Advertisement

ချစ်တို့ရေ ဝက်ခြံအမာရွတ်တွေ သက်သာအောင် အစားအသောက်လေးတွေ စားရင်းနဲ့ လုပ်လို့ရတာမလို့ ဘယ်အစားအစာတွေ စားရမလဲဆိုတာ သိထားသင့်တယ်နော်။

ချစ်တို့ရေ အစားလည်းစားရင်းနဲ့ အလှအပကိုလည်း ဂရုစိုက်ကြမယ်နော်။ ချစ်တို့ မျက်နှာမှာ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ရှိနေတယ်ဆိုရင် သက်သာအောင် လုပ်ဖို့ လိုတယ်လေ။ ဆေးခန်းတွေပြ ဆေးတွေသောက်တဲ့အပြင် ကိုယ်စားနေကျ အစားအစာတွေနဲ့လည်း ဝက်ခြံအမာရွတ်တွေ သက်သာလာအောင် လုပ်လို့ ရပါတယ်။ ဝက်ခြံအမာရွတ်တွေ သက်သာအောင် ဘယ်အစားအစာတွေက အထောက်အကူပြုသလဲဆိုတာ ပြောပြမယ်နော်။

ကန်စွန်းဥ

ကန်စွန်းဥ

ကန်စွန်းဥ

ချစ်တို့ရေ ကန်စွန်းဥက ဝက်ခြံ အမာရွတ်တွေ ပျောက်ကင်းစေဖို့ အထောက်အကူ ပြုပါတယ်။ ဘာလို့လဲဆိုတော့ ကန်စွန်းဥမှာ ဗီတာမင် အေ ပါဝင်ပြီး အဲဒီဗီတာမင်အေက skin barrier ဖြစ်တာကို သက်သာစေတဲ့အပြင် ချွေးပေါက်ပိတ်တာ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ အဲဒီတော့ skin ပျက်စီးတာကြောင့် အမာရွတ် ဖြစ်တာကို အမြန်သက်သာစေပါတယ်။

သံပရာသီး

သံပရာသီး

သံပရာသီး

သံပရာသီးမှာ ပါဝင်တဲ့ ဓါတ်တွေက ဝက်ခြံအမာရွတ်ကို သက်သာစေပါတယ်။ သူ့မှာ ကော်လဂျင်ဓါတ်တွေပါတာမို့ နုပျိုစေသလို free radicals တွေကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး သံပုရာသီးက အမာရွတ်တွေ အရောင်လျော့လာအောင်လည်း အထောက်အကူ ပြုပါတယ်။ သံပုရာသီး စားပေးနော်။

ကိုက်လန်

ကိုက်လန်

ကိုက်လန်

ချစ်တို့ရေ ကိုက်လန်ကလည်း ဝက်ခြံအမာရွတ်ကို သက်သာစေနိုင်ပါတယ်။ ကိုက်လန်မှာ ဗီတာမင်ဓါတ်အေ၊ စီ၊ ကေ ပါဝင်တဲ့အပြင် ဓါတ်တိုးဆန့်ကျင်မှု့တွေ ပါတာမလို့ မျက်နှာအသားအရေ အရောင်မညီတာမျိုး မဖြစ်စေပါဘူး။ ဝက်ခြံတွေ သက်သာစေပြီး အရောင်မညီတာတွေ သက်သာစေတာမလို့ အမာရွတ်တွေ နည်းလာစေမှာပါ။

ရွှေဖရုံသီး

ရွှေဖရုံသီး

ရွှေဖရုံသီး

ရွှေဖရုံသီးကတော့ ဗီတာမင် အေ စီနဲ့ ကေပါဝင်သလို ဖောလိတ်လည်း ပါဝင်ပါတယ်။ နောက်ပြီး ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်လည်း ပါဝင်တာမလို့ အသားအရေ ချောမွေ့စေပါတယ်။ ဝက်ခြံ အမာရွတ်တွေကို အရောင်ဖျော့လာစေပြီး အမာရွတ်လေးတွေ ပျောက်ကင်းလာမှာပါ။ အသားအရည်အတွက် အထောက်အကူပြုတာမလို့ များများ စားပေးသင့်တယ်နော်။

ဆယ်လမွန်

ဆယ်လမွန်

ဆယ်လမွန်

ဆယ်လမွန်မှာ အိုမီဂါ(၃) အက်စစ်တွေ ပါဝင်တာမလို့ ဝက်ခြံအမာရွတ်တွေ သက်သာစေပါတယ်။ အိုမီဂါ(၃) ပါဝင်တာမလို့ နေရောင်ခြည်ကြောင့် အသားအရည် ပျက်စီးတာတွေ သက်သာစေသလို မျက်နှာမှာ အမဲစက်တွေ ဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဝက်ခြံအမာရွတ်အရောင်တွေ လျော့လာမှာပါ။

ချစ်တို့ရေ ဝက်ခြံအမာရွတ်တွေ သက်သာအောင် အစားအသောက်လေးတွေ စားရင်းနဲ့ လုပ်လို့ရတာမလို့ ဘယ်အစားအစာတွေ စားရမလဲဆိုတာ သိထားသင့်တယ်နော်။

 

Tags: acne scarbeauty

Comments

0 comments