Advertisement

 Mask တွေအချိန်ကြာကြာ တပ်လို့ ကိုယ့်မျက်နှာအသားအရေ ထိခိုက်မှာမျိုး မလိုလားဘူးဆိုရင် အခုပြောပြထားတဲ့ အချက်တွေကို လိုက်လုပ်ဖို့ လိုတယ်နော်။

ခုနောက်ပိုင်းမှာ Maskက မဖြစ်မနေ လိုလာတဲ့အရာတစ်ခုပါပဲနော်။ ကိုယ့်မျက်နှာနဲ့ ထိတွေ့တာ အများဆုံးဖြစ်တဲ့ အရာဆိုလည်း မမှားဘူးလေ။ ခဏတဖြုတ်တပ်တဲ့အချိန်တွေမှာ သိပ်မသိသာပေမယ့် အချိန်ကြာကြာ တပ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့ အသားအရေ အရေပြားကို ထိခိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့ အသားအရေပေါ် ဘယ်လိုထိခိုက်နိုင်မလဲ ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိထားဖို့ လိုတယ်နော်။

Mask တွေ အချိန်ကြာကြာ တပ်ထားရင် မျက်နှာမှာ ဝက်ခြံတွေ ထွက်လာတာ၊ အဆီဖုတွေ ဖြစ်လာတာနဲ့ အရေပြား နီရဲရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်နော်။ ဒါက ကိုယ့်ရဲ့ မျက်နှာအသားအရေပေါ် မူတည်ပြီး ဖြစ်နိုင်ချေတွေ မတူပေမယ့် အများစုကတော့ ဒီလို ပြဿနာတွေ ကြုံရတတ်ပါတယ်နော်။ ဒီတော့ ဘယ်လို ကာကွယ်ဂရုစိုက်ကြမလဲ… ဆက်ဖတ်ကြည့်ရအောင်….။

မျက်နှာသစ်ပါ

ပထမဆုံး သတိထားပြီး လုပ်ရမှာကတော့ မျက်နှာသစ်တာပါ။ ဘက်တီးရီးယား ကပ်ကျန်နေခဲ့တာမျိုးတွေ မဖြစ်ရအောင် မျက်နှာသစ်တာမျိုး မဖြစ်မနေ လုပ်ပါ။

(photo: fashionlady.in)

Mask မတပ်ခင် Skin Care လိမ်းပါ

ကိုယ့်ရဲ့အသားအရေ မထိခိုက်အောင် Skin Care တွေ သေချာလိမ်းဖို့ လိုတယ်နော်။ Mask မတပ်ခင်မှာကတည်းက ကိုယ်ပုံမှန် လိမ်းနေကျ  Skin Care တွေ ပုံမှန်လိမ်းပါ။ အဲဒီလို လိမ်းထားမှ ဝက်ခြံထွက်တာနဲ့ တခြားအရေပြားပြဿနာတေွ မဖြစ်လာမှာပါ။ ဝက်ခြံကို ထိန်းထားပြီးသား ဖြစ်တာပေါ့နော်။

ရေဓါတ်ရပါစေ

မျက်နှာမှာ တစ်ချိန်လုံး Mask တပ်ရတဲ့အခါ အသားအရေက ပိတ်လှောင်နေတာမို့ ချွေးပေါက်တွေ ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ ကိုယ့်အသားအရေကလည်း အရောင်ညစ်လာပြီး ချွေးပေါက်တွေ ပိုရှိလာတာမျိုး ဖြစ်သွားရောနော်။ အဲဒါတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းဖို့ဆိုရင် ကိုယ့်မျက်နှာအသားအရေက ရေဓါတ်ကောင်းကောင်း ရနေဖို့ လိုပါတယ်။ face mask ပေါင်းတာမျိုး ကပ်ပေးတာတွေနဲ့ ရေလိုသလောက် သောက်ပေးတာမျိုး လုပ်ပါ။ နောက်ပြီး Moisture လိမ်းပေးတာမျိုး လုပ်ပေးပါ။

Scrub

အပေါ်မှာ ပြောပြထားသလိုပဲ ချွေးပေါက်တွေ ပိတ်နေတာကလည်း ကိုယ့်မျက်နှာအသားအရေကို ထိခိုက်စေတာမလို့ Scrub လေးတွေ လုပ်ပြီး ချွေးပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကို သန့်စင်ထားဖို့ လိုပါတယ်နော်။ ဒါဆိုရင်တော့ အဆီဖုထွက်လာတာလည်း နည်းသွားမှာပါ။

 

Tags: beauty tipmaskskincare

Comments

0 comments