Advertisement

ညနေတိုင်း မိတ်ကပ်ဖျက်တဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့အတူ moisture အနည်းငယ်ထည့်ပြီး မိတ်ကပ်ဖျက်ပေးရင် အသားအရေခြောက်တဲ့ ပြဿနာ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

Cosmetic တွေ Skin Care တွေ သုံးနေရင်းနဲ့ အသားအရေတွေ ခြောက်လာတာမျိုး ကြုံဖူးလား။ ဒါက အသားအရေ အစိုဓါတ်လိုအပ်တဲ့ လက္ခဏာဖြစ်ပြီး Cosmetic တွေ Skin Care တွေသုံးတဲ့အခါ moisture အဆင့်ကျန်ခဲ့လို့ပါ။

Moisture ကို တကူးတက မသုံးဖြစ်ဘူးဆိုရင် လက်ရှိသုံးနေတဲ့ မိတ်ကပ် ဒါမှမဟုတ် skin care ပစ္စည်းတွေနဲ့ရောသုံးလို့ရပါတယ်။

မိတ်ကပ်ဖျက်ဆေး

ညနေတိုင်း မိတ်ကပ်ဖျက်တဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့အတူ moisture အနည်းငယ်ထည့်ပြီး မိတ်ကပ်ဖျက်ပေးပါ။ ဒါဆို အသားအရေခြောက်တဲ့ ပြဿနာတစ်ခု ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

Serum

Serum ကို သူ့အတိုင်းတစ်မျိုးထဲ လိမ်းတာထက် moisture အနည်းငယ်နဲ့ရောလိမ်းရင် အသားအရေအတွက် ပိုပြီး ထိရောက်မှုကောင်းတယ်။

Moisture တကူးတက မလိမ်းချင်ဘူးဆိုရင် နေ့စဥ်လိမ်းတဲ့ skincare မိတ်ကပ်တွေနဲ့ ရောနှောလိမ်းလို့ရပါတယ် (Photo by marie france ASIA)

Sponges

မိတ်ကပ်ကို ဖော့ ဒါမှမဟုတ် ဥ နဲ့ လိမ်းတဲ့အခါ ဖော့(ဥ) ကို moisture အနည်းငယ်သုပ်ပြီးမှ မိတ်ကပ်လိမ်းပေးပါ။

Sunscreen

Sunscreen လိမ်းတဲ့အခါမှာလည်း moisture အနည်းငယ်ထည့်ပေးခြင်းဖြင့် စိုစိုလေးနဲ့ သက်တောင့်သက်သာရှိစေပါတယ်။

Moisture တကူးတက မလိမ်းချင်ဘူးဆိုရင် နေ့စဥ်လိမ်းတဲ့ skincare မိတ်ကပ်တွေနဲ့ ရောနှောလိမ်းလို့ရပါတယ်။

Ref: brightside

Comments

0 comments