Advertisement

ကိုယ့်မှာရှိတဲ့ မိတ်ကပ်ပစ္စည်းတွေနဲ့ပဲ အသုံးပြုပြီး  အချိန်အများကြီးမလိုဘဲ အလှပြင်လို့  ကိုယ့် Instagram မှာ အမိုက်စားပုံလေးတွေ တင်လို့ရပြီနော်

INSTAGRAM

2020 ကတော့ စီစဉ်ထားသလိုတော့ ဖြစ်မလာခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ချစ်တို့တွေ အိမ်ထဲမှာပဲနေနေရင်း လုပ်လို့ရနေတဲ့အထဲကမှ တစ်ခုကတော့ မိတ်ကပ်အကြောင်းပေါ့။ အခုချိန်ကတော့ ကိုယ်လိမ်းနေကျ ၊ ပြင်ဆင်နေကျ မဟုတ်တဲ့ မိတ်ကပ်ပုံစံအသစ်အဆန်းလေးတွေကို ပြင်ဆင်ဖို့အချိန်ကောင်းပါပဲ။ ကိုယ့်မှာရှိတဲ့ မိတ်ကပ်ပစ္စည်းတွေနဲ့ပဲ အသုံးပြုပြီး  အချိန်အများကြီးမလိုဘဲ အလှပြင်လို့  ကိုယ့် Instagram မှာ အမိုက်စားပုံလေးတွေ တင်လို့ရပြီနော်။

ဒါကြောင့် လအတော်ကြာလိုက်ပြီး ရှာဖွေစုဆောင်းထားတဲ့ အနုပညာရှင်တွေ၊ မိတ်ကပ်ပညာရှင်တွေ beauty guruတွေဆီကနေ 2020အတွက် အိမ်မှာနေရင်း အမိုက်စားပြင်ဆင်ချယ်သနိုင်မယ့် ပုံစံ(၁၅ မျိုးကို မျှဝေပေးလိုက်ပါတယ်နော်။ ကိုယ့်ပုံလေးတွေလည်း ဓါတ်ပုံရိုက်ပြီးတင်ရင်း ဒီ 2020 makeup trends ထဲမှာပါဝင်စီးမျောကြည့်ပါဦး။

This Colorful Lower-Liner Makeup Trend

View this post on Instagram

🎨 @jessikabvillegas // #makeup #hair

A post shared by Brittany Sullivan (@brittsully) on

အမြဲတန်း မျက်တောင်အပေါ်မှာခြယ်မယ့်အစား မျက်တောင်အောက်ဘက်ကိုပါ ခြယ်ကြည့်ပါ။ အပေါ်ဘက်နဲ့အရောင်တူ ဒါမှမဟုတ် နည်းနည်းဖျော့တဲ့အရောင်ကို အောက်မျက်ခမ်းတစ်လျှောက်မှာ ခြယ်ကြည့်ပါ။ ကိုယ့်ရဲ့ အသွင်အပြင်ကို ခပ်မိုက်မိုက်လေးအဖြစ် ပြောင်းလဲပေးမယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါပဲ။

 This Animal-Print Eye shadow Trend

View this post on Instagram

what’s good

A post shared by sydney lynn (@sydneylcarlson) on

ကိုယ်က တောရိုင်းတိရိစာန်လေးတွေ ၊ ကြောင်လေးတွေချစ်တတ်သူဆိုရင်တော့ ဒီမိတ်ကပ်အပြင်အဆင်လေးကို သဘောကျမှာပါ။ ပုံမှာတွေ့ရတဲ့အတိုင်း တီထွင်ဖန်တီးမှုအပြည့်နဲ့ အမိုက်စားအသွင်အပြင်လေးဖြစ်နေတာ ငြင်းမရဘူးနော်။ တစ်ခုပဲ – ဒီမိတ်ကပ်ချယ်သပုံက သေသေချာချာလေးအချိန်ပေးပြီး ပြင်ဆင်ရတာကြောင့် မိတ်ကပ်လိမ်းခါစသူဆိုရင်တော့ ဒီလိုပုံလေးရဖို့ အချိန်များများလေးယူဖို့ အကြံပြုလိုပါတယ်နော်။

This Glossy Eye shadow Trend

အိုင်းရှဲဒိုးပေါင်ဒါမှုန့်တွေ ခေတ်မဟုတ်တော့ဘူးနော်။ 2020 makeup trend တဖြစ်လဲ glossy lids က ဆွဲဆောင်မှုရှိတဲ့ အသွင် smokey eye တွေဖန်တီိးပေးဖို့ ဖြစ်လာပါပြီ။ eye gloss ကို မျက်တောင်တလျှောက် အစက်ကလေးတွေချပြီး လက်ချောင်းလေးတွေအသုံးပြုပြီး blend လုပ်ရင်း ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းအလှလေးကို ဖန်တီးနိုင်ပါပြီ။

 This Bright Mascara Makeup Trend

သုံးနေကျ mascara အမည်းရောင်တွေကို ချန်ထားခဲ့လိုက်တော့နော်။ အခုချိန်ကတော့ မျက်တောင်တွေအတွက် အရောင်ရင့်တွေနဲ့ mascara တွေပြောင်းလဲချယ်နိုင်ပါပြီနော်။ ပုံထဲကလို ပန်းရောင်ရင့် mascara မကြိုက်ရင်လည်း deep-blue လိုအပြာရင့်ရင့်၊ အစိမ်းရောင်စတာတွေနဲ့ ခြယ်သနိုင်ပါတယ်။ စစတွေ့ချင်းသာမန်လိုပဲဆိုပေမယ့် နှစ်ခါပြန်ကြည့်ရမယ့် မိတ်ကပ်ခြယ်သမှုပါပဲ။

This Neon Makeup Trend

အကုန်လုံးက ကိုယ်ကြိုက်တဲ့မိတ်ကပ် ကိုယ့်ဘာသာလိမ်းပြီးကျေနပ်နေတာတောင်  Instagram news feed မှာ neon trend လေးပေါ်လာရင်လည်း ပြင်ချင်နေဦးမှာပါပဲ။ မျက်တောင်တစ်ခုလုံးကို neon shadow တင်မယ့်အစား မျက်ဝန်းထောင့်စွန်းမှာပဲ နည်းနည်းနဲ့ လတ်ဆက် တက်ကြွတဲ့ အသွင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒိအစား မျက်တောင်တစ်ခုလုံးပေါ်တင်ပြီး မျက်လုံးထောင့်စွန်းမှာ ထင်းထင်းလေးဖြစ်အောင်ခြယ်လိုက်ရင် အရောင်ဆန်းနဲ့ ပုံစံတစ်မျိုးကိုတွေ့ရမှာ ဖြစ်ပါတယ်။

This Pink Lip Makeup Trend

အနီရောင်နှုတ်ခမ်းနီအစား အခု 2020 makeup trend မှာတော့ တောက်ပနေတဲ့ ပန်းရောင်နှုတ်ခမ်းနီလေးကို ပြောင်းလဲ ဆိုးဖို့အချိန်ပါပဲ။ ဘယ်လိုပန်းရောင်ကို ရွေးရမလဲ မသိဘူးဖြစ်နေပြီလား။ အကောင်းဆုံးကတော့ အပြာရောင်ရေးရေးလေး သန်းနေတဲ့  ပန်းရောင်တောက်တောက် ကိုရွေးပါ။ အဲ့ဒိ့အရောင်က လူတိုင်းနဲ့ အသင့်တော်ဆုံးပါ။ ပန်းရောင်ဆိုးရတာ နည်းနည်းအဆင်မပြေသေးရင် matte lipstick အမျိုးအစားကိုရွေးချယ်ပါ။

 This Floating Eyeliner Makeup Trend

Eyeliner ကမျက်ခွံပေါ်ကလိုင်းမှာ အတူတူဆွဲနေစရာ မလိုတော့ပါဘူး။ liner အရောင်ကတော့ 2020 makeup trend ထဲကအရောင်ကိုပြန်ပြီး ဖန်တီးထားတဲ့ အရောင်နဲ့ ပုံမှာ မြင်ရတဲ့အတိုင်း floating liner look ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အမြဲတန်းမြင်နေကျပုံစံကနေ ကွဲထွက်လာတဲ့ ခပ်မိုက်မိုက်ကောင်မလေးအသွင်ကို တွေ့ရမှာ ဖြစ်ပါတယ်။

This Watercolor Makeup Trend

View this post on Instagram

@hunterschafer

A post shared by Ruben Chamorro (@rubcha) on

ပန်းချီအနုပညာရှင်တွေအသုံးပြုတဲ့ watercolor ပုံစံခြယ်သမှုကလည်း 2020 makeup trend ထဲမှာလည်း အလှဆုံးလို့တောင်ပြောလို့ရပါတယ်။ ဒါအပြင်တစ်ရောင်တည်းလည်း သုံးစရာ မလိုဘဲ မျက်လုံးအတွင်းပိုင်းအတွက်တစ်ရောင်၊ မျက်ခွံအပေါ်ဘက်အတွက်တစ်ရောင် မျက်တောင်အစွန်းပိုင်းအတွက် တစ်ရောင် အသုံးပြုပြီး blend လုပ်လိုက်တဲ့အခါ အခုလိုအရောင်စပ်ထားတဲ့ လှပတဲ့အသွင်လေးရရှိမှာဖြစ်ပါတယ်။

This Structured Brow Makeup Trend

မျက်ခုံးမွှေးပုံမသွင်းတာ ဘယ်လောက်ကြာခဲ့ပြီလဲ သိရဲ့လား။  အိပ်ယာနိုးစ မျက်ခုံးအလှဆိုတာတွေ ထားခဲ့လိုက်တော့နော်။ အခုတော့ 2020 makeup trend မှာ မျက်ခုံးမွှေးကတော့ သပ်ရပ်တိကျပြီး ပုံသွင်းထားတဲ့ မျက်ခုံးတွေခေတ်ရောက်ပါပြီ။ clear brow gel ကိုအသုံးပြုပြီး ပုံမှာတွေ့ရသလို မျက်ခုံးမွှေးကို ပုံသွင်းလိုက်ပါတော့နော်။

 This Pastel Eyeliner Makeup Trend

Neon eyeliner အလှည့်ပြီးသွားရင် pastel eyeliner လို့ဆိုတဲ့ ပန်းရောင်ဖျော့ဖျော့အရောင်လေးနဲ့ ပန်းပွင့်လွှာ အဖတ်လေး အသွင်ကလည်း Instagram မှာ ကိုယ့်ကို လူကြိုက်များစေမယ့် အသွင်လေးပါ။ ကိုယ်ပုံမှန်ပြင်ဆင်ထားတဲ့ မျက်လုံးအလှပေါ်မှာမှ အရောင်ဖျော့လေးတစ်ချက်တင်ပြီး လွယ်လွယ်နဲ့ မြန်မြန်ဆန်ဆန် ပုံစံပြောင်းနိုင်တာဖြစ်ပါတယ်။

This Bedazzled Eye Makeup Trend

View this post on Instagram

#Repost @imagebyella . ⚜️ornate⚜️ hair & makeup by me on me #bts product details: Skin: @pixibeauty glow tonic @cetaphiluk daily defence moisturiser spf 50+ Pure macadamia nut/almond/argan oil diy blend @weledauk skin food Base: @glossier skin tint – dark and deep @narsissist radiant creamy concealer – ginger @illamasqua gel sculpt – silhouette @narsissist Blush – Amour @narsissist Bronzing Powder – Casino @delilahcosmetics pure touch micro-fine loose powder – translucent @bennyemakeup translucent face powder – topaz @maccosmeticsuk prep + prime fix+ – goldlite Eyes: @patmcgrathreal mothership palette v: bronze seduction – astral luna gold @duoadhesive eyelash glue – clear @eyeko mascara – black magic gems from @ebay seller: trudyspanish Eyebrows: @nyxcosmetics_uk micro brow pencil – black @glossier boy brow – clear Lips: @maccosmeticsuk lip pencil – spice @fentybeauty gloss bomb – fu$$y Hair: @ecostyle_uk olive oil styling gel . #makeuplooks #mua #makeupartist #editorialmakeup #theartistedit

A post shared by The Artist Edit (@theartistedit) on

ဒီEuphoria makeup effect ကလည်း ၂၀၂၀ မှာရှိနေဆဲပါပဲ။ တစ်ခါမှမပြင်ဆင်ဖူးရင် အခုချိန်က ပြင်ဆင်ကြည့်ဖို့ အချိန်ပါပဲ။ ရွှေရောင်အလှဆင်သံမှိုလေးတွေကို မျက်ခွံပေါ်ကပ်ပါ။ မျက်ခွံအပေါ်မှာ ပုံထဲကလို အများကြီးတပ်ရမှာ မရဲသေးရင် မျက်လုံးထောင့်စွန်းနားမှာ တစ်ခု၊ နှစ်ခု စပြီး အလှဆင်တာကနေ စတင်ပါ။

This Subtle Lip Stain Makeup Trend

နှုတ်ခမ်းအရောင်ကို အရောင်တောက်တောက်ကြီး အမြဲတမ်း ဆိုးနေစရာ မလိုပါဘူး။ သက်သေပြတဲ့အနေနဲ့ lip stain တွေက 2020 makeup trend ထဲပါလာပြီ ဖြစ်ပါတယ်။ Lip stains က နှုတ်ခမ်းသားကိုစွတ်စိုစေပြီး နူးညံ့ပြီးဆွဲဆောင်မှုရှိတဲ့အသွင်လည်းပေါ်စေပါတယ်။

 This Mismatched Eye shadow Makeup Trend

ကိုယ်ကပုံမှန်မဟုတ်ဘဲ ဆန်းဆန်းပြားပြားလေးပြင်ရတာ ကြိုက်တဲ့သူဆိုရင် ဒီ trend က အသင့်တော်ဆုံးပါပဲ။ eye shadow တစ်ရောင်တည်းအစား မတူညီတဲ့ အရောင်ကို မျက်လုံးတစ်ဖက်ချင်းစီအတွက် ခြယ်ကြည့်တာမျိုးပေါ့။ ပုံမှာပြထားသလို အပြာနဲ့ လိမ္မော်စတဲ့ မတူညီတဲ့အရောင်လေးကို ထင်းထင်းတောက်တောက်လေးခြယ်ထားတော့ အမြင်တမျိုးနဲ့ ဆွဲဆောင်မှုရှိစေတဲ့ ပုံလေးဖြစ်စေမှာပါ။

This Red Smokey Eye Makeup Trend

အမည်းရောင် smokey eye ကို အထက်တန်းကျောင်းကတည်းက ပြင်ဆင်လာတာဘယ်လောက်ကြာခဲ့ပြီလဲ။ အရောင်ရင့်တွေသွားတဲ့အထဲမှာမှ တောအုပ်အစိမ်းရောင်လို navy blue အပြာလေးတွေအပြင် ပတ္တမြားအရောင်တောက်နေတဲ့ အနီရောင်ရဲရဲလေးကလည်း 2020 ruby-red smokey eye ပုံစံလေးကို ပြင်ဆင်ကြည့်လိုက်ပါဦးနော်။

 This Pink Blush Makeup Trend

ပန်းရောင်ပါးနီလေးက 2020 makeup trend ထဲမှာ နောက်ဆုံးအနေနဲ့ ပါဝင်လာပါပြီ။ ပန်းရောင်တောက်တောက်ကလေးကနေ glow ဖြစ်နေတဲ့အသွင်ထိပြောင်းလဲခြယ်သတဲ့အသွင်ပါ။ ပန်းရောင်ပါးနီကို ပါးအို့ပေါ်တွင်မကပဲ ပါးရိုးတစ်လျှောက်ကနေ မျက်ခုံးအောက်ထိ အရမ်းမိုက်ပြီး glow နေတဲ့အသွင်ကို ဖန်တီးလိုက်ပါနော်။

REF: https://www.cosmopolitan.com/style-beauty/beauty/g29892877/makeup-trends-2020/

Comments

0 comments
Advertisement