Advertisement

ညအိပ်ယာမ၀င်ခင် အသားအရေ ထိန်းသိမ်းတဲ့အဆင့်တွေကို သိကောင်းသိနေပြီ ဖြစ်ပေမယ့် သတိမထားမိတဲ့ အချက်တွေလည်း ရှိနေမှာပါ။

Photo : iStock

ငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အသားအရေကိုပထမဆုံးအနေနဲ့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ညအိပ်ယာမ၀င်ခင် အသားအရေ ထိန်းသိမ်းတဲ့အဆင့်တွေကို သိကောင်းသိနေပြီ ဖြစ်ပေမယ့် သတိမထားမိတဲ့ အချက်တွေလည်း ရှိနေမှာပါ။ ဒီတော့ တစ်ညတည်းနဲ့ ငယ်ရွယ်နုပျိုမှုတွေကို ဘယ်လိုပြန်လည်ရယူမလဲဆိုတာ ဖတ်ကြည့်ပေးပါဦး။

Photo : Shutterstock

Double Cleansing

Double cleansing လုပ်ဖို့ပြောရင် လွယ်လွယ်ကူကူနားစွဲလည်ပေမယ့် ကိုယ့်မျက်နှာကို နှစ်ခါတိုင်တိုင် သန့်စင်ထားတာထက် ပိုပြီးတိကျသေချာတဲ့ အချက်လေးတော့ရှိပါတယ်။ double cleansing လုပ်ခြင်းရဲ့ အဓိကအချက်မှာ မျက်နှာအတွက် မတူညီတဲ့ cleansers နှစ်မျိုးသုံးပြီးတော့ တစ်မျိုးက oil-based ဖြစ်ပြီး နောက်တစ်မျိုးက water-based ဖြစ်ပါတယ်။ မလိုအပ်ဘူးထင်ရပေမယ့် ကိုယ်ကနေ့တိုင်း မိတ်ကပ်လိမ်းနေတဲ့သူုဆိုရင်တော့ အကုအညီရပါတယ်။

Double cleansing ကမိတ်ကပ်တွေအကုန်လုံးကို ‌သေချာဖျက်ပေးပြီး ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိစေရန် ထောက်ပံ့ပေးပါတယ်။ အရေပြားနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ဦးဖြစ်သူ Dendy Engelman က မိတ်ကပ်မဖျက်ဘဲအိပ်စက်ခြင်းဟာ အသားအရေကို ပြန်လည်ထိန်းသိမ်းပေးတာတွေ လျော့နည်းစေသလို ၊ အသားအရေကို ကြမ်းတမ်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရောိခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်။

Photo : Shutterstock

oil-based cleanser ဆိုရင်  တစ်နေ့တာလုံး မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးတွေ ၊ အရေပြားပေါ်ကဆဲလ်အသေတွေ ၊ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်။ ပြီးမှ အသားအရေကို ပိုမိုသန့်စင်စေတဲ့ water-based cleanser နဲ့ နောက်တစ်ခေါက်မျက်နှာတပ်သစ်ခြင်းဖြင့် သန့်စင်ကြည်လင်တဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Comments

0 comments
Advertisement