Advertisement

ဆောင်းတွင်း ဦးရေပြားခြောက်သွေ့တာမျိုး မဖြစ်ရအောင် ဘာတွေလုပ်ရမလဲဆိုတာ သိထားသင့်တယ်နော်။ ဒါဆို ဘယ်ရာသီဥတုပဲဖြစ်ဖြစ် ဗောက်ထမှာ မကြောက်ရတော့ဘူးပေါ့။

ချစ်တို့ရေ ဆောင်းတွင်းဆိုရင် ဦးရေပြားတွေ ခြောက်သွေ့လာပြီး ဗောက်တွေ ထလာတတ်ပါတယ်။ ဘယ်လိုခေါင်းလျှော်ရည်နဲ့မှ မပျောက်ကင်းနိုင်ဘဲ အဖြူရောင် အဖတ်တွေ ကွာကျလာတဲ့အထိ အခြေအနေ ဆိုးတတ်ပါတယ်။ ဦးရေပြား ခြောက်သွေ့လေ ဗောက်ပိုထလေပါပဲ။ အဲဒီတော့ ဗောက်တွေ ပျောက်ကင်းဖို့ သဘာဝနည်းနဲ့ ပျောက်ကင်းအောင်  လုပ်ရအောင်။

စိတ်ဖိစီးမှုတွေ လျှော့ပါ

စိတ်ဖိစီးမှုနဲ့ ဗောက်ကလည်း ဆက်စပ်နေတယ်နော်။ စိတ်ဖိစီးမှုတွေ ဖြစ်တယ်ဆိုရင် ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ် ကျလာပြီး အဲဒီအခါ ဗောက်တွေ ဖြစ်စေတဲ့ ဟော်မုန်းတွေ၊ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်စွမ်းလည်း နည်းလာပါတယ်။ ဒီတော့ ဗောက်တွေ ပိုဖြစ်လာစေတယ်ပေ့ါနော်။ ဒါကြောင့် ဗောက်တွေ အပြတ်ရှင်းထုတ်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ လျှော့ချပါ။

ရှားစောင်းလက်ပပ်

ကိုယ့်ခေါင်းမှာ ဗောက်တွေရှိနေလို့ စိတ်ညစ်နေပြီဆိုရင်တော့ ရှားစောင်းလက်ပပ် သုံးကြည့်လို့ ရပါတယ်။ ရှားစောင်းလက်ပပ်က ဦးရေပြားမှာ လိုအပ်တဲ့ အစိုဓါတ်ကို ပေးနိုင်တဲ့အပြင် ဗောက်တွေ ပျောက်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်နော်။ ရှားစောင်းလက်ပပ်ကို ရေဆေး သေချာလှီးမယ်ဆိုရင် အထဲက ဂျယ်လ်လေးတွေကို ဦးရေပြားမှာရော သုတ်လိမ်းပါ။ ပြီးမှ ခေါင်းလျှော်ပါ။ ဒါဆိုရင် အလှပျက်စေမယ့် ဗောက်တွေ ရှင်းထုတ်ပြီးသား ဖြစ်မှာပါ။

Tea Tree Oil

Tea Tree Oil

Tea Tree Oil က အလှကုန်စတိုးဆိုင်တွေမှာ လွယ်လွယ်ဝယ်လို့ ရပါတယ်နော်။ ဗူးလည်းဆိုဒ်စုံ ရှိပါတယ်။ သူက ဦးရေပြားမှာ ရှိတတ်တဲ့ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို တိုက်ထုတ်ပေးနိုင်တာမို့ ဗောက်တွေ သက်သာစေပါတယ်။ ကိုယ်လျှော်နေကျ ခေါင်းလျှော်ရည်ထဲ လက်ဖက်ဆီ(၂) စက်လောက် ထည့်ပြီး လျှော်ပေးရုံပါပဲ။

အုန်းဆီ

ဆံပင်နဲ့ ပတ်သက်ရင် အုန်းဆီရဲ့ အရေးပါမှုကို ဖယ်ထားခဲ့လို့ မရဘူးနော်။ ကိုယ့်မှာ ဗောက်တွေ ဖြစ်နေပြီဆိုရင် အုန်းဆီကို ခေါင်းမလျှော်ခင် (၁၅) မိနစ်လောက်က အလိုမှာ လိမ်းထားလိုက်ပါ။ ဦးရေပြားထဲထိ ရောက်အောင် လိမ်းဖို့ လိုတယ်နော်။ အုန်းဆီက ဦးရေပြားခြောက်သွေ့တာတွေ မဖြစ်စေတဲ့အပြင် ခြောက်သွေ့တာကြောင့် ယားယံတာမျိုး မဖြစ်စေပါဘူး။ ဒီတော့ ဗောက်တွေ ထပ်မဖြစ်စေနိုင်ဘူးပေါ့နော်။ အုန်းဆီလိမ်းထားပြီးမှ ခေါင်းလျှော်တာမျိုး လုပ်ပါ။

အစိုဓါတ်ရပါစေ

ဦးရေပြား အစိုဓါတ်ရပါစေ

ချစ်တို့ရေ ဆောင်းတွင်းမှာ ဦးရေပြား ခြောက်သွေ့ပြီး ဗောက်ထတယ်ဆိုရင် ဦးရေပြား အစိုဓါတ်ရအောင် ထားဖို့ လိုပါတယ်နော်။ ဦးရေပြား အစိုဓါတ် ရနေစေဖို့အတွက် ဆီတစ်မျိုးမျိုး လိမ်းပါ။ သံလွင်ဆီလိုမျိုးလေးတွေ ဦးရေပြားကို လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် ဗောက်ထတာတွေ သက်သာလာမှာပါ။

ချစ်တို့ရေ ဆောင်းတွင်း ဦးရေပြားခြောက်သွေ့တာမျိုး မဖြစ်ရအောင် ဘာတွေလုပ်ရမလဲဆိုတာ သိထားသင့်တယ်နော်။ ဒါဆို ဘယ်ရာသီဥတုပဲဖြစ်ဖြစ် ဗောက်ထမှာ မကြောက်ရတော့ဘူးပေါ့။

Comments

0 comments