ချစ်တို့ရေ ခုနောက်ပိုင်း မျက်နှာအတွက် Skin care လုပ်ကြတဲ့အဆင့်မှာ Exfoliation လုပ်တဲ့အဆင့် ပါလာပါပြီ။ အဲဒီအဆင့်အတွက် ထုတ်ကုန်အမျိုးမျိုးလည်း ဈေးကွက်ထဲမှာ ရှိကြပါတယ်။ အဲဒါကတော့ မျက်နှာမှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပေမယ့် အလွန်အကျွံလုပ်လိုက်မယ်ဆိုရင် မျက်နှာမှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။
(၁) ဝက်ခြံတွေ ထွက်လာခြင်း
ချစ်တို့ရေ Exfoliation လုပ်တာများလာရင် မျက်နှာမှာ ဝက်ခြံတွေ ွက်လာတတ်ပါတယ်။ မျက်နှာမှာ ရှိတဲ့ အစိုဓါတ်တွေ pH Level တွေ မညီတော့ဘဲ ဝက်ခြံတွေ ဆက်တိုက် ထွက်လာတတ်ပါတယ်။ အဲဒီလို ဆိုရင်တော့ Exfoliation လုပ်တာကို ရပ်လိုက်ဖို့ လိုပါတယ်။
(၂) မျက်နှာမှာ အဆီပြန်လာတာ
ချစ်တို့ရေ မျက်နှာမှာ အဆီပြန်တာတွေ ဖြစ်လာရင်လည်း သတိထားဖို့ လိုပါတယ်။ Exfoliation လုပ်တာများလာရင် မျက်နှာအရေပြားပေါ်မှာရှိရမယ့် အဆီတွေ ကုန်ခမ်းလာပြီး အရေပြားအောက်က အဆီတွေ ပိုထွက်လာမှာပါ။ အဲဒါဆိုရင် မျက်နှာမှာ ပိုပြီးတော့ အဆီပြန်လာပါပြီ။

အဆီပြန်လာတာ
(၃) မျက်နှာယားယံပြီး နီရဲလာမယ်
ဆဲလ်သေတွေ ဖယ်တာများလာပြီဆိုရင် မျက်နှာအသားအရေက နီရဲတာတွေနဲ့ ယားယံတာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလို ဖြစ်လာတာက မျက်နှာမှာ အရေပြား ပါးလာတာနဲ့ ဓါတ်မတည့်တာတွေကြောင့်ပါ။ အပေါ်ယံ ထိခိုက်တဲ့ လက္ခဏာတွေ ပြလာတာက Exfoliation လုပ်တာ များလို့ပါ။ အဲလိုဆိုရင် Exfoliation လုပ်တာများနေလို့ ဖြစ်နိုင်ပါတယ်။

နီရဲလာမယ်
(၄) မျက်နှာ ပြောင်တင်းတင်း ဖြစ်လာမယ်
ချစ်တို့ရေ မျက်နှာအသားအရေက glow လာတာမျိုး မဟုတ်ဘဲ မျက်နှာပြောင်တင်းတင်းကြီး ဖြစ်လာပြီး အရမ်းလက်နေတာမျိုးကလည်း Exfoliation လုပ်တာများလာရင် ပြတတ်တဲ့ လက္ခဏာတစ်မျိုးပါ။ အဲဒီတော့ ကိုယ့်မျက်နှာမှာ ပြောင်တင်းတင်း ဖြစ်လာနေလား သတိထားကြည့်ပါဦး။
(၅) မျက်နှာအသားအရေ ကွာလာတာ
ချစ်တို့ရေ အရေပြားတွေ ပွန်းလာတာမျိုး ဖြစ်လာရင်လည်း သတိထားဖို့ လိုပါတယ်။ အပေါ်ယံ အသားအရေတွေ ပျက်စီးပြီးတော့ အဖတ်လိုက်ကွာလာတာမျိုးပေါ့။ အဲဒီလို အခြေအနေမျိုးတွေ မျက်နှာမှာ ဖြစ်လာရင် ရပ်လိုက်ဖို့ လိုပါတယ်။
ချစ်တို့ရေ Exfoliation လုပ်လွန်းရင် မျက်နှာမှာ ပြဿနာတွေ ကြုံလာနိုင်တာမလို့ ဘယ်အချက်တွေက Exfoliation လုပ်တာ များလာပြီလဲဆိုတာ သိထားသင့်ပါတယ်။
Comments