Advertisement

ပေါင်ကြားအသားအရေ မည်းလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒါလေး မဖြစ်မနေ လုပ်ကြည့်ဖို့ အကြံပေးတယ်နော်။

‌ပေါင်ကြားအတွင်းသားတွေ မည်းညစ်နေတာက ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်နော်။ ပေါင်တွင်းသားမှာ မည်းနေတာမျိုးရှိနေရင် စကတ်တို၊ ဘောင်းဘီတိုလေးတွေ ဝတ်ရတာလည်း အဆင်မပြေသလို ရေကူးဝတ်စုံ ဝတ်ရင်လည်း ယုံကြည်မှု မရှိဘူးလေ။ ဒီတော့ ပေါင်ကြားအသားအရေ မည်းညစ်တာတွေ မဖြစ်အောင် လုပ်လို့ရမယ့်နည်း ပြောပြပေးမယ်နော်။

ပေါင်ကြားအသားအရေ မမည်းအောင် ဂရုစိုက်ရမှာတွေ

ပေါင်ကြားအမည်းတွေ ပျောက်အောင် မလုပ်ခင်မှာ ပေါင်ကြားမမည်းအောင် ဂရုစိုက်ရမှာတွေ သိထားသင့်တယ်နော်။ ဒါမှထပ်ထပ်ပြီး မမည်းတော့မှာပေါ့။

  1.  အတွင်းခံ ကျပ်ကျပ်တွေ မဝတ်ပါနဲ့။ ချစ်တို့ ဝတ်တဲ့အတွင်းခံက ကျပ်ကျပ်ကြီး ဖြစ်နေမယ်ဆိုရင် ပေါင်ကြားပွန်းတာနဲ့ ပိတ်စနဲ့ထိပြီး ပွန်းတာတို့ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ပွတ်တိုက်လေ ပေါင်ကြားမည်းလေပါ။
  2.  ရေချိုးတဲ့အခါ ပေါင်ကြားမှာ မည်းတာတွေ ပျောက်အောင် သေချာသန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ အမြဲတမ်း သန့်ရှင်းရေး လုပ်ပေးနေမှ အဲဒီလို နေရာတွေ မမည်းမှာပါ။
  3.  အစိုဓါတ်ထိန်းခရင်မ် လိမ်းပါ။ ရေဓါတ်မရတဲ့အခါမှာလည်း ပေါင်အတွင်းသား ကြားနေရာတွေကခြောက်သွေ့ပြီး မည်းညစ်နေတတ်ပါတယ်။

https://www.foreo.com/

အမည်းတွေ ပျောက်အောင် ဘယ်လိုလုပ်မလဲ

(၁) Sugar scrub

ချစ်တို့ရေ အမည်းတွေ ပျောက်အောင် scrub ကောင်းကောင်းလုပ်ဖို့ လိုတယ်နော်။ သကြားscrub က အိမ်မှာကိုယ်တိုင်လုပ်လို့ ရပါတယ်။ ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်း၊ သကြားလက်ဖက်စားဇွန်း (၂) ဇွန်းနဲ့ သံပုရာရည် (၂) စက်တို့ကို ရောကျိုလိုက်ပါ။ သကြားနည်းနည်း အရည်ပျော်လာရင် မီးပိတ်လို့ ရပါတယ်။ ခဏပဲ ကျိုရမှာနော်။ အအေးခံပြီးရင်တော့ ပေါင်ကြားမည်းနေတဲ့ နေရာတွေကို ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ရေအေးအေးဆေးချပြီး အစိုဓါတ်ထိန်းခရင်မ် လိမ်းပါ။ သိသိသာသာလေး မည်းနေတာတွေ သက်သာလာမှာပါ။

https://www.foreo.com/

(၂) ရှားစောင်းလက်ပပ်

ချစ်တို့ရေ ရှားစောင်းလက်ပပ်ကလည်း တကယ့်ကို အသုံးဝင်တဲ့နေရာတွေ အများကြီးပါပဲ၊ ပေါင်ကြားမည်းနေတာတွေ သက်သာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို လှီးပြီး အထဲက ဂျယ်လိုအနှစ်တွေကို ထုတ်ယူကာ ပေါင်မှာ ပွတ်လိမ်းပေးပါ။ (၁၀) မိနစ်လောက် ထားပြီးမှ ရေအေးဆေးချပါ။ ဒါဆိုရင် မည်းနေတာတွေ တဖြည်းဖြည်း ပျောက်သွားပြီး အရောင်ပုံမှန်ပြန်ဖြစ်လာမှာပါ။

 

Tags: beautyinner thigh

Comments

0 comments