ရေများများသောက်ပါ

(photo: bbc.com)
ဘယ်လိုမျိုး Skin care တွေပဲ သုံးသုံး အသားအရေ ကောင်းဖို့ နေ့တိုင်းမပျက်မကွက် လုပ်ရမှာကတော့ ရေများများ သောက်တာပါပဲ။ ရေများများသောက်မှသာ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓါတ်ကောင်းကောင်း ရရှိပြီး ကျန်းမာရေး ကောင်းမှာဖြစ်သလို အရေပြားအတွက်လည်း ခြောက်သွေ့တာမျိုး၊ အရောင်မွဲခြောက်တာမျိုး မဖြစ်မှာပါ။ မျက်နှာအတွက် ရေဓါတ် ရနေတယ်ဆိုရင် Glow skin ဖြစ်စေမှာပါ။ စိုစိုအိအိလေး ဖြစ်စေဖို့ ရေများများ နေ့တိုင်း သောက်ပါ။
ဝမ်းမှန်ဖို့ ဂရုစိုက်ပါ
(photo: .independent.co.uk)အသားအရေကို ဂရုစိုက်တယ်ဆိုရင် ဝမ်းမှန်မှန် သွားဖို့လည်း သတိထားပါ။ ဝမ်းချုပ်လွန်းတာက မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်တာ၊ အပူဖုတွေ ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဝမ်းမှန်အောင် အစားအသောက်လည်း ဂရုစိုက်ပေးနော်။
မိတ်ကပ်ဖျက်ဆေး သုံးပါ

(photo: shefinds.com)
မိတ်ကပ်တွေ ပျက်ဖို့အတွက် မျက်နှာသစ်ဆေး တစ်မျိုးတည်းနဲ့ မလုံလောက်ဘူးနော်။ မိတ်ကပ်တွေ ချွေးပေါက်ထဲမှာ ကပ်ကျန်တာတွေ မဖြစ်စေဖို့၊ အကုန်လုံး သန့်စင်သွားဖို့ဆိုတာ မိတ်ကပ်ဖျက်ဆေးရဲ့ အကူအညီ လိုပါတယ်။ မိတ်ကပ်ဖျက်ဆေး နေ့တိုင်း သုံးပေးပါ။ ဒါမှ မိတ်ကပ်မှာပါတဲ့ ဓါတုပစ္စည်းတွေ မျက်နှာမှာ ကပ်ကျန်ခဲ့ပြီး အသားအရေကို ထိခိုက်တာမျိုးတွေ မဖြစ်မှာပါ။
မျက်နှာမသစ်ဘဲ အိပ်တာ

(photo: sharecare.com)
မျက်နှာအသားအရေ ကောင်းကောင်းလေး ဖြစ်ဖို့ မမေ့ရမှာက မျက်နှာမသစ်ဘဲ မအိပ်ဖို့ပါ။ ညတိုင်း မျက်နှာသစ်ဖို့ လိုပါတယ်နော်။ တစ်နေကုန် မျက်မှာထိတွေ့ထားတဲ့ ဖုန်၊ သဲ၊ အညစ်အကြေးတွေက ညဘက်မျက်နှာမသစ်မိဘူးဆိုရင် ချွေးပေါက်တွေမှာ ပိတ်သွားပြီး အဆီဖု၊ ဝက်ခြံထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာမဝင်မီ မျက်နှာသစ်တဲ့ အလေ့အကျင့်ကို လုပ်ပါ။
Sunscreen လိမ်းပါ

(photo: drugtopics.com)
နေ့တိုင်း လုပ်သင့်တဲ့ အချက်တွေထဲမှာ နေရောင်ကာခရင်မ် လိမ်းတာလည်း ပါတယ်နော်။ မျက်နှာကို နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့တာက အိုမင်းရင့်ရော်လွယ်ခြင်း၊ တင်းတိပ်၊ အရေးအကြောင်းဖြစ်ခြင်းနဲ့ အသားအရေ မညီညာတာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် မဖြစ်မနေ Sunscreen လိမ်းပေးပါနော်။
Comments