အသားအရေ ပုံစံက အမျိုးအစားအများကြီး ရှိတယ်နော်။ ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ပေါင်းစပ်အသားအရေ ဖြစ်တာ တချို့ကျတော့လည်း ထိခိုက်လွယ်လွန်းတာပေါ့။ Sensitive ဖြစ်တဲ့အသားအရေ ခေါ်တာပေါ့။ အသားအရေကို ဂရုစိုက်တဲ့သူတိုင်းတော့ ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီမယ့် ဂရုစိုက်မှုတွေ၊ ဆင်ခြင်သင့်တာတွေကို လုပ်ရတာပါပဲ။ အသားအရေ ထိခိုက်လွယ်တဲ့သူတွေမှာလည်း ဆင်ခြင်ရမှာတွေ ရှိတယ်နော်။
မျက်နှာသန့်ရှင်းရေး
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ သေချာဂရုစိုက်ဖို့ လိုတယ်နော်။ မျက်နှာသစ်တဲ့အခါ ကြမ်းကြမ်းပွတ်တာမျိုး မလုပ်မိဖို့ လိုသလို သုံးတဲ့ မျက်နှာသစ်ဆေးမှာလည်း ပါဝင်တဲ့ ပစ္စည်းတွေက ပြင်းထန်တာမျိုး ဖြစ်လို့ မရဘူးနော်။ မဟုတ်ရင် မျက်နှာမှာ နီမြန်းလာတာ၊ အဖုတွေ ထွက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်အတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းကိုသာ သုံးပါ။
နေလောင်မခံပါနဲ့
အသားအရေက ထိခိုက်လွယ်တယ်ဆိုရင် မျက်နှာကို နေပူလောင်တာမျိုးလည်း ရှောင်ရပါမယ်နော်။ အဆောင်းအကာမပါဘဲ နေပူထဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေရောင်ကာလိမ်းခရင်မ်တွေလည်း မမေ့ပါနဲ့။ မျက်နှာမှာ နေလောင်တာမျိုး ဖြစ်ရင် အဆင်မပြေဘူးလေနော်။ ဘာမှမလိမ်းရင်တောင် Sunscreen ကိုတော့ မဖြစ်မနေလိမ်းပါ။
ရေပူလျှော့ပါ
ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေက ရေပူလွန်းတာကို သုံးတာလည်း လျှော့ဖို့ လိုတယ်နော်။ မျက်နှာသစ်တာပဲ ဖြစ်ဖြစ်၊ ရေချိုးတာပဲ ဖြစ်ဖြစ်ပေါ့။ ရေပူသုံးတာက ခဏတာမှာတေ့ာ နွေးနွေးလေးနဲ့ နေလို့ကောင်းပေမယ့် အချိန်ကြာလာရင် အသားအရေ ခြောက်သွေ့ပြီး အဆင်မပြေနိုင်ဘူးနော်။
အစိုဓါတ်ထိန်းခရင်မ် လိမ်းပါ
ချစ်တို့ရေ Moisture အဆင့်ကို မကျော်လိုက်ပါနဲ့နော်။ မျက်နှာမှာ စိုစိုစွတ်စွတ်လေး ဖြစ်နေမှ နီရဲနေတာမျိုး မရှိမှာလေ။ နောက်ပြီး ရေဓါတ်ကိုလည်း ပေးစွမ်းနိုင်တာမို့ အသားအရေ ခြောက်သွေ့တာ၊ အက်ကွဲတာ၊ ယားယံတာတွေ မဖြစ်မှာပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် Moisture တစ်မျိုးမျိုး လိမ်းပေးပါ။
ချစ်တို့ရဲ့ အသားအရေက Sensitive Skin ဖြစ်နေတယ်ဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ဂရုစိုက်ရမယ့် နည်းတွေ ပြောထားတာမလို့ လိုက်လုပ်ကြည့်ဖို့ လိုတယ်နော်။
Comments