Advertisement

ဘယ်လောက်အထိ စမ်းသုံးရမလဲ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာလည်း သိထားသင့်ပါတယ်။ ကိုယ်နဲ့ ဘယ်အချက်က ကိုက်ညီနေမလဲဆိုတာ ဖတ်ကြည့်ရအောင်

သုံးတော့ သုံးနေတာပဲ တည့်လား မတည့်ဘူးလား၊ ဆက်သုံးရမှာလား မသုံးရဘူးလား ဝေခွဲမရ ဖြစ်ရတဲ့ အချိန်တွေ ဖြစ်တတ်တယ်နော်။ ကိုယ်သုံးနေတဲ့ ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ တကယ်ကိုက်ညီလားဆိုတာမျိုး သိထားရမှာပါ။

ဝက်ခြံထွက်လာတာ

ဒါကတော့ မတည့်ဘူးဆိုတာ အသိသာဆုံး နည်းလမ်းတစ်ခုပါ။ Break out ချက်ချင်း ဖြစ်လာတာမျိုးပေ့ါ။ ဝက်ခြံတွေ တန်းပြီး ထွက်လာတာမျိုးဆိုရင် သုံးတာက ပြန်စဉ်းစားသင့်ပါပြီ။ အဲဒီဝက်ခြံကိုလည်း ညှစ်ပစ်တာ၊ ဆေးတွေလိမ်းလိုက်တာမျိုး မလုပ်ပါနဲ့။ Skin care သေချာပြန်သုံးဖို့သာ ကြိုးစားပါ။ မတည့်တာကိုတော့ လုံးဝဆက်မသုံးသင့်ဘူးနော်။

အဆီပြန်တာ ဒါမှမဟုတ် ခြောက်သွေ့လွန်းတာ

Skin care သုံးပြီးမှ အရင်ကထက် ပိုပြီးတော့ အဆီပြန်လွန်းတာ ဒါမှမဟုတ် ခြောက်သွေ့လွန်းတာတွေ ဖြစ်လာသလားလည်း စောင့်ကြည့်ရမှာပါ။ အဲဒီလိုမျိုး ပြဿနာတွေ ဖြစ်နေပြီဆိုရင်တော့ ဆက်ပြီးမသုံးတာ အကောင်းဆုံးပါ။ အဲဒီလို ဖြစ်လာတာက ဝက်ခြံထွက်တာ၊ ခြောက်သွေ့ပြီး မျက်နှာအသားအရေ ကြမ်းလာတာမျိုး ဖြစ်စေနိုင်တယ်နော်။

အဆီဖုလေးလိုမျိုး အစိလေးတွေ ထွက်လာတာ

Skin care သုံးပြီး ရက်နည်းနည်း ကြာတဲ့အခါ မျက်နှာမှာ အဆီဖုလေးတွေ ဖြစ်လာတာ၊ အဆီဖုမဟုတ်၊ ဝက်ခြံမဟုတ်ဘဲ အဖုသေးသေးလေးတွေ ဗြုတ်စိလေးတွေ ထွက်လာတာမျိုး ဖြစ်တတ်တယ်နော်။ အဲဒီလိုလေးတွေ အများစုက နဖူးနားတဝိုက်မှာ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ကိုယ်သုံးတဲ့ Skin care ကို နည်းနည်း ပြန်စစ်ကြည့်သင့်ပါပြီနော်။

 Skin care

မျက်နှာ​ယားယံတာ (photo: Beauty image of blond)

မျက်နှာ​ယားယံတာ

ကိုယ်သုံးတဲ့ Skin care က ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင် မျက်နှာမှာ နီရဲလာတာ၊ ယားယံလာတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တာကလည်း Skin care လိမ်းနေချိန်မှာ မဖြစ်ဘဲ လိမ်းပြီးနည်းနည်းကြာမှ ဖြစ်တာမျိုး ဖြစ်တတ်တယ်နော်။ ဒီတော့ အသစ်တစ်ခု သုံးပြီဆိုရင် သတိလေးနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။

 Skin care

ကိုယ်နဲ့မတည့်တဲ့ Skin care တွေ သုံးမိရင် (photo: https://www.elizabethgrady.com/)

မျက်နှာမှာ ဘာမှ မထူးခြားလာတာ

Skin care သုံးတယ်ဆိုတာ ကိုယ့်မျက်နှာအသားအရေ ပိုပြီးကောင်းအောင်လို့မလား။ အဲဒီလို မဟုတ်ဘဲ ဘာမှမထူးခြားလာဘူးဆိုရင်တော့ ဒီပစ္စည်းနဲ့ ကိုယ်နဲ့ ကိုက်သလားဆိုတာ စဉ်းစားရမှာပါ။ အကျိုးအာနိသင်က ချက်ချင်းကြီး မပြတတ်ပေမယ့် တဝက်လောက် သုံးပြီးတဲ့အထိ ကောင်းလာတယ်လို့ မခံစားရဘူးဆိုရင် ပြောင်းသုံးတာမျိုး လုပ်သင့်တယ်နော်။

ဘယ်အချိန်မှာ ရပ်ရမလဲ

ချစ်တို့ရေ တပတ်လောက်တော့ အစမ်းသုံးကြည့်ပါ။ ဒါပေမယ့် မျက်နှာမှာ မတည့်တဲ့ ပစ္စည်းတွေ သုံးမိပြီး အပေါ်မှာ ပြောပြထားတဲ့ အချက်တွေ ဖြစ်လာပြီဆိုရင် သိသိချင်းရပ်ပါ။ တပတ်လောက် စမ်းကြည့်ပြီး purging ဖြစ်တာမျိုးလည်း ရှိတတ်တာမလို့ ကိုယ့်မျက်နှာက မတည့်တာလား purging ဖြစ်တာလားဆိုတာတော့ သေချာသိဖို့တော့ လိုပါတယ်။

ချစ်တို့ရေ ကိုယ်နဲ့ မတည့်တဲ့ Skin care တွေ  ဆက်မသုံးမိအောင် ဂရုစိုက်လို့ ရမယ့်အချက်လေးတွေ သိထားပေနော််။

Tags: advicebeautyskin care

Comments

0 comments