Advertisement

ချစ်တို့ရေ အမေးများတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သိပြီးပြီဆိုရင်တော့ Bikini waxing လုပ်သင့် မသင့် စဉ်းစားလို့ အဖြေရလောက်ပါပြီနော်။

ခန္ဓာကိုယ်မှာ ဂျိုင်းမွေး ချွတ်တာတွေ ရှိသလို ခြေသလုံးမွှေးလည်း ချွတ်ကြတယ်နော်။ Waxing ပေ့ါ။ ခုနောက်ပိုင်း Spa တွေမှာ သီးသန့် လုပ်ပေးတာကတော့ Bikini waxing ပါ။ မိန်းမကိုယ် အမွှေးချွတ်တာပါ။ တချို့မိန်းကလေးတွေလည်း လုပ်ကြသလို တချို့ကတော့ လုပ်ချင်ပေမယ့် ကြောက်တာမျိုးလည်း ရှိကြပါတယ်။ ဒီတော့ မိန်းမကိုယ် အမွှေးချွတ်ရင် ဘာတွေ ကြုံရမလဲ၊ ဘာတွေ လုပ်ဆောင်ရမလဲ ပြောပြပေးမယ်နော်။ ဒီအချက်တွေနဲ့ အဆင်ပြေတယ်ဆိုရင်တော့ Waxing လုပ်လို့ရပါပြီ။

အဝတ်အစားအကုန်ချွတ်ရမှာလား

အဝတ်အစားအကုန်ချွတ်ရမှာလား (photo:  cactusmedicalcenter.com)

Waxing လုပ်ရင် အဝတ်အစားအကုန်ချွတ်ရမှာလား

ချစ်တို့ရေ Bikini Waxing လုပ်မယ်ဆိုရင် ရွေးချယ်စရာ (၂) ပိုင်းရှိပါတယ်။ အဲဒါကတော့ မိန်းမကိုယ်အပေါ်ပိုင်းနားလေး လုပ်တာနဲ့ မိန်းမကိုယ်တစ်ခုလုံးမှာ ရှိသမျှအကုန်လုံး Waxing လုပ်တာပါ။ Spa တွေမှာတော့ Half waxing နဲ့ Full Waxing ဆိုပြီးတော့ပါ။ အဲဒီတေ့ာ Full waxing ဆိုရင် အောက်ပိုင်းက အကုန်လုံး ချွတ်ရမှာပါ။ ဒါမှ waxing လုပ်ပေးတဲ့သူအတွက် အဆင်ပြေမှာပါ။

နာလား

ချစ်တို့ရေ ဂျိုင်း Waxing ဆိုရင်တောင် နည်းနည်းတော့ နာကြတယ်မလား။ Bikini waxing ကလည်း အဲဒီလိုမျိုးပဲ လုပ်တာမလို့ အနည်းငယ်တော့ နာနိုင်ပါတယ်။  လုံးဝ မနာကျင်တာမျိုး မဟုတ်ပေမယ့် ဖယောင်းကပ်ထားတာ ခွာရင်တော့ နည်းနည်း နာပါတယ်နော်။ နောက်ပြီး အမွှေးသေးသေးလေးတွေဆိုရင် မွှေးညှပ်နဲ့ ညှပ်ပြီးနှုတ်တာတွေ ရှိတာကြောင့်လည်း နည်းနည်း နာနိုင်ပါတယ်။

ဘာတွေပြင်ဆင်ရမလဲ

Bikini waxing လုပ်တဲ့အခါမှာ မိန်းမကိုယ်အမွှေးတွေ အရမ်းကြီး ရှည်နေရင် Waxing လုပ်ပေးတဲ့သူက အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ အရှည်ကြီးဆိုတော့ ဖယောင်းခွာရင် နည်းနည်းနာတယ်လေ။ အရမ်းတိုနေရင်လည်း Waxing လုပ်တဲ့အခါ မပြောင်ဘူး ဖြစ်တတ်ပြန်ပါတယ်နော်။ ဒါကြောင့် အရမ်းရှည်တယ်ဆိုရင်တော့ ကတ်ကြေးလေးနဲ့ ခပ်ပါးပါးလေး ညှပ်သွားပါ။ နောက်ပြီး မိန်းမကိုယ် အနံ့ဆိုးတွေ မထွက်အောင်လည်း ပြင်ဆင်ဖို့ လိုတယ်နော်။ မဟုတ်ရင် အားနာစရာကြီးလေ။ ဒီတော့ ရေသေချာ ဆေးကြောတာ၊ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ Cream တွေ သုံးတာမျိုး လုပ်ပါ။

ဘာတွေဂရုစိုက်ရမလဲ

ဘာတွေဂရုစိုက်ရမလဲ (photo:  lifestyle.okezone.com)

Waxing လုပ်ပြီးရင် ဘာတွေဂရုစိုက်ရမလဲ

ချစ်တို့ရေ Waxing လုပ်ပြီးရင် ဆပ်ပြာတွေနဲ့ အကြမ်းကြီး ပွတ်တိုက်ဆေးကြောတာမျိုး မလုပ်ပါနဲ့ဦးနော်။ နည်းနည်း နာနေတာ၊ နီရဲနေတာမျိုးလည်း ရှိတတ်တာကြောင့် ကြမ်းကြမ်းပွတ်တိုက်ဆေးကြောတာမျိုး လုပ်လို့ မရသေးပါဘူး။ နောက်ပြီး သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့ အတွင်းခံတွေနဲ့ပဲ ထိတွေ့ပါ။ ပိုးဝင်တာတွေ ထိခိုက်မိတာတွေမရှိအောင်ပေါ့နော်။

ချစ်တို့ရေ အမေးများတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို သိပြီးပြီဆိုရင်တော့ Bikini waxing လုပ်သင့် မသင့် စဉ်းစားလို့ အဖြေရလောက်ပါပြီနော်။

Tags: beautyTipswaxing

Comments

0 comments