Advertisement

အိမ်မှာ အေးအေးဆေးဆေး Skin Care ရမှာပါ။ Skin Care တွေ မျက်နှာပေါ် ရောက်ရင်ပြီးရော လိမ်းတာမျိုး မဟုတ်ဘဲ တဆင့်ချင်း တစ်မျိုးချင်း အရေပြားထဲထိ စိမ့်ဝင်အောင် လိမ်းပါ

မျက်နှာသစ်တဲ့အခါ သေချာဂရုစိုက်ပါ။ မနက်ခင်း တကြိမ်၊ ညအိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပါ။ မျက်နှာသစ်ရင်လည်း မျက်နှာသစ်ဆေးကို လက်မှာသေချာ ပွတ်ပြီး အမြုပ်ထွက်မှသာ မျက်နှာပေါ် တင်ပြီး သစ်ပါ။ ဖြေးဖြေး ညင်ညင်သာသာ မျက်နှာအနှံ့ သစ်ပေးပြီး လက်ချောင်းလေးတွေနဲ့ နှိပ်နယ်တာမျိုး လုပ်ပါ။ ဒါက အချိန် (၂) မိနစ်လောက် ကြာနိုင်ပါတယ်နော်။

အစိုဓါတ်လိုချင်ရင်

အစိုဓါတ်လိုချင်တဲ့ မျက်နှာအသားအရေ ပိုင်ရှင်တွေအနေနဲ့ သခွားသီး ဒါမှမဟုတ် ခရမ်းချဉ်သီး ကပ်တာမျိုး လုပ်လို့ ရပါတယ်။ သခွားသီးနဲ့ ခရမ်းချဉ်သီးကို ပါးပါးလေး လှီးပြီး မျက်နှာမှာ ကပ်ပါ။ သတိထားရမှာကတော့ အကြာကြီး မကပ်ထားဖို့ပါပဲ။ အကြာကြီး ကပ်ထားမယ်ဆိုရင် အပူတွေကို စုပ်ယူပြီးမှ ပြန်ထုတ်ပေးတတ်တာမို့ ဝက်ခြံတွေ Break Out ဖြစ်လာနိုင်ပါတယ်။ (၅) မိနစ်လောက်ပဲ ကပ်ပါ။

အစိုဓါတ်လိုချင်ရင်

အစိုဓါတ်လိုချင်ရင်

ဆားဝက်ခြံအတွက်ဆိုရင်

ဆားဝက်ခြံအတွက်ဆိုရင်တော့ Charcoal Clay Mask တပ်တာမျိုး လုပ်ပါ။ မျက်နှာကို အတွင်းပိုင်းအထိ သန့်စင်ပေးတာမို့ ဆားဝက်ခြံတွေ သက်သာစေနိုင်ပါတယ်။ အိမ်မှာ Clay mask မရှိဘူးဆိုရင်လည်း သံပုရာသီးကို အရည်ညှစ်ပြီး ပျားရည်နဲ့ သကြားရောစပ်ကာ အနှစ်လေး ဖြစ်အောင် လုပ်ပြီး ဆားဝက်ခြံ ရှိတဲ့နေရာတွေမှာ ကပ်ထားလိုက်ပါ။ ဒါက အိမ်မှာနေရင်း ဆားဝက်ခြံတွေကို နှိမ်နင်းတဲ့ Skin Care နည်းလမ်းပါပဲ။

ရေများများသောက်ပါ

အိမ်မှာနေရင်း ကိုယ့်ရဲ့ အသားအရေကို ကြည်လင်တောက်ပအောင် လုပ်ချင်တယ်ဆိုရင်တော့ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။ ဘာမှ မလိမ်းရင်တောင် ရေများများ သောက်တာက စိုပြေကျန်းမာစေပါတယ်နော်။

ရေများများသောက်ပါ

ရေများများသောက်ပါ

Skin Care အဆင့်ဆင့် လိမ်းတဲ့အခါ

Skin Care အဆင့်ဆင့် လိမ်းတဲ့အခါမှာလည်း အချိန်သေချာ ပေးဖို့လိုတယ်နော်။ အိမ်မှာ အေးအေးဆေးဆေး Skin Care ရမှာပါ။ Skin Care တွေ မျက်နှာပေါ် ရောက်ရင်ပြီးရော လိမ်းတာမျိုး မဟုတ်ဘဲ တဆင့်ချင်း တစ်မျိုးချင်း အရေပြားထဲထိ စိမ့်ဝင်အောင် လိမ်းပါ။ အရည်ကျဲကျဲကနေ တဖြည်းဖြည်းချင်း ပြစ်သွားတဲ့ အဆင့်ဆင့် ပစ္စည်းတွေကို လိမ်းပါ။ ကိုယ့်ရဲ့ Skin Care တွေထဲမှာ ဘယ်ဟာကို အရင်ဆုံး လိမ်းပြီး ဘယ်ပစ္စည်းကို နောက်ဆုံးမှ လိမ်းရမလဲဆိုတာ ပြန်စစ်ပါ။

အိမ်တွင်း Skin Care  လေးတွေ

အိမ်မှာနေရင်း Skin Care နိုင်ဖို့အတွက် အိမ်တွင်း Mask လေးတွေ လုပ်လို့ရတယ်နော်။ အများကြီး မဟုတ်ရင်တောင် (၃) မျိုးလောက်တော့ တပတ်အတွင်း လုပ်လို့ ရပါတယ်။

Comments

0 comments