Advertisement
မေမေ၊ဖွားဖွားတို့ရဲ့ လက်ဖမိုးပေါ်က အမဲစက်တွေ ပျောက်အောင် ဘယ်လိုကုမလဲ

Sunscreen ကတော့ မျက်နှာ၊ လက်နဲ့ ခြေထောက် အမဲစက်တွေမဖြစ်အောင် ကာကွယ်ပေးတဲ့ skin care ပစ္စည်းဖြစ်ပြီး လူငယ်တွေအတွက်တင်မက ဖိုးဖိုးဖွားဖွားတွေအထိ လိုအပ်ပါတယ်။

ကိုယ့်အဒေါ်တွေ၊ အန်တီကြီးနဲ့ ဖွားဖွားတွေရဲ့ လက်ဖမိုးပေါ်မှာ အမဲစက်အကွက်လေးတွေ အမြောက်အများရှိနေတတ်ပြီး ဘာအန္တရာယ်မှ မပြုတာကိုလည်း သတိထားမိမှာပါ။ တချို့ကလည်း အသက်ကြီးတဲ့ လက္ခဏာတစ်ခုအနေနဲ့ သတ်မှတ်ထားပြီး ပျောက်ကင်းအောင် ကုသမှုမျိုး မလုပ်ကြပါဘူး။ အထူးသဖြင့် အသားလတ်၊ အသားဖြူတဲ့ အသားအရေပိုင်ရှင်တွေမှာ ပိုပြီး ထင်ထင်ရှားရှားတွေ့ရပါတယ်။

ဖြစ်ခါစမှာ အမဲစက် အသေးလေးတွေသာဖြစ်ပြီး တဖြည်းဖြည်းကြီးလာကာ အမဲစက်အကွက်တွေ ဖြစ်ပေါ်လာတယ် (photo by prevention)

ဘာကြောင့် ဒီလိုအကွက်တွေ ထွက်လာတာလဲ

အသည်းပြဿနာ၊ နေရောင်ခြည်နဲ့ နေရောင်ခြည်ထွက်တဲ့ ပစ္စည်းတွေကို အလွန်အကျွံ့အသုံးပြုတာနဲ့ မီးအပူနဲ့ အမြဲတမ်းထိတွေ့တာကြောင့်လည်း အမဲစက်အကွက်တွေအများဆုံး ဖြစ်ပေါ်လာတယ်။ ခရမ်းလွန်ရောင်ခြည်တွေက လူသားတွေရဲ့ အရေပြားဆဲလ်များကို melanin (အရေပြားအရောင်ခြယ်ပစ္စည်း) ဓါတ် အရှိန်အဟုန်မြင့်စွာ လုပ်ထုတ်ဖို့ လှုံ့ဆော်စေတာကြောင့် အသားအရေနီမြန်းလာပြီး နောက်ပိုင်းမှာ အမဲစက်တွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်ခါစမှာ အမဲစက် အသေးလေးတွေသာဖြစ်ပြီး တဖြည်းဖြည်းကြီးလာကာ အမဲစက်အကွက်တွေ ဖြစ်ပေါ်လာတယ်။

အဲဒါကြောင့် ဘယ်အသက်အရွယ်မဆို sunscreen အမြဲလိမ်းဖို့ အလွန်အရေးကြီးတယ်။ Sunscreen ဆိုတာ လူငယ်တွေအတွက်တင်မကပါဘူး လူကြီးတွေအပါအဝင် ဖိုးဖိုးဖွားဖွားတွေအထိ လိမ်းရမယ့် skin care ပစ္စည်းတစ်ခုပါ။ အများစုက sunscreen လို့ပြောလိုက်ရင် မျက်နှာလိမ်းတဲ့ အလှကုန်ပစ္စည်းတစ်ခုလို့ ပြေးမြင်ကြတယ်။ တကယ်တော့ sunscreen က အဝတ်အစားမဖုံးတဲ့နေရာမှန်သမျှ (လည်ပင်း၊ လက်၊ ခြေထောက်) လိမ်းဖို့လိုအပ်ပါတယ်။ လည်ပင်း၊ လက်နဲ့ ခြေထောက် လိမ်းဖို့ အချိန်မပေးနိုင်ရင် sunscreen spray ကို ဖြန်းပေးပါ။ Sunscreen ကတော့ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေ အမဲစက်တွေမဖြစ်အောင် ကာကွယ်ပေးတဲ့ skin care ပစ္စည်းပါ။

အများစုကတော့ အချိန်တိုတိုအတွင်း အမဲစက်တွေ အမြန်‌ပျောက်ကင်းနိုင်တဲ့ လေဆာကုထုံးကို ရွေးချယ်ကြတယ် (Photo by EUCERIN)

ပေါ်လာတဲ့ အမဲစက်တွေကို ပျောက်ကင်းအောင် ဘယ်လိုကုကြမလဲ

အရေပြားတခြားပြဿနာတွေထက် ဒီအမဲစက်က ပျောက်အောင်ကုဖို့ ပိုခက်တယ်။ အချိန်ပေးရသလို စိတ်ရှည်ရတယ်။ နေ့တိုင်းလိမ်းပေးရမယ်။ အမဲစက်တွေပျောက်အောင် ဒီ ingredients ပါတဲ့ creams နဲ့ serums ကို ရွေးချယ်သုံးပါ။

  • Hydroquinone
  • Tranexamic acid
  • Glycolic acid
  • Kojic acid
  • Licorice root extract
  • Niacinamide
  • Vitamin C

Chemical Peeling

Chemical Peeling ဆိုတာ အသားအရေရဲ့ အပေါ်ယံအလွှာကို အက်ဆစ်တစ်မျိုးနဲ့ လောင်ကျွမ်းစေတာပါ။ အပေါ်ယံအလွှာကြွေကျသွားတာနဲ့ ပိုမိုကျန်းမာတဲ့ အသားအရေအလွှာတစ်ခုပေါ်လာပါတယ်။ အမဲစက်ရှိတဲ့သူတွေအနေနဲ့တော့ အမဲစက်ရဲ့အတိမ်အနက်နဲ့ အရွယ်အစားပေါ်မူတည်ပြီး လုပ်ရမယ့် အကြိမ်အရေအတွက် ကွဲပြားနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ အသားအရေခြောက်တာနဲ့ အရေခွံကွာတာတွေ ကြုံရတတ်တယ်။

လေဆာ

အများစုကတော့ အချိန်တိုတိုအတွင်း အမဲစက်တွေ အမြန်‌ပျောက်ကင်းနိုင်တဲ့ လေဆာကုထုံးကို ရွေးချယ်ကြတယ်။ အချိန်အများကြီး ပေးစရာမလိုတဲ့အပြင် အမြန်ပျောက်ကင်းနိုင်တာက လေဆာရဲ့အားသာချက်ပါ။ ရလာဒ်ကို ချက်ချင်းသိနိုင်တာကြောင့်လည်း သဘောကျသူများပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

အမဲစက်ပျောက်ကင်းနိုင်တဲ့ တခြားနည်းလမ်းတွေနဲ့ အများကြီးရှိတာကြောင့် ကျွမ်းကျင်တဲ့ အလှအပပညာရှင် ဒါမှမဟုတ် အရေပြားဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

Ref: prevention

Comments

0 comments