Advertisement

မျက်နှာသန့်စင်ခြင်းက အဓိက ဦးစားပေးပါ။ တစ်နေကုန် ကိုယ့်ရဲ့မျက်နှာမှာ ဖုန်မှုန့်၊ အညစ်အကြေး စတာတွေ ကပ်ရှိလာပြီး ဆဲလ်သေတွေလည်း ရှိနေနိုင်တယ်လေ

 အသားအရေကို ဂရုစိုက်တယ်ဆိုရင်တော့ Skin care ပိုင်းတွေမှာ လျော့သွားလို့ မရဘူးနော်။ Skin care သေသေချာချာ လုပ်မှ မျက်နှာလေးက ကိုယ်လိုချင်တဲ့အတိုင်းလေး ဖြစ်နေမှာပါ။ ဝက်ခြံ၊ အဆီဖု၊ တင်းတိပ်၊ မှဲ့ခြောက် အစရှိတာတွေ မရှိဖို့ပေါ့။ Skin care လိမ်းတယ်ဆိုတာက တစ်ရက်ပဲ လိမ်းပြီး ပြီးသွားတာမျိုး မဟုတ်ဘူးနော်။ မနက်၊ ည အဆင့်ဆင့် လိမ်းသင့်တာတွေ လိမ်းရမှာပါ။ ဒီတော့ ညဘက်မှာ ဘယ်လို Skin care တွေ အဆင့်ဆင့် လိမ်းဖို့ လိုအပ်သလဲ ဆိုတာ ပြောပြမယ်နော်

Cleansing

 Skin care လုပ်ပြီဆိုရင် ပထမအရေးအကြီးဆုံးအချက်က Cleansing ပါပဲနော်။ မျက်နှာသန့်စင်ခြင်းက အဓိက ဦးစားပေးပါ။ တစ်နေကုန် ကိုယ့်ရဲ့မျက်နှာမှာ ဖုန်မှုန့်၊ အညစ်အကြေး စတာတွေ ကပ်ရှိလာပြီး ဆဲလ်သေတွေလည်း ရှိနေနိုင်တယ်လေ။ ဒါတွေကို ညအိပ်ရာဝင်ခါနီးမှာ ဖယ်ရှားလိုက်ဖို့ လိုပါတယ်။ Cleansing လုပ်တဲ့အခါမှာလည်း မျက်နှာသစ်ဆေးနဲ့ မသစ်ခင်မှာ မိတ်ကပ်နဲ့ ခုနကပြောတဲ့ အညစ်အကြေးတွေ ပြောင်စင်ဖို့အတွက် မျက်နှာသစ်ဆေးမတိုင်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ အရင်ဖျက်ပါ။

https://www.bestconsumerreviews.com/

Toner

မျက်နှာသေချာ သစ်ပြီးပြီဆိုရင်တော့ ဒုတိယ အဆင့်အနေနဲ့ မဖြစ်မနေ သုံးရမှာကတော့ Toner ပါပဲ။ Toner က ချွေးပေါက်ကျယ်တာတွေအတွက် ကောင်းမွန်စေပြီး မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီးသား ဖြစ်မှာပါ။ နောက်ပြီး အညစ်အကြေးတွေ ရှိနေတယ်ဆိုရင် တိုနာသုံးတဲ့အခါ သုံးတဲ့ ဂွမ်းစမှာ ပါလာတာကို မြင်ရမှာပါ။ ဒါက သန့်စင်စေပြီးသား ဖြစ်သလို အသားအရေအတွက်လည်း ကောင်းမွန်စေတယ်လေ။

Essence ဒါမှမဟုတ် Serum

 တိုနာအဆင့်ပြီးသွားပြီဆိုရင်တော့ Essence ဒါမှမဟုတ်  Serum ကို သုံးပေးပါ။ နှစ်မျိုးလုံး သုံးလည်းရပေမယ့် တစ်မျိုးတည်း သုံးလည်း လုံလောက်ပါတယ်။ (၂) မျိုးလုံးရှိတယ်ဆိုရင် မနက်တစ်မျိုး၊ ညဘက်တစ်မျိုး လိမ်းတာမျိုးလည်း လုပ်ပေးလို့ရတယ်နော်။ လိမ်းတဲ့အခါ အသားအရေထဲ သေချာစိမ့်ဝင်အောင် လိမ်းပေးဖို့ လိုပါတယ်။

https://www.bestconsumerreviews.com/

Moisture

Moisture ကလည်း မျက်နှာအသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာမလို့ ညဘက်တွေမှာ လိမ်းပေးဖို့ လိုပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Brand ဖြစ်ဖို့တော့ သတိပြုရမယ်နော်။ Moisture က အသားအရေ စိုစိုအိအိလေး ဖြစ်ဖို့ ကူညီပေးပြီး မျက်နှာအတွက် ရေဓါတ်ဖြည့်ပေးတာမလို့ မမေ့ခဲ့သင့်တဲ့ အဆင့်ပါ။

Eye Cream

အသက် (၂၅) လောက်ကနေစပြီး eye cream လိမ်းဖို့ လိုတယ်နော်။ တချို့မိန်းကလေးတွေကလည်း အသက်(၂၀) ကျော်ကျော်လောက်ကစပြီး လိမ်းကြပါတယ်။ Eye cream က မျက်လုံးနားတဝိုက်မှာ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကို သက်သာစေတာမို့ အသက်အရွယ်ကြီးရင့်တာကို လျော့ကျစေပါတယ်။ သေချာလေး လိမ်းပေးဖို့တော့ လိုတယ်နော်။

Lip Cream

မျက်နှာအတွက် အဆင့်ဆင့် လိမ်းပြီးပြီဆိုရင် နှုတ်ခမ်းလေးအတွက်လည်း လိမ်းပေးဖို့ လိုတယ်နော်။ နှုတ်ခမ်းသားအတွက် သီးသန့်လိမ်းတဲ့ Cream တွေက နှုတ်ခမ်းမှာ အညိုရောင် ဖြစ်တာတွေကို လျော့ကျစေပြီး ပန်းနုရောင်သမ်းလာဖို့နဲ့ နှုတ်ခမ်းအရေပြားကွဲအက်တာ၊ ခြောက်သွေ့တာတွေ မဖြစ်စေပါဘူး။

 

Tags: beautyskin care

Comments

0 comments