Advertisement

ချစ်လေးတို့ရေ မိုးတွင်းမှာ အသားအရေ မပျက်စီးအောင် ဂရုစိုက်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို မေ့ထားလို့ မရဘူးနော်။

ချစ်လေးတို့ရေ အသားအရေ ထိန်းသိမ်းတယ်ဆိုတာက ရာသီဥတုကို လိုက်ပြီး ထိန်းသိမ်းတတ်ဖို့လည်း လိုတယ်နော်။ နွေရာသီဆိုရင် အသားအရေ မခြောက်အောင် ထိန်းသိမ်းဖို့ လိုသလို ဆောင်းရာသီဆိုရင်လည်း အသားမခြောက်အောင်၊ မပက်အောင် လုပ်ဖို့ လိုတယ်နော်။ ဒီလိုမျိုးပဲ မိုးရာသီမှာလည်း အသားအရေ မပျက်စီးအောင် ထိန်းသိမ်းရမှာပါ။ မိုးရာသီမှာ အသားအရေ မပျက်စီးအောင် ဘယ်လိုလေးတွေ လုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

မျက်နှာသေချာသစ်ပါ

မိုးတွင်းမှာ မျက်နှာသစ်တဲ့အခါ သေချာ သစ်ပေးဖို့ လိုပါတယ်နော်။ မိုးတွင်းဆိုရင် မျက်နှာမှာ တခြားရာသီတွေထက် ဖုန်မှုန့်၊ သဲမှုန့်တွေ ကပ်နေနိုင်တာမို့ Cleansing ပိုလုပ်ပေးဖို့ လိုတာပါ။ မျက်နှာသစ်ရင်လည်း အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေနဲ့ မသစ်ပါနဲ့။

Dead cell ဖယ်ပါ

မိုးတွင်းမှာ ဖုန်မှုန့်၊ သဲမှုန့်တွေက ချွေးပေါက်တွေထဲ ပိုပြီး ရှိနေနိုင်ပါတယ်နော်။ အဲဒီလိုမျိုးဆိုရင် မျက်နှာအသားအရေ ကောင်းဖို့အတွက် Dead cell တွေ ဖယ်ရှားဖို့ လိုပါတယ်။ Scrub ကောင်းကောင်း လုပ်ပေးပါ။ အဲဒီလို Scrub ကောင်းကောင်း လုပ်တာက မျက်နှာ ကြည်လင်ဝင်းတောက်စေမှာပါ။

Sunscreen

မိုးတွင်းမလို့ Sunscreen မလိမ်းရဘူးလို့ မထင်လိုက်နဲ့နော်။ တကယ်တော့ လိုပါတယ်။ နေရောင်ခြည်ဒဏ် မထိဘူးဆိုရင်တောင် ရုံးတက်တာတို့ဆိုရင် မီးချောင်းတွေရဲ့ အရောင်ကြောင့်လည်း အသားအရေ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Sunscreen လိမ်းဖို့ မမေ့နဲ့နော်။

ရေသောက်ပါ

ချစ်လေးတို့ အများစုက မိုးတွင်းဆိုရင် မိုးအေးတာနဲ့ ရေသောက်ဖို့ မေ့နေတတ်တယ်နော်။ ဒါက လုံးဝကို မဖြစ်သင့်တဲ့ အချက်ပါပဲ။ ဘယ်ရာသီပဲဖြစ်ဖြစ် ခန္ဓာကိုယ်က ရေသောက်ဖို့ လိုပါတယ်။ ရေသောက်တာကတော့ အနည်းဆုံး ရေသန့်ဗူး (၂) ဗူးလောက် သောက်ပါ။ ဒါမှ မိုးတွင်းမှာလည်း အသားအရေ မခြောက်မှာပါ။

မျက်နှာကို ထိတွေ့မယ့် အရာ

မိုးတွင်းမှာဆိုရင် တဘက်တွေ စိုစိစိ ဖြစ်နေတတ်ပါတယ်။ ကောင်းကောင်း မခြောက်တဲ့ တဘက်တွေမှာ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ ဒီအရာတွေက မျက်နှာနဲ့ ထိတဲ့အခါ ဝက်ခြံထွက်တာ၊ အဆီကြိတ်ဖြစ်တာတွေ ရှိနေမှာပါ။ မိုးတွင်းမှာဆိုရင် နေရာတော်တော်များများက ခြင်၊ယင်တွေနဲ့ ညစ်ပတ်နေတတ်တာမို့ ကိုယ့်လက်ကလည်း အဲဒီနေရာတွေ ထိမိရင် တခြားရာသီထက် ပိုပြီး ညစ်ပတ်နေနိုင်ပါတယ်။ လက်မသန့်တာတွေနဲ့ မကိုင်မိဖို့ လိုတယ်နော်။ ဒါမှ မိုးတွင်းမှာ မျက်နှာအသားအရေ လှမှာ။

 

Comments

0 comments