Advertisement

ကိုယ်တိုင်ချွေးပေါက်ကျယ်လာဖို့ လုပ်မိနေတတ်တဲ့ အချက်တွေ ရှိတာမို့ ရှောင်လို့ရအောင် ဖတ်ထားဖို့ လိုတယ်နော်။

 

ချွေးပေါက်ကျယ်ကျယ်ကြီးတွေကြောင့် စိတ်ညစ်နေပြီလား။ ချွေးပေါက်ကျယ်ကျယ်ကြီးတွေ ရှိနေရင် မိတ်ကပ်လိမ်းတဲ့အခါပဲ ဖြစ်ဖြစ်၊ ဘာမှမလိမ်းဘဲ ပေါ့ပေါ့ပါးပါး နေရင်ပဲဖြစ်ဖြစ် ကြည့်မကောင်းတတ်ဘူးလေနော်။ ချွေးပေါက်တွေ ရှိနေရင် အဆီိပြန်တာတွေ၊ အဆီဖု ဖြစ်လာတာတွေ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီးမို့ ချွေးပေါက်ကျယ်ကျယ်တွေ မရှိအောင် နေရမှာပါ။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုတွေက ချွေးပေါက်တွေ ပိုကျယ်လာအောင် တွန်းပို့နေတတ်တယ်လေ။ ဘယ်လို အချက်တွေ ဖြစ်မလဲ ဖတ်ကြည့်ရအောင်။

Sunscreen

ချွေးပေါက်ကျယ်ကျယ်ကြီးတွေ မဖြစ်ချင်ဘူးဆိုရင် Sunscreen အဆင့်ကို ကျော်ခဲ့လို့ မရဘူးနော်။ နေရောင်ခြည်တွေ မျက်နှာအသားအရေကို တိုက်ရိုက်ထိရောက်မယ်ဆိုရင် မျက်နှာမှာရှိတဲ့ ကော်လဂျင်တွေ လျော့စေပြီး ရေဓါတ်ခမ်းခြောက်မှုလည်း ဖြစ်စေတာမို့ ချွေးပေါက်တွေ ပိုကျယ်လာစေနိုင်ပါတယ်။ တခြားSkin care တွေ ကျော်ခဲ့ရင်တောင် Sunscreen တော့ မမေ့လိုက်ပါနဲ့။

မိတ်ကပ်ခဏခဏ ဖို့တာ

ချစ်တို့ လုပ်လေ့ရှိတယ်မလား တို့ဖတ်လေးနဲ့ မျက်နှာကို ခဏခဏ မိတ်ကပ်တွေ ဖို့လိမ်းနေမိတာလေ။ ဒီလို လုပ်တာက ချွေးပေါက်ကျယ်စေတဲ့ အပြုအမူ တစ်ခုနော်။ မိတ်ကပ်တွေ တောက်လျှောက် ဖို့ထားတာက အဆီနဲ့ ချွေးတွေထွက်စေဖို့ ပိတ်ဆို့ထားသလို ဖြစ်ပြီး အတွင်းပိုင်းမှာ ချွေးပေါက်ကျယ်ဖို့ ဖန်တီးနေသလိုပါပဲ။ မိတ်ကပ်တွေကြောင့် အသားအရေက အောက်ဆီဂျင် ကောင်းကောင်းမရဘဲ ပိုဆိုးသွားအောင် မိတ်ကပ်အလွှာတွေ ဖန်တီးသလို ဖြစ်နေမှာပါ။

Exfoliation

ခုနောက်ပိုင်းမှာ exfoliation လုပ်တာတွေ အရမ်းခေတ်စား လာပါပြီ။ မိန်းကလေး တော်တော်များများလည်း လုပ်ကြတာမို့ သတိထားရမယ့် အချက်လေးတော့ သိထားသင့်တယ်နော်။ exfoliation လုပ်တာက မျက်နှာပေါ်က အညစ်အကြေးတွေ ဖယ်ရှားပေးတာမို့ လုပ်သင့်တာ မှန်ပေမယ့် တစ်ပတ်ကို (၂) ကြိမ်လောက်ဆိုရင် လုံလောက်ပါပြီ။ ခဏခဏ လုပ်တာ အသားအရေ ခြောက်သွေ့လာပြီး ချွေးပေါက်တွေ ပွင့်စေပါတယ်။ မျက်နှာပေါ်က သဘာဝအဆီတွေ မရှိတော့ဘဲ အပြင်က ဖုန်မှုန့်တွေ ပိုဝင်ပြီး ချွေးပေါက်တွေ ပိုကျယ်လာနိုင်ပါတယ်။

ဝက်ခြံတွေ လက်နဲ့ညှစ်တာ

ချွေးပေါက်တွေ ကျယ်အောင် လုပ်မိနေတတ်တဲ့ အချက်တွေထဲမှာ ဝက်ခြံတွေကို လက်နဲ့ညှစ်တာတွေလည်း ပါတယ်နော်။ ဝက်ခြံညှစ်တာက အမာရွတ် ဖြစ်စေရုံတင်မကဘဲ ဝက်ခြံအဆံထွက်လာပြီးနောက် ကျန်ခဲ့တဲ့ အပေါက်ထဲမှာ ဖုန်မှုန့်တွေ ဝင်တာက ချွေးပေါက်အကျယ်ကြီးတွေ ဖြစ်စေတယ်နော်။

အဆီစုပ်စက္ကူတွေ သုံးလွန်းတာ

မျက်နှာမှာ အဆီလေးတွေ နည်းနည်း ရှိလာပြီဆိုရင် အဆီစုပ်စက္ကူလေးနဲ့ သုတ်လိုက်ရမှ ကျေနပ်တယ်မလား။ အဆီစုပ်စက္ကူ သုံးလွန်းတာက အဆီတွေ စုပ်ယူသွားလို့ အသားအရေအတွက် ကောင်းတယ်လို့ ထင်ရပေမယ့် မျက်နှာအသားအရေက အဆီနည်းနည်းတော့ လိုအပ်ပါတယ်နော်။ လုံးဝခြောက်သွေ့သွားတာက ချွေးပေါက်တွေ ပိုကျယ်လာစေနိုင်ပါတယ်။

 

Tags: beauty tippores

Comments

0 comments