Advertisement

ချစ်တို့ရေ အသားအရေခြောက်မှာ အသားပတ်မှာ ကြောက်တယ်ဆိုရင် စားရမယ့် အစားအစာနဲ့ ပေါင်းတင်နည်းတွေကို သိထားဖို့ လိုတယ်နော်။

ချစ်တို့ရေ  အသားအရေခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။  အသားအရေ ခြောက်လာပြီဆိုရင် အသားအရေ စိုပြေအောင် စားပေးရမယ့် အစားအစာတွေ ရှိသလို မျက်နှာအသားအရေအတွက် ပေါင်းတင်ပေးဖို့လည်း လိုအပ်ပါတယ်။  အသားအရေခြောက်သွေ့တာကို ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားလည်း ရတယ်နော် ချစ်တို့ရေ။

ကန်စွန်းဥ

ကန်စွန်းဥမှာ ပါဝင်တဲ့  vitamin A က အသားအရေ ခြောက်သွေ့တာကို သက်သာစေတဲ့အပြင် နေရောင်ခြည်ကြောင့် ခြောက်သွေ့တာကနေလည်း ကာကွယ်ပေးပါတယ်။ ကန်စွန်းဥမှာ ပါဝင်တဲ့ Antioxidant ကလည်း ပျက်စီးနေတဲ့ တစ်သျှူးတွေကို ပြန်လည်ကောင်းမွန်စေတာမို့ အသားအရေ ပြဿနာတွေ နည်းစေပါတယ်နော်။

အဆီပါတဲ့ငါး

ငါးမကြိုက်တဲ့သူ၊ ငါးမစားတဲ့သူလည်း အများသားနော်။ ဒါပေမယ့်လည်း အသားအရေခြောက်သွေ့တတ်တဲ့သူတွေဆိုရင်တော့ ငါးက မကြိုက်ရင်လည်း စားပေးရမယ့် အစားအစာတစ်မျိုးပါ။ အဆီပါတဲ့ငါးက အသားအရေ ခြောက်သွေ့တာတွေကို သက်သာစေမယ့် Omega Fatty Acid ပါဝင်တာမို့ စိုစိုပြေပြေ ဖြစ်စေဖို့ အစိုဓါတ်ကို ထိန်းပေးထားနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီး

ထောပတ်သီး

ထောပတ်သီးကြိုက်တတ်တဲ့ မိန်းကလေးတွေအတွက်တော့ ရှယ်ပဲနော်။ အသားအရေ ခြောက်သွေ့တာကို အစားအစာနဲ့ သက်သာချင်တယ်ဆိုရင်တော့ ထောပတ်သီး စားပေးဖို့ လိုပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ပြည့်ဝဆီက အသားအရေ စိုစွတ်စေဖို့ ထိန်းသိမ်းထားပေးတဲ့အပြင် နီရဲယောင်ရမ်းတာကိုလည်း လျော့ကျစေပါတယ်။ နောက်ပြီး Vitamin E လည်း ပါဝင်တာမလို့ အသားအရေ စိုပြေချောမွေ့စေပါတယ်။

ငှက်ပျောသီးMask

ငှက်ပျောသီးမှည့် တစ်ဝက်ကို ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်း ၊ သံလွင်ဆီ လက်ဖက်စားဇွန်း (၁) ဇွန်းရောထည့်ပြီး ချေလိုက်ပါ။ ပျစ်သွားပြီး မျက်နှာပေါ် တင်လို့ ရတဲ့အထိပေါ့။ မျက်နှာမှာ ခြောက်သွားတဲ့အထိ ကပ်ထားလို့ ရပါတယ်။ ပြီးမှ ရေအေးအေးနဲ့ ဆေးချပါ။ ငှက်ပျောသီးက အစိုဓါတ်ပေးနိုငတဲ့အပြင် အရေးအကြောင်း ဖြစ်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ပျားရည်နဲ့ သံလွင်ဆီကလည်း အစိုဓါတ်ပေးတာမို့ အသားအရေခြောက်တဲ့သူတွေအတွက် လုပ်သင့်တဲ့ Face mask တစ်မျိုးပါ။

ငှက်ပျောသီးMask

ငှက်ပျောသီးMask

ရှားစောင်းလပ်ပပ်Mask

 ရှားစောင်းလက်ပပ်ကလည်း တကယ်အစွမ်းထက်တာ သိထားပြီးသား မဟုတ်လားနော်။ အသားအရေခြောက်သွေ့တဲ့သူတွေအတွက် အကောင်းဆုံးပဲလေ။ ရှားစောင်းလက်ပပ်က ရေဓါတ်ဖြည့်ပေးတဲ့အပြင် ယားယံခြင်း၊ နီရဲခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ရှားစောင်းလက်ပပ်အတွင်းဂျယ်လ်အနှစ်ကို ပျားရည် လက်ဖက်စားဇွန်းတဝက်လောက်နဲ့ ရောစပ်ပြီး မျက်နှာမှာ သုတ်လိမ်းပါ။ ခပ်တင်းတင်းလေး ဖြစ်သွားမှ ရေအေးနဲ့ ဆေးချပါ။

ချစ်တို့ရေ အသားအရေခြောက်မှာ အသားပတ်မှာ ကြောက်တယ်ဆိုရင် စားရမယ့် အစားအစာနဲ့ ပေါင်းတင်နည်းတွေကို သိထားဖို့ လိုတယ်နော်။

Tags: beauty tipwinter

Comments

0 comments