Advertisement

ဆံပင်နှစ်ခွတွေကြောင့် စိတ်မရှုပ်ရအောင် ဆံပင်နှစ်ခွ ဖြစ်ခြင်းကနေ  ပြောပြထားတဲ့အချက်တွေနဲ့ တားဆီးရှောင်ရှားလို့ ရတယ်နော်။

မိန်းကလေးတို့ရေ ဆံပင်နှစ်ခွတွေရှိနေရင် အရမ်းစိတ်ညစ်ဖို့ ကောင်းတာနော်။ ဆံပင်နှစ်ခွ ဖြစ်နေရင် ဆံပင်အဖျားတွေမှာ ခြောက်သွေ့ပြီး အရောင်ကမွဲတဲ့အပြင် ပွရောင်းရောင်းကြီး ဖြစ်နေရောလေ။ နောက်ပြီး ဆံပင်ရှည်ဖို့လည်း ပိုကြန့်ကြာသွားရော။ အဲဒီလိုမျိုး ဆံကေသာ ကောင်းဖို့ အနှောင့်အယှက် ပေးတတ်တဲ့ ဆံပင်နှစ်ခွတွေ မဖြစ်အောင် ဘယ်လိုတားဆီးရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

ဆံပင်ဖြီးတဲ့အခါ

ကိုယ့်ဆံပင်ကို ကိုယ်တိုင်တော့ ဘယ်သူမှ ထိခိုက်အောင် မလုပ်ပါဘူးနော်။ ထိခိုက်ပျက်စီးအောင်လည်း မဖြီးကြဘူးလေနော်။ ဒါပေမယ့်လည်း အမှတ်မထင် ဖြီးမိတတ်ကြတာမျိုးတော့ ရှိပါတယ်။ အဲဒါကတော့ ဆံသားတွေ ငြိနေတာကို ခေါင်းဘီးနဲ့ အတင်းဖြီးချတာ၊ ဆံသားအဖျားတွေ ပျက်အောင်ဖြီးတာမျိုးပါ။ ဆံပင်ဖြီးတဲ့အခါ ညင်ညင်သာသာ ဖြစ်ပါစေနော်။

ဆံပင်ဖြီးတဲ့အခါ (photo: regenaspa.com)

ဆံပင်လိမ်းအဆီလိမ်းပါ

ဆံသားနှစ်ခွဖြစ်တာတွေ နည်းချင်တယ်၊ တားဆီးချင်တယ်ဆိုရင်တော့ ဆံပင်လိမ်းအဆီ လိမ်းပါ။ အုန်းဆီ၊ သံလွင်ဆီ လိမ်းလည်း ရပါတယ်နော်။ ဆံသားအဖျားလေးတွေကို သေချာ လိမ်းပေးပါ။ ဒါမှ ဆံသားအဖျားလေးတွေလည်း ခြောက်သွေ့ပျက်စီးပြီး နှစ်ခွပျက်စီးတာမျိုး မဖြစ်ဘဲ သူတို့အတွက် အာဟာရလိုမျိုး ရရှိနိုင်မှာပါ။

ဆံပင်မှာလည်း ရေဓါတ်ရနေပါစေ(photo: nutrafol.com)

ဆံပင်မှာလည်း ရေဓါတ်ရနေပါစေ

အသားအရေ မခြောက်သွေ့အောင် ရေများများသောက်တာ၊ Moisture ရအောင် လုပ်ကြသလိုပဲ ဆံသားတွေ နှစ်ခွတွေအတွက် ရေဓါတ် လိုအပ်ပါတယ်။ ဆံသားနှစ်ခွဖြစ်ရတဲ့ အကြောင်းအရင်းအများစုက ဆံပင်ကောင်းကောင်း မသန်မာဘဲ ခြောက်သွေ့ပြီး နှစ်ခွဖြစ်ရတာပါ။ ဒါကြောင့် ဆံပင်အတွက် ပစ္စည်းတွေ ဝယ်ယူရင် Moisture ပါတာမျိုးကို ဦးရေပြားလိမ်းတာ လုပ်ပါ။ ဒါဆို ဆံပင်သန်လာပြီး နှစ်ခွဖြစ်တာလည်း သက်သာမှာပါ။

ရေအေးနဲ့သာလျှော်ပါ

တချို့က ခေါင်းလျှော်ရင် ရေနွေးနဲ့ လျှော်လေ့ရှိကြတယ်လေနော်။ ရေနွေးနဲ့ လျှော်တာက ဦးရေပြား ခြောက်သွေ့စေသလို ဆံသားမှာလည်း ရှိသင့်တဲ့အဆီတွေ ခမ်းခြောက်စေတာမို့ နှစ်ခွဖြစ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ရေအေးနဲ့သာ လျှော်ပါ။

အပူချောင်း အသုံးပြုတာ လျှော့ပါ (photo: milkandblush.com)

အပူချောင်း အသုံးပြုတာ လျှော့ပါ

ဆံပင်နှစ်ခွ ဖြစ်တာတွေ သက်သာဖို့အတွက်ကတော့ အပူချောင်းတွေနဲ့ ကောက်တာ၊ စက်ဆွဲတာမျိုး ရှောင်ပါ။ အိမ်မှာ ခေါင်းလျှော်ဖြစ်ရင် တဘက်နဲ့ပဲ ရေသုတ်ပါ။ ဒါက ဆံပင်နဲ့ အပူထိတွေ့ချိန် လျှော့ချတဲ့ နည်းတစ်ခုပါနော်။ Dryer သုံးတာလည်း လျှော့ပါ။ ဒါမှ နှစ်ခွဖြစ်တာ သက်သာမှာပါ။

 

REF: cosmopolitan.com

Comments

0 comments
Advertisement