Advertisement

ချစ်တို့ရေ ဘယ်အရာမဆို အလွန်အကျွံလုပ်ရင် မကောင်းတာမလို့ Skin care တဲ့အခါမှာလည်း သတိထားနော်။

Skin care ဆိုတာ care နိုင်လေ ကောင်းလေပဲလို့ တွေးထားတယ်မလား။ ဟုတ်ပါတယ် Skin care ဆိုတာ လုပ်နိုင်လေ ဂရုစိုက်နိုင်လေ ကိုယ့်အသားအရေအတွက် ကောင်းလေပါပဲ။ ဒါပေမယ့် ချစ်တို့ရေ ဘယ်အရာမဆို အလွန်အကျွံ မလုပ်သင့်ဘူးမလား။ တန်ဆေးလွန်ဘေးပေါ့။ Skin care တွေ ပိုလုပ်မိရင် ချစ်တို့မျက်နှာမှာ ဖြစ်လာမယ့်အရာတွေ ရှိပါတယ်။

‌ရေဓါတ်ခမ်းခြောက်လာမယ်

Skin care လုပ်တာတွေ အရမ်းအလွန်အကျွံ ဖြစ်လာရင် ကိုယ့်ရဲ့ မျက်နှာမှာ တင်းတင်းကြီးနဲ့ ခပ်ကြမ်းကြမ်း ဖြစ်လာတတ်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း စိုစိုအိအိလေး မဖြစ်တော့တဲ့ ခံစားချက်မျိုးပေါ့။ အဲဒါက မျက်နှာအသားအရေ ခြောက်လာသလိုမျိုးပါ။ မျက်နှာအသားအရေမှာလည်း သူ့ရဲ့ ရှိရမယ့် ရေဓါတ်ပမာဏ pH Level ဆိုတာ ရှိပါတယ်။ အသားအရေကို Skin care လုပ်တာတွေ  အလွန်အကျွံတွေ ဖြစ်လာရင် မျက်နှာအသားအရေမှာ ရှိရမယ့် pH Level  မညီမျှတာတွေ ဖြစ်ပြီး အသားအရေ ခပ်ခြောက်ခြောက်နဲ့ တင်းတင်းကြီး ဖြစ်လာပါလိမ့်မယ်။

Scrub နဲ့ Sheet Maskတွေ ခဏခဏ ကပ်တာ

ချစ်တို့ရေ မျက်နှာအသားအရေအတွက် ဆဲလ်သေတွေ ဖယ်ဖို့ Scrub လုပ်ရတာ မှန်ပေမယ့် ဆဲလ်သေတွေ ဖယ်ချင်ဇောနဲ့ အလွန်အကျွံ ခဏခဏ လုပ်လို့တော့ မရပါဘူး။ အဲဒီလိုပဲ  Sheet Mask တွေကိုလည်း နေ့တိုင်းကပ်ရမယ့်ဟာ မဟုတ်ဘဲ ကပ်တာမျိုး မလုပ်ပါနဲ့နော်။ ကိုယ့်ရဲ့ အသားအရေက အရမ်းနုလာပြီး အပြင်ထွက်တဲ့အခါ နေလောင်ဒဏ်တွေ ပိုခံရနိုင်ပါတယ်။

ဝက်ခြံတွေ အများကြီးထွက်လာတယ်

ချစ်တို့ရေ ဝက်ခြံတွေ သက်သာအောင် Skin care တွေ သုံးနေရင်းနဲ့ပဲ ဝက်ခြံတွေ ထွက်လာတာမျိုး ရှိတတ်ပါတယ်။ ကိုယ်သုံးတဲ့ ပစ္စည်းနဲ့ မတည့်လို့ ထွက်လာတာမျိုး မဟုတ်ဘဲ အဆီဖုလိုလို ဝက်ခြံလိုမျိုး ဖြစ်တာတွေပေါ့။ ကိုယ်သုံးတဲ့ ပစ္စည်းမှာ အမွှေးနံ့တွေ ပါတာမျိုးက အလွန်အကျွံသုံးမိရင် မျက်နှာမှာ ဝက်ခြံတွေ အပြုံလိုက် ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

https://www.donovitz.com/

အဖုလေးတွေ ထွက်လာတာ

ချစ်တို့ရေ Skin care တွေ လုပ်နေပါရက်နဲ့ အဆီဖုလည်း မဟုတ် ဝက်ခြံလည်း မဟုတ်ဘဲ အဆီဖုလေးတွေ ထွက်လာတတ်တယ်နော်။ ဒါဆိုရင် ကိုယ်က Skin care တွေ အလွန်အကျွံ လုပ်မိနေတတ်လားဆိုတာ ပြန်စဥ◌်းစားပါ။ လိုတာထက် ပိုပြီး လုပ်နေမိတယ်ဆိုရင် အသားအရေထိခိုက်ပြီး ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်သုံးတဲ့ ပစ္စည်းတွေတစ်ခုနဲ့ တစ်ခု အဆင်မပြေတာတွေ ဖြစ်နေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

Tags: beautyskin care

Comments

0 comments