကပ်ကို မှန်မှန်ကန်ကန်ရွေးဖို့ လိုပါတယ်။ ကိုယ့်အသားအရေက အဆီပြန်တဲ့သူဆိုရင် အဆီများများပါတဲ့ မိတ်ကပ်တွေ ရွေးချယ်ထားရင် ဘယ်လိုမှ အဆင်မပြေဘူးလေ။ အဲဒီလို ရွေးချယ်ထားရင် တစ်နေကုန်မိတ်ကပ်ခံမှာ မဟုတ်ဘူးနော်။ လိမ်းပြီးတာနဲ့ ပျက်ဖို့ ရာခိုင်နှုန်း များပါတယ်။ အဲဒီတော့ မှန်ကန်အောင် ရွေးပါ။

Primer

Primer

Primer

ချစ်တို့ရေ မိတ်ကပ်မလိမ်းခင်မှာ Primer လိမ်းဖို့ လိုပါတယ်။ ဒါက မိတ်ကပ်လိမ်းတဲ့အခါ လိုတဲ့လိုအပ်ချက်တွေကို  ဖြည့်စည်းပေးနိုင်မှာပါ။ ချွေးပေါက်တွေ ကျဥ◌်းသွားစေတာမျိုး၊ အဆီပြန်တာကို ထိန်းထားပေးတာမျိုးတွေ လုပ်ပေးနိုင်တာမို့ Primer ခံပြီး လိမ်းရင် မိတ်ကပ်ပိုပြီး ကြာရှည်ခံမှာပါ။

ချစ်တို့ရေ မိတ်ကပ်လိမ်းထားရင် တနေကုန် ကြာကြာခံပြီး မိတ်ကပ်မပျက်မကွက် ဖြစ်စေဖို့အတွက် သိထားသင့်တဲ့အချက်လေးတွေ ရှိတယ်နော်။

Comments

0 comments