Advertisement

အိမ်မှာ မျက်ခုံးမွှေး ရိတ်လေ့ရှိတဲ့ မိန်းကလေးတိုင်း သိထားသင့်တယ်နော်။ ဒါမှ ထိခိုက်ရှနာ မရှိဘဲ မျက်ခုံးပုံကောင်းကောင်းထွက်မှာ။

အလှအပဆိုတာ မျက်ခုံးပေါ်မှာလည်း မူတည်တယ်နော်။ မျက်ခုံးမွှေး အဆင်ပြေနေရင် ကျန်တာက သိပ်ပြင်စရာ မလိုဘူးလေ။ မျက်နှာမှာ ဘာမှမပြင်ဘူးဆိုရင်တောင် မျက်ခုံးမွှေးလေး သေချာရိတ်ထားပြီး ဆွဲထားရင် လှနေပြီလေ။ ဒီလိုမျိုး မျက်ခုံးမွှေးရိတ်တဲ့အခါမှာလည်း အိမ်မှာ ကိုယ်တိုင်ရိတ်တဲ့ မိန်းကလေးတွေ ရှိသလို ဆိုင်မှာ ရိတ်တဲ့သူလည်း ရှိပါတယ်။ အိမ်မှာကိုယ်တိုင် ရိတ်တယ်ဆိုရင်တော့ သိထားသင့်တာတွေ ရှိတယ်နော်။

တစ်ခါသုံးဓါးကိုပဲ သုံးပါ

မျက်ခုံးမွှေးရိတ်တဲ့အခါ တစ်ခါသုံး ဓါးကို သုံးတာ အကောင်းဆုံးပါ။ ကိုယ်တစ်ယောက်တည်း သုံးတာဆိုပေမယ့်လည်း ဓါးမှာ မမြင်နိုင်တဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေ ကပ်နေနိုင်တယ်လေ။ အကယ်လို့ ကိုယ်က ဘလိတ်ဓါးလိုမျိုး သုံးတာမဟုတ်ဘဲ မျက်ခုံးမွှေးရိတ်တဲ့ဓါး သီးသန့်ဝယ်ထားတယ်ဆိုရင်လည်း သေချာသန့်စင် ဆေးကြောပြီးမှသာ သုံးသင့်ပါတယ်နော်။ ပိုးမွှားတွေ မဝင်ဖို့ အထူးသတိပြုရမှာပါ။

ထိရှနိုင်တာ သတိထားပါ

မျက်ခုံးမွှေးရိတ်တာက မျက်ခုံးမွှေး မျှင်မျှင်လေးတွေကို ဓါးနဲ့ ဖြတ်တောက်တာပဲမလို့ သေချာဂရုစိုက်ဖို့ လိုပါတယ်။ မျက်ခုံးမွှေး ရိတ်နေချိန်မှာ အာရုံများနေတာ၊ တခြားကို ဂရုစိုက်နေတာမျိုး မဖြစ်အောင် စိတ်ကို ငြိမ်ငြိမ်ထားပါနော်။ ဖုန်းပြောနေရင်း ရိတ်တာမျိုးတော့ မလုပ်နဲ့ပေါ့လေ။ မျက်ခုံးမွှေး ပုံပျက်သွားနိုင်သလို ထိရှတာတွေ၊ သွေးထွက်တာလည်း ဖြစ်နိုင်ပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် ညီဖို့

မျက်ခုံးမွှေးရိတ်တာ Pro မဖြစ်သေးဘူးဆိုရင်တော့ တဖက်နဲ့တဖက် ညီဖို့ အတော်လေး ကြိုးစားရမှာပါ။ ညီအောင် ညှိရင်းနဲ့ မညီဘူး ဖြစ်တတ်ပါတယ်။ အဲဒီအချက်ကိုလည်း သတိထားပါ။ ကိုယ့်မျက်ခုံးရိုးအတိုင်း ရှိသင့်တဲ့ ပုံစံအတိုင်းလေး ရိတ်တာကပိုလှနိုင်ပါတယ်နော်။

မွှေးညှပ်သုံးပါ

မျက်ခုံးမွှေး ရိတ်ပြီးပြီဆိုရင် မျက်ခွံပေါ်မှာ ရှိနေတဲ့ အမွှေးအစအနလေးတွေကို ဓါးနဲ့ မသုံးဘဲ မွှေးညှပ်လေးနဲ့သာ ဖြည်းဖြည်းချင်း ဆွဲနှုတ်ပါ။ ဒါက မျက်ခွံထိခိုက်တာမျိုး အဖြစ်နည်းစေပြီး အမွှေးပြန်ထွက်ရင်လည်း မွှေးညင်းလေးတွေ ဖြစ်အောင်ပါ။

(photo: CNN)

Cream လိမ်းပါ

မျက်ခုံးမွှေး ရိတ်ပြီးရင် စပ်ဖျင်းဖျင်း ဖြစ်တာ၊ နီရဲတာတွေ သက်သာစေဖို့ အစိုဓါတ်ပါတဲ့ ခရင်မ် တစ်မျိုးမျိုး လိမ်းပါ။ ဒါက မျက်ခုံးမွှေးကိုလည်း အရောင်စိုစို ဖြစ်စေတဲ့အတွက် နီရဲတာတွေလည်း သက်သာစေနိုင်ပါတယ်။ အဲဒါလေး သုံးဖို့ သတိရနော်။

 

Tags: advicebeautyeyebrow

Comments

0 comments
Advertisement